ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီး တီဗြီၾကည့္ကာ ဆဲဆိုေနသည့္ အမ်ဳိးသားကို တားျမစ္သည့္ ဦးဇင္းတစ္ပါး ဓါးျဖင့္ထိုးခံရ၍ ပ်ံလြန္ေတာ္မႈ

ဘုန္းႀကီးေက်ာင္းအတြင္း အရက္မူးၿပီး တီဗြီၾကည့္ကာ ဆဲဆိုေနသည့္ အမ်ဳိးသားကို တားျမစ္သည့္ ဦးဇင္းတစ္ပါး ဓါးျဖင့္ထိုးခံရ၍ ပ်ံလြန္ေတာ္မႈ
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency

ဘုန္းႀကီးေက်ာင္းအတြင္း အရက္ေသာက္ထားသူ အမ်ဳိးသားတစ္ဦး တီဗြီၾကည့္ေနရင္း ဆဲဆိုေနသည္ကို  တားျမစ္သည့္ ဦးဇင္းတစ္ပါး ဓါးျဖင့္ ထိုးခံရ၍ ပ်ံလြန္ေတာ္မူသြားမႈ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာရွိ ေအာင္ျခာဇိနေရႊဘံုသာေက်ာင္းတိုက္တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ေက်ာင္းဝန္းထဲက ဓမၼာရံုမွာ ဦးဇင္းေတြ ကိုရင္ေတြနဲ႔အတူ အဲ့ဒီအမ်ိဳးသားက တီဗြီၾကည့္ေနတာ၊ အရက္ေတာ့ ေသာက္ထားတယ္၊ တီဗြီၾကည့္ရင္းနဲ႔ သူက ဆဲလို႔ မဆဲဖို႔ရာကို ဦးဇင္းက တားျမစ္တယ္၊ အဲ့ဒါကို စိတ္တိုၿပီးေတာ့ အသင့္ေဆာင္ထားတဲ့ ေမာင္းခ်ဓါးနဲ႔ (၃)ခ်က္ထိုးလိုက္တာ၊ ဦးဇင္းကေတာ့ ေဆးရံုတင္ပို႔ထားတုန္း ပ်ံလြန္ေတာ္ မူသြားတယ္"ဟု အခင္းျဖစ္စဥ္အား စစ္ေဆးေနသည့္ ေနာင္ပိန္နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေဖေဖၚဝါရီလ (၁၅)ရက္၊ ညေန (၇)နာရီ၀န္းက်င္က ေနာင္ပိန္ေက်းရြာရွိ ေအာင္ျခာဇိနေရႊဘံုသာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ သီတင္းသံုးေနေသာ သက္ေတာ္ ( ၄၆ )ႏွစ္ ( ဝါေတာ္ ၁ ဝါ )ရွိ ဒုလႅဘဦးဇင္း တစ္ပါးျဖစ္သူ ဥဴးဝိမလ မွာ ေက်ာင္းဝန္းအတြင္းရွိ ဓမၼာရံုအတြင္း ယင္းသို႔ ျဖစ္ပြားရာမွာ ေနာင္ပိန္တိုက္နယ္ ေဆးရံုသို႔ ပို႔ေဆာင္ထားစဥ္ ည (၇)နာရီခြဲ၀န္းက်င္တြင္ ပ်ံလြန္ေတာ္ မူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းရွိ ေက်ာင္းထိုင္္ဆရာေတာ္မွာ ဗုဒၶဂါယာ ဘုရားဖူးခရီးသြားေနသည့္အတြက္ ေက်ာင္းတိုက္အား ေခတၱထားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ဦးဇင္းအား ေမာင္းခ်ဓါးျဖင့္ ထိုးခဲ့သည့္ အမ်ိဳးသားသည္ မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ႏွင့္ ၎အား ေနာင္ပိန္နယ္ေျမ ရဲစခန္း၌ လူသတ္မႈျဖင့္ အမႈဖြင့္အေရးယူရန္အတြက္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ေနာင္ပိန္နယ္ေျမရဲစခန္းမွ သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္း ( ေနာင္ပိန္ )


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘုန်းကြီးကျောင်းအတွင်း အရက်သောက်ထားသူ အမျိုးသားတစ်ဦး တီဗွီကြည့်နေရင်း ဆဲဆိုနေသည်ကို တားမြစ်သည့် ဦးဇင်းတစ်ပါး ဓားဖြင့် ထိုးခံရ၍ ပျံလွန်တော်မူသွားမှု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ အောင်ခြာဇိနရွှေဘုံသာကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျောင်းဝန်းထဲက ဓမ္မာရုံမှာ ဦးဇင်းတွေ ကိုရင်တွေနဲ့အတူ အဲ့ဒီအမျိုးသားက တီဗွီကြည့်နေတာ၊ အရက်တော့ သောက်ထားတယ်၊ တီဗွီကြည့်ရင်းနဲ့ သူက ဆဲလို့ မဆဲဖို့ရာကို ဦးဇင်းက တားမြစ်တယ်၊ အဲ့ဒါကို စိတ်တိုပြီးတော့ အသင့်ဆောင်ထားတဲ့ မောင်းချဓားနဲ့ (၃)ချက်ထိုးလိုက်တာ၊ ဦးဇင်းကတော့ ဆေးရုံတင်ပို့ထားတုန်း ပျံလွန်တော် မူသွားတယ်"ဟု အခင်းဖြစ်စဉ်အား စစ်ဆေးနေသည့် နောင်ပိန်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ (၁၅)ရက်၊ ညနေ (၇)နာရီဝန်းကျင်က နောင်ပိန်ကျေးရွာရှိ အောင်ခြာဇိနရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သက်တော် ( ၄၆ )နှစ် ( ဝါတော် ၁ ဝါ )ရှိ ဒုလ္လဘဦးဇင်း တစ်ပါးဖြစ်သူ ဉူးဝိမလ မှာ ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံအတွင်း ယင်းသို့ ဖြစ်ပွားရာမှာ နောင်ပိန်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားစဉ် ည (၇)နာရီခွဲဝန်းကျင်တွင် ပျံလွန်တော် မူသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်မှာ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးသွားနေသည့်အတွက် ကျောင်းတိုက်အား ခေတ္တထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဦးဇင်းအား မောင်းချဓားဖြင့် ထိုးခဲ့သည့် အမျိုးသားသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း နှင့်၎င်းအား နောင်ပိန်နယ်မြေ ရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း နောင်ပိန်နယ်မြေရဲစခန်းမှ သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကမ်းလင့်လက်များလူမှုကူညီရေးအသင်း ( နောင်ပိန် )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~