ရပ္ေစာက္ၿမိဳ႕နယ္ ေျပာင္းခင္းတြင္ ေပ်ာက္သြားသည့္ (၂)ႏွစ္သားကေလးကို (၁၆)ရက္ေျမာက္ေန႔၌ ဦးေခါင္းျပတ္လ်က္ျဖင့္ ျပန္ေတြ႔

ရပ္ေစာက္ၿမိဳ႕နယ္ ေျပာင္းခင္းတြင္ ေပ်ာက္သြားသည့္ (၂)ႏွစ္သားကေလးကို (၁၆)ရက္ေျမာက