ရွမ္းျပည္နယ္အတြင္း သစ္ေတာထြက္ပစၥည္းမ်ားကာကြယ္ရန္အတြက္ သစ္ေတာ၀န္ထမ္းမ်ား လက္နက္ကိုင္ေဆာင္ခြင့္မရွိ၍ အခက္အခဲေတြ႔

ရွမ္းျပည္နယ္အတြင္း သစ္ေတာထြက္ပစၥည္းမ်ားကာကြယ္ရန္အတြက္ သစ္ေတာ၀န္ထမ္းမ်ား လက္နက္ကိုင္ေဆာင္ခြင့္မရွိ၍ အခက္အခဲေတြ႔
မေ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း သစ္ခိုးထုတ္မႈမ်ားႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား ေရာင္း၀ယ္ေနမႈကိုကာကြယ္ရန္အတြက္ သစ္ေတာ၀န္ထမ္းမ်ား လက္နက္ကိုင္ေဆာင္ခြင့္မရိွသည့္အခ်က္မွာ အဓိကက်ေနေၾကာင္း ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ ျပည္နယ္၀န္ႀကီးေဒါက္တာညီညီေအာင္က ေျပာသည္။

"တရားဥပေဒ စိုးမိုးေရးကိစၥေပါ့။ ရွမ္းျပည္နယ္မွာေတာ့ လက္နက္ကိုင္အဖြဲ႕ေတြ (၃၀၀၊ ၄၀၀) ေလာက္ရိွတဲ့အေနအထားေပါ့။ သက္ဆိုင္ရာ လက္နက္ထိန္းခ်ဳပ္မယ့္အဖြဲ႕အစည္းေတြက တရားဥပေဒစိုးမိုးေရးကို အရင္ႀကိဳးစားၿပီးလုပ္ရမွာေပါ့။ တရားဥပေဒစိုးမိုးသြားၿပီဆိုမွ က်န္တဲ့အရပ္ဖက္ဌာနေတြက ၀င္လို႔ရမွာေပါ့။ ႏိုင္ငံတကာမွာေတာ့ သစ္ေတာတို႔၊ လ၀ကတို႔၊ အေကာက္ခြန္တို႔က ေတာ္ေတာ္မ်ားမ်ားက လက္နက္ကိုင္ၾကတာကိုး။ ဒီမွာေတာ့ ဖြဲ႕စည္းပံုအေျခခံဥပေဒက အားနည္းခ်က္ျဖစ္သြားတဲ့အတြက္ သက္ဆိုင္ရာဌာနေတြက ႏိုင္ငံတကာပံုစံမ်ိဳး မလုပ္ႏိုင္ဘူး။ သူတို႔ႏွိမ္နင္းရမယ့္သူေတြက လက္နက္ေတြနဲ႔ဆိုေတာ့ လုပ္ရကိုင္ရတာ တပန္းရံႈးတာေပါ့"ဟု ျပည္နယ္၀န္ႀကီး ေဒါက္တာညီညီေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ(၁၆)ရက္ေန႔တြင္ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေရႊ႕ေျပာင္းေတာင္ယာစိုက္ပ်ိဳးမႈမ်ားေၾကာင့္ သစ္ေတာျပဳန္းတီးမႈမ်ားျဖစ္ေပၚေနသည့္အတြက္ ေဒသခံမ်ား ပူးေပါင္းပါ၀င္သည့္ သစ္ပင္စိုက္ပ်ိဳးမႈမ်ားျဖစ္ေပၚေစရန္အတြက္ မိုးရာသီသစ္ပင္စိုက္ပြဲေတာ္မ်ားျပဳလုပ္ႏိုင္ရန္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔ ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးမွ လာေရာက္စဥ္ ယင္းသို႔ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း တရားမ၀င္သစ္မ်ား ဖမ္းဆီးရရွိမႈမ်ားတြင္ အခ်ဳိ႕ေသာ ျဖစ္စဥ္မ်ား ႏွင့္ ပိုင္ရွင္မဲ့သစ္မ်ားမွာ လက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ပတ္သတ္ဆက္ႏႊယ္မႈမ်ားရွိေနၿပီး ေတာအတြင္း ၀င္ေရာက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ရာတြင္ နယ္ေျမခံလံုၿခံဳေရးတပ္ ႏွင့္ ရဲတပ္ဖြဲ႔တို႔ မပါဘဲ ၀င္ေရာက္၍ လိုက္လံ ဖမ္းဆီးပါက လက္နက္ကိုင္ေဆာင္ခြင့္မရွိသည့္ သစ္ေတာ၀န္ထမ္းမ်ား၏ လံုၿခံဳေရးမွာ စိုးရိမ္ရေၾကာင္း ေတာအတြင္း ဖမ္းဆီးေရးမ်ားတြင္ ပါ၀င္ေလ့ရွိသည့္ သစ္ေတာ၀န္ထမ္းမ်ားထံက သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှုများနှင့် သစ်တောထွက်ပစ္စည်းများ ရောင်းဝယ်နေမှုကိုကာကွယ်ရန်အတွက် သစ်တောဝန်ထမ်းများ လက်နက်ကိုင်ဆောင်ခွင့်မရှိသည့်အချက်မှာ အဓိကကျနေကြောင်း ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီးဒေါက်တာညီညီအောင်က ပြောသည်။

