မိတၳီလာ - ေတာင္ႀကီး - က်ဳိင္းတံု - တာခ်ီလိတ္လမ္းပိုင္းရိွ ေအာင္ပန္းၿမိဳ႕တြင္း မီးရထားလမ္းကူးတြင္ အဆင့္ျမႇင့္တင္မည္ျဖစ္၍ မတ္လ(၂၅)ရက္ေန႔မွ (၃၀)ရက္ေန႔အထိ လမ္းေခတၱပိတ္မည္ျဖစ္၍ လမ္းလႊဲက သြားရမည္

မိတၳီလာ - ေတာင္ႀကီး - က်ဳိင္းတံု - တာခ်ီလိတ္လမ္းပိုင္းရိွ ေအာင္ပန္းၿမိဳ႕တြင္း မီးရထားလမ္းကူးတြင္ အဆင့္ျမႇင့္တင္မည္ျဖစ္၍ မတ္လ(၂၅)ရက္ေန႔မွ (၃၀)ရက္ေန႔အထိ လမ္းေခတၱပိတ္မည္ျဖစ္၍ လမ္းလႊဲက သြားရမည္
မတ် 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခရိုင္အတြင္း ေအာင္ပန္းၿမိဳ႕တြင္း မုိင္တိုင္ (၇၈/၃)ႏွင့္ (၇၈/၄)ၾကား မီးရထားလမ္းကူးေနရာတြင္ လမ္းအဆင့္ျမႇင့္တင္ျခင္းေဆာင္ရြက္ရန္ အတြက္ ၂၀၁၉ ခုႏွစ္ မတ္လ (၂၅)ရက္ေန႔မွ (၃၀)ရက္ေန႔အထိ ေခတၱလမ္းပိတ္မည္ျဖစ္၍ ေရွာင္ကြင္းလမ္းအား အသံုးျပဳၾကရန္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက အသိေပးထားသည္။

"ရထားလမ္းကအရင္ကေတာ့ လမ္းေဟာင္းအဆတိုင္းေပါ့။ လမ္းေတြအဆင့္ျမႇင့္လိုက္ေတာ့ ဆိုပါေတာ့ (၉) လက္မျမင့္သြားတဲ့ ေနရာေတြရိွတယ္။ (၁) ေပျမင့္သြားတဲ့ေနရာေတြရိွတယ္။ ေအာင္ပန္းၿမိဳ႕အ၀င္ေတြဆိုျဖတ္ခ်လိုက္ရတဲ့ ေနရာေတြရိွတယ္။ လမ္းကိုေျပျပစ္ဖို႔အတြက္ဆို အဲဒီေနရာကို (၁) ေပျမႇင့္ရပါမယ္။ အဲဒီေတာ့ ရထားလမ္းကလည္း (၁) ေပျမႇင့္ရမွာေပါ့။ လမ္းပိုင္းကလည္းျမႇင့္ရမယ္။ မီးရထားလမ္းပိုင္းကလည္း ျမႇင့္ရမွာေပါ့။ အဲလိုေဆာင္ရြက္တဲ့ေနရာမွာ လမ္းေခတၱပိတ္ၿပီးေဆာင္ရြက္မွ အဆင္ေျပမွာပါခင္ဗ်။ လမ္းလႊဲေတြကို လုပ္ထားပါတယ္။ ယာဥ္ငယ္ေတြကလမ္းေၾကာင္းတိုေပမယ့္ ယာဥ္ႀကီးေတြကလမ္းေၾကာင္းနည္ဒနည္းရွည္တာေပါ့"ဟု   ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပိုင္းအဆင့္ျမႇင့္တင္စဥ္ကာလအတြင္း ေမာ္ေတာ္ယာဥ္ႀကီးႏွင့္ (၂၂)ဘီးကုန္တင္ယာဥ္မ်ား၏ လမ္းလႊဲကို ျပည္သာယာေစ်းလမ္းအတုိင္း လည္းေကာင္း၊ အိမ္စီးကား၊ ယာဥ္ငယ္မ်ားအတြက္ လမ္းလႊဲကို ေအာင္ဆန္းလမ္းမွ (၂)ထပ္လမ္းအတုိင္း လည္းေကာင္း လ်ာထားေပးေၾကာင္း သိရသည္။

မိတၳီလာ - ေတာင္ႀကီး - က်ဳိင္းတံု - တာခ်ီလိတ္လမ္းပိုင္းကို (၄၈)ေပအက်ယ္ လမ္းအဆင္ျမႇင့္ျခင္း ေဆာင္ရြက္ေနရာ ေတာင္ႀကီးခရိုင္အတြင္း လမ္းအဆင့္ျမႇင့္တင္ျခင္းကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက B.O.T စနစ္ျဖင့္ တာဝန္ယူလုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း အောင်ပန်းမြို့တွင်း မိုင်တိုင် (၇၈/၃)နှင့် (၇၈/၄)ကြား မီးရထားလမ်းကူးနေရာတွင် လမ်းအဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရန် အတွက် ၂၀၁၉ ခုနှစ် မတ်လ (၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ခေတ္တလမ်းပိတ်မည်ဖြစ်၍ ရှောင်ကွင်းလမ်းအား အသုံးပြုကြရန် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက အသိပေးထားသည်။

"ရထားလမ်းကအရင်ကတော့ လမ်းဟောင်းအဆတိုင်းပေါ့။ လမ်းတွေအဆင့်မြှင့်လိုက်တော့ ဆိုပါတော့ (၉) လက်မမြင့်သွားတဲ့ နေရာတွေရှိတယ်။ (၁) ပမြေင့်သွားတဲ့နေရာတွေရှိတယ်။ အောင်ပန်းမြို့အဝင်တွေဆိုဖြတ်ချလိုက်ရတဲ့ နေရာတွေရှိတယ်။ လမ်းကိုပြပြေစ်ဖို့အတွက်ဆို အဲဒီနေရာကို (၁) ပမြှေင့်ရပါမယ်။ အဲဒီတော့ ရထားလမ်းကလည်း (၁) ပမြှေင့်ရမှာပေါ့။ လမ်းပိုင်းကလည်းမြှင့်ရမယ်။ မီးရထားလမ်းပိုင်းကလည်း မြှင့်ရမှာပေါ့။ အဲလိုဆောင်ရွက်တဲ့နေရာမှာ လမ်းခေတ္တပိတ်ပြီးဆောင်ရွက်မှ အဆင်ပြေမှာပါခင်ဗျ။ လမ်းလွှဲတွေကို လုပ်ထားပါတယ်။ ယာဉ်ငယ်တွေကလမ်းကြောင်းတိုပေမယ့် ယာဉ်ကြီးတွေကလမ်းကြောင်းနည်ဒနည်းရှည်တာပေါ့"ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပိုင်းအဆင့်မြှင့်တင်စဉ်ကာလအတွင်း မော်တော်ယာဉ်ကြီးနှင့် (၂၂)ဘီးကုန်တင်ယာဉ်များ၏ လမ်းလွှဲကို ပြည်သာယာဈေးလမ်းအတိုင်း လည်းကောင်း၊ အိမ်စီးကား၊ ယာဉ်ငယ်များအတွက် လမ်းလွှဲကို အောင်ဆန်းလမ်းမှ (၂)ထပ်လမ်းအတိုင်း လည်းကောင်း လျာထားပေးကြောင်း သိရသည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းကို (၄၈)ပေအကျယ် လမ်းအဆင်မြှင့်ခြင်း ဆောင်ရွက်နေရာ တောင်ကြီးခရိုင်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်းကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက B.O.T စနစ်ဖြင့် တာဝန်ယူလုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net