ရွာငံမြို့နယ်တွင် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂)ဦး သေဆုံး

ရွာငံမြို့နယ်တွင် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၂)ဦး သေဆုံး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၊ ရွာငံမြို့နယ် စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းတွင် ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သား တစ်ဦးတို့ကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF)က ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းတွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားတို့ ကားနှင့်ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းအရ ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်တွင် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့  ပစ်ခတ်တိုက်ခိုက် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ကားပေါ်တွင် ပါသည့် ပျူစောထီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ်တစ်ဦး စုစုပေါင်း (၂)ဦးတို့မှာ သေဆုံးသွားကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ပါလာသည့် AK 47 အမျိုးအစား သေနတ် (၁)လက်၊ ကာဗိုင် သေနတ် (၁)လက် နှင့် လက်ပစ်ဗုံး (၁)လုံး၊ ကျည်ဆံများ အပါအဝင် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ywangan PDF -JPRF