ရှမ်းပြည်နယ်တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင် တရားမဝင် ဝင်ရောက်ပြေးဆွဲနေသည့် မော်တော်ယာဉ်များ စိစစ်တွေ့ရှိပါက ယာဉ်လိုင်းပိတ်သိမ်းမည်
ရှမ်းပြည်နယ်တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင် တရားမဝင် ဝင်ရောက်ပြေးဆွဲနေသည့် မော်တော်ယာဉ်များ စိစစ်တွေ့ရှိပါက ယာဉ်လိုင်းပိတ်သိမ်းမည်
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency
ရှမ်းပြည်နယ်တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်အသင်းပေါင်း (၆၄၀)အနက် အသင်းပေါင်း (၄၇၇)သင်းမှာ ပြည်နယ်တွင်း အခြေစိုက်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် (၁၁,၅၅၂) စီး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် (၃,၁၆၇) စီး၊ စင်းလုံးငှားသယ်ယူ ပို့ဆောင်ရေး မော်တော်ယာဉ် (၄,၇၂၀) စီး၊ ပဋိဥာဉ်အရ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရ မော်တော်ယာဉ် (၁၇၀) စီး၊ ကိုယ်ပိုင်စီးပွားရေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ခွင့်ရ မော်တော်ယာဉ် (၁,၁၇၅)စီး ရှိနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင် ခရီးသည်တင်ယာဉ်အဖြစ် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် မော်တော်ယာဉ်များ ဝင်ရောက်ပြေးဆွဲသည်ကို တွေ့ရပါက ယာဉ်လိုင်း
ပိတ်သိမ်း အရေးယူနေကြောင်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လွှတ်တော်တွင် ပြောကြားသည်။
“ယာဉ်လိုင်းပြေးဆွဲခွင့် ရရှိတဲ့ အခါမှာလည်း ယာဉ်လိုင်းမှာ ပါဝင်တဲ့ယာဉ်များကို လုပ်ငန်းလိုင်စင် ဆောင်ရွက်ပြီးမှသာ ပြေးဆွဲရပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက အခါအားလျော်စွာ စစ်ဆေးတဲ့အခါမှာ တရားမဝင်ယာဉ်များပြေးဆွဲနေကြောင်း စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိ ပါတယ်။ လိုင်စင်မဲ့ယာဉ်များ အစားထိုးပြေးဆွဲမှု မရှိစေရေးကြီးကြပ်ဆောင်ရွက်သွားဖို့ ရှမ်းပြည်နယ်ကုန်းလမ်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့က ကျူးလွန်တဲ့ယာဉ်တွေကို မော်တော်ယာဉ် ဥပဒဖြေင့်လည်းကောင်း၊ ယာဉ်အသင်းအား ကာလသက်မှတ်ပြီး ပြေးဆွဲခွင့်ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လွှတ်တော်တွင် ဖြကြေားသည်။
ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်ထားသော ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်း မည်မျှရှိပြီး တရားမဝင် ယာဉ်များပြေးဆွဲနေမှုအား အရေးယူဆောင်ရွက်နေမှုနှင့် ပတ်သက်၍သိလိုကြောင်း ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်အသင်းပေါင်း (၆၄၀)အနက် အသင်းပေါင်း (၄၇၇)သင်းမှာ ပြည်နယ်တွင်း အခြေစိုက်ပြေးဆွဲနခြေင်းဖြစ်ကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ၁၉၆၃ ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေအရခွင့်ပြုထားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လုပ်ငန်းလိုင်စင် ရယူလုပ်ကိုင်ရခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် (၁၁,၅၅၂) စီး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် (၃,၁၆၇) စီး၊ စင်းလုံးငှါးသယ်ယူ ပို့ဆောင်ရေး မော်တော်ယာဉ် (၄,၇၂၀) စီး၊ ပဋိဉာဉ်အရ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရ မော်တော်ယာဉ် (၁၇၀) စီး၊ ကိုယ်ပိုင်စီးပွားရေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ခွင့်ရ မော်တော်ယာဉ် (၁,၁၇၅)စီး ရှိနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~