ရှမ်းပြည်နယ်အတွင်း ဆန်၊ဆီ၊ဆားများကို တပြေးညီသတ်မှတ်ဈေးနှုန်းဖြင့် အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ရောင်းချပေးနေ

ရှမ်းပြည်နယ်အတွင်း ဆန်၊ဆီ၊ဆားများကို တပြေးညီသတ်မှတ်ဈေးနှုန်းဖြင့် အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ရောင်းချပေးနေ
အောက်တိုဘာ 6, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ဆန်၊ဆီ၊ဆားများကို တပြေးညီသတ်မှတ်ဈေးနှုန်းဖြင့် အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ရောင်းချပေးနေ
ရှမ်းပြည်နယ်အတွင်း ဆန်၊ဆီ၊ဆားများကို တပြေးညီ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ရန် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ကြီးမြို့ရှိ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့မှစ၍ လက်လီ၊လက်ကား ရောင်းချပေးနေပြီဖြစ်သည်။
တောင်ကြီးမြို့ရှိ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ဆန် (၁)ပြည် (၁.၆ ကီလိုကျော်)ကျပ် (၁၀၀၀)၊ ဆား (၁) ပိဿာလျှင် ကျပ် (၁၂၀)နှင့် ဆီ (၁)လီတာ (ငါးဆယ်ကျပ်သား) ကျပ် (၉၀၀)နှုန်းဖြင့် လက်လီဝယ်ယူနိုင်မည့်အပြင် လက်ကားရောင်းချသူများလည်း အဆိုပါဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ကုန်သည်တွေကို ဒီဈေးနဲ့ ပြန်ရောင်းလို့ရအောင် ညှိနှိုင်း ဆောင်ရွက်ပေးထားတယ်။ ပြည်နယ် စားသုံးသူရေးရာဂိုဒေါင်တွေထဲမှာ ထည့်ထားတာဖြစ်တဲ့အတွက် ရှမ်းမြောက်ကဖြစ်ဖြစ်၊ ရှမ်းရှေ့ကဖြစ်ဖြစ် သူတို့ရချင်ဆိုရင် လှမ်းမှာရင်မှာ ဒါမှမဟုတ် သူတို့ကားနဲ့ လာဝယ်ချင်လည်း ဝယ်ပေါ့။ ကုန်သည်တွေအနေနဲ့ ဒီဈေးထက်ပိုမရောင်းရဘူးဆိုတာ ညှိနှိုင်းထားပြီးသား။ ဧည့်မထဆိုပေမဲ့ ဆန်သားကောင်းတယ်။ ဆန်သား (၈၀)ရာခိုင်နှုန်းပါတယ်။ export ကွာလတီပဲ။ ဒီဆန်အမျိုးအစားကို တစ်ပြည်ကို ကျပ်တစ်ထောင်ထက် ပိုမရောင်းရဘူး။ ကုန်သည်တွေ သယ်ယူစရိတ်၊ ဝယ်ရမယ့်စရိတ်တွေပါပြီး ဒီဈေးနဲ့ပြန်ရောင်းနိုင်အောင် ဈေးနှုန်းညှိပေးထားတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်ဒေသအသီးသီးမှ ကုန်သည်များအနေဖြင့် အများပြည်သူထံ သတ်မှတ်ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချနိုင်ရန်အတွက်လည်း လက်ကားဈေးနှုန်းဖြင့် ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း COVID 19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စိစစ်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေသည့်ကာလအတွင်း အခြေခံစားကုန်များ၏ ကုန်ဈေးနှုန်းမတက်စေရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်သို့ ပြည်နယ်ပြင်ပမှဝင်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID 19 ကင်းရှင်းကြောင်း ထောက်ခံစာယူဆောင်လာရန်၊ ပြည်နယ်တွင်းမှထွက်ခွာမည့် ကုန်တင်ယာဉ်၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ COVID 19 စစ်ဆေးရန်နှင့် ပြည်နယ်တွင်း ပြန်လာပါက facility quarantine ဝင်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။
 
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ဦးမင်းအောင်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~