သီပေါမြို့နယ်မှ သီရိမင်္ဂလာဘုန်းကြီးကျောင်း မီးလောင်

သီပေါမြို့နယ်မှ သီရိမင်္ဂလာဘုန်းကြီးကျောင်း မီးလောင်

 ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ နောင်တော်ကြီးကျေးရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၃ ခုနှစ် မေလ (၄)ရက်နေ့၏ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း နေ့လယ် (၁၂)နာရီဝန်းကျင်တွင် မီးသတ်က သတင်းရရှိပြီး သွားရောက်ငြှိမ်းသတ်ရာ တစ်နာရီဝန်းကျင်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ သီပေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နမ့်လန်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပန်ညုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နောင်ကော်ကြီးအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသေးပါ။

 

Photo: SSPP info