"တရားဥပဒေ စိုးမိုးရေးကိစ္စပေါ့။ ရှမ်းပြည်နယ်မှာတော့ လက်နက်ကိုင်အဖွဲ့တွေ (၃၀၀၊ ၄၀၀) လောက်ရှိတဲ့အနေအထားပေါ့။ သက်ဆိုင်ရာ လက်နက်ထိန်းချုပ်မယ့်အဖွဲ့အစည်းတွေက တရားဥပဒေစိုးမိုးရေးကို အရင်ကြိုးစားပြီးလုပ်ရမှာပေါ့။ တရားဥပဒေစိုးမိုးသွားပြီဆိုမှ ကျန်တဲ့အရပ်ဖက်ဌာနတွေက ဝင်လို့ရမှာပေါ့။ နိုင်ငံတကာမှာတော့ သစ်တောတို့၊ လဝကတို့၊ အကောက်ခွန်တို့က တော်တော်များများက လက်နက်ကိုင်ကြတာကိုး။ ဒီမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားနည်းချက်ဖြစ်သွားတဲ့အတွက် သက်ဆိုင်ရာဌာနတွေက နိုင်ငံတကာပုံစံမျိုး မလုပ်နိုင်ဘူး။ သူတို့နှိမ်နင်းရမယ့်သူတွေက လက်နက်တွေနဲ့ဆိုတော့ လုပ်ရကိုင်ရတာ တပန်းရှုံးတာပေါ့"ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၆)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီးမှုများဖြစ်ပေါ်နေသည့်အတွက် ဒေသခံများ ပူးပေါင်းပါဝင်သည့် သစ်ပင်စိုက်ပျိုးမှုများဖြစ်ပေါ်စေရန်အတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်များပြုလုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ လာရောက်စဉ် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုများတွင် အချို့သော ဖြစ်စဉ်များ နှင့် ပိုင်ရှင်မဲ့သစ်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သတ်ဆက်နွှယ်မှုများရှိနပြေီး တောအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် နယ်မြေခံလုံခြုံရေးတပ် နှင့် ရဲတပ်ဖွဲ့တို့ မပါဘဲ ဝင်ရောက်၍ လိုက်လံ ဖမ်းဆီးပါက လက်နက်ကိုင်ဆောင်ခွင့်မရှိသည့် သစ်တောဝန်ထမ်းများ၏ လုံခြုံရေးမှာ စိုးရိမ်ရကြောင်း တောအတွင်း ဖမ်းဆီးရေးများတွင် ပါဝင်လေ့ရှိသည့် သစ်တောဝန်ထမ်းများထံက သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net