ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအတွက် ဆန်ဖိုးငွေ ဒုတိယအကြိမ် ထောက်ပံ့

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအတွက် ဆန်ဖိုးငွေ ဒုတိယအကြိမ် ထောက်ပံ့
အောက်တိုဘာ 15, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအတွက် ဆန်ဖိုးငွေ ဒုတိယအကြိမ် ထောက်ပံ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့သည့် ဆန်ဖိုးငွေ  (၄၂) သိန်းကျော်ကို တိုက်ပွဲရှောင်ကော်မတီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် လွှဲပြောင်းပေးသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် (၃,၀၀၀) ကျော်အနက်မှ ဒုတိယအကြိမ် ထောက်ပံ့ရန် ကျန်ရှိနေသော လူဦးရေ (၂၀၁၄) ဦးအတွက် ဆန်ဖိုးငွေ (၄၂) သိန်းကျော်ကို ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်က ကျောက်မဲမြို့နယ်တိုက်ပွဲရှောင်ကော်မတီသို့ နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လွှဲပြောင်း‌ပေးအပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS/SSA တို့အကြား အောက်တိုဘာလ (၂) ရက်နေ့မှစ၍ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောင်ထိပ်၊ ပုံဝိုး‌၊ နားဆောင်း၊ ကောင်းလန်း-ခဲရှင် ၊ နောင်ကွမ်၊ ဟဲကွီ၊ ဟိုနမ့်၊ ကွမ်ဟင်၊ နားအွမ်၊ ကောင်းမူးခံစသည့်ကျေးရွာ (၁၀) ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဒေသခံ ပြည်သူ (၃၂၅၅) ဦး စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
စစ်ဘေးရှောင်များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် တစ်ရက်စာ ဆန် (၂) ဗူးနှုန်းဖြင့် ထောက်ပံ့ပေးလျှက်ရှိရာ လူဦးရေ (၁၂၄၁) ဦးအတွက်  (၁၄) ရက်စာ (နှစ်ပါတ်)ကိုလည်းကောင်း၊  လူဦးရေ (၂၀၁၄) ဦးအတွက် (၇) ရက်စာကိုလည်းကောင်း တိုက်ပွဲရှောင်ကော်မတီမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပြီးကြောင်း သိရသည်။
ယနေ့ လွှဲပြောင်းပေးသည့်ငွေသည်  လူဦးရေ (၂၀၁၄) ဦးအတွက်  ဒုတိယအကြိမ်‌ ထောက်ပံ့‌ပေးရန် ဆန်ဖိုး (၇) ရက်စာ (တစ်ပါတ်) ငွေများဖြစ်ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနမှ ယနေ့အထိ အဆိုစစ်ဘေးရှောင် (၃၂၅၅) ဦးအတွက် တန်ဖိုးငွေကျပ် သိန်းတစ်ရာ့သုံးဆယ်ကျော် (၁၃၆၇၁၀၀၀/-) တန်ဖိုးရှိ ဆန်များထောက်ပံ့ပေးခဲ့ပြီး အဆိုပါ စစ်ဘေးရှောင်များအတွက် ပြည်တွင်း၊ ပြည်ပရှိ လူမှုအဖွဲ့အစည်းအသီးသီးနှင့် စေတနာရှင် အလှူရှင် များကလည်း ဆန်၊ဆီ စားနပ်ရိက္ခာများ၊ ဆေးဝါးများ နေ့စဉ် သွားရောက်လှူဒါန်းထောက်ပံ့ပေးနေကြခြင်းဖြစ်သည်။
တိုက်ပွဲရှောင်များရှိနေသည့် အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည်မှာ (၄) ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ဘေးရှောင်များကို ၎င်းတို့သက်ဆိုင်ရာနေရပ်များသို့ပြန်လည်ပို့ဆောင်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိကြောင်းနှင့် နေရပ်ပြန်မည့်သူများအတွက် နေအိမ်တွင် စားသောက်နိုင်ရန် ဆန်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~