အင်းလေးတွင် ပထမဆုံးရေပေါ်သင်္ကြန်နှင့်အတူ အင်းသားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲနှင့် ရေပေါ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ ကျင်းပမည်

အင်းလေးတွင် ပထမဆုံးရေပေါ်သင်္ကြန်နှင့်အတူ အင်းသားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲနှင့် ရေပေါ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ ကျင်းပမည်
မတျ 30, 2019
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ နန်းပန်ရွာရှိ အင်းလေးကန်ရေပြင်တွင် ပထမဆုံးရေပေါ်သင်္ကြန်ကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အင်းသားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲနှင့် ရေပေါ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုပါ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေပေါ်သင်္ကြန်ကို အင်းလေးဒေသ နန်းပန်ရွာရှိ Innlay Cultural Heritage Trust Complex ရေပေါ်အဆောက်အအုံတွင် ဧပြီလ (၁၃) ရက်နေ့ ညနေ (၃)နာရီမှ ဧပြီလ (၁၇) ရက်နေ့ (၇)နာရီထိကျင်းပမည်ဖြစ်ကြောင်း သိရပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အင်းလေးကန်ရေပြင်တွင် သံဃာတော်အပါး (၁၀၀၀)တို့အား ရိုးရာရေပေါ်ဖောင်များ၊ လှေများဖြင့် ဆွမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲတော်ကြီးမှာလည်း အင်းလေးကန်ရေပြင်မှာ လှေသဗ္ဗာန်များနဲ့ ရေပေါ်သင်္ကြန်ပွဲအစီစဉ် နာမည်ကြီး တေးသံရှင် တင်ဇာမော်၊ ချမ်းချမ်း အပါအဝင် အမျိုးသမီးတေးသံရှင်များရဲ့ ဖျော်ဖြေမှုများ၊ သံဃာအပါး (၁၀၀၀) ကြွရောက်ချီးမြှင့် အလှုခံမယ့် နှစ်ဦးရေပေါ် ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ် ဓမ္မသဘင်စတဲ့ အစီစဉ်များစွာနဲ့ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်”ဟု Miss Innlay Organization မှ ဦးမြင့်သိန်းထွန်းက အင်းလေးရေပေါ်သင်္ကြန်အစီအစဉ်ကို ရေးသားဖေါ်ပြထားသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှမြေို့နယ် အင်းလေးဒေသ၊ နန်းပန်ရွာရှိ အင်းလေးကန်ရပြေင်တွင် ပထမဆုံးရေပေါ်သင်္ကြန်ကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အင်းသားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲနှင့် ရေပေါ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုပါ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေပေါ်သင်္ကြန်ကို အင်းလေးဒေသ နန်းပန်ရွာရှိ Innlay Cultural Heritage Trust Complex ရေပေါ်အဆောက်အအုံတွင် ဧပြီလ (၁၃) ရက်နေ့ ညနေ (၃)နာရီမှ ဧပြီလ (၁၇) ရက်နေ့ (၇)နာရီထိကျင်းပမည်ဖြစ်ကြောင်း သိရပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အင်းလေးကန်ရပြေင်တွင် သံဃာတော်အပါး (၁၀၀၀)တို့အား ရိုးရာရေပေါ်ဖောင်များ၊ လှေများဖြင့် ဆွမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲတော်ကြီးမှာလည်း အင်းလေးကန်ရပြေင်မှာ လှေသဗ္ဗာန်များနဲ့ ရေပေါ်သင်္ကြန်ပွဲအစီစဉ် နာမည်ကြီး တေးသံရှင် တင်ဇာမော်၊ ချမ်းချမ်း အပါအဝင် အမျိူးသမီးတေးသံရှင်များရဲ့ ဖျော်ဖြေမှုများ၊ သံဃာအပါး (၁၀၀၀) ကြွရောက်ချီးမြှင့် အလှုခံမယ့် နှစ်ဦးရေပေါ် ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ် ဓမ္မသဘင်စတဲ့ အစီစဉ်များစွာနဲ့ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်”ဟု Miss Innlay Organization မှ ဦးမြင့်သိန်းထွန်းက အင်းလေးရေပေါ်သင်္ကြန်အစီအစဉ်ကို ရေးသားဖော်ပြထားသည်။

အဆိုပါ ရေပေါ်သင်္ကြန်ကို Miss Innlay Organization က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အင်းလေးရေပေါ်သင်္ကြန်ပွဲတွင် ရိုးရာယဉ်ကျေးမှု အကအလှပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီစဉ်များနှင့် အတူ Mister and Miss ရွေးချယ်ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Myint Thein Tun

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net