ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးနေ

ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးနေ
အောက်တိုဘာ 3, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း  ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို  COVID 19 rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးနေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း  ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို COVID 19 rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့က စတင်လုပ်ဆောင်ပေးနေသည်။
“အခုက ဘန့်ဘွေးမှာရော၊ နောင်ချိုမှာရော အဲဒီလိုစစ်ဆေးပေးနေတယ်ဆိုတော့ အဲဒီကနေ အစစ်ခံ လာပြီးသားဆို ကျောက်မဲမှာ မစစ်တော့ဘူး။ မဟုတ်ရင် ရှမ်းပြည်နယ်အတွင်းက မဟုတ်တဲ့ ဘယ်ကားမဆို ကားတွေရဲ့ ယာဉ်မောင်းတွေကို စစ်ဆေးမယ်။ ပိုးမတွေ့ဘူးဆို ဆက်သွားခွင့်ပြုမယ်” ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အောက်တိုဘာလ (၃) ရက်နေ့၌ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း မိသားစုဝင် စုစုပေါင်း (၇၇) ဦးကို စစ်ဆေးပေးခဲ့ရာ COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။
နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်များမှ COVID 19 မစစ်ဆေးရသေးသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကျောက်မဲမြို့အဝင် ဆိုင်းဘုတ်အနီးရှိ အဆောက်အဦ၌ လားရှိုးမြို့မှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက test kit ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းများအား ကျန်းမာရေးစစ်ဆေးသည့်နေရာတွင် မြို့နယ် COVID 19 အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့်အတူ ပိုးတွေ့သူရှိခဲ့ပါက သီးသန့်ထားရှိရာနေရာသို့ သယ်ဆောင်ပေးရန်အတွက် လူမှုကူညီရေးအသင်းများလည်း ပါဝင်ကူညီနေကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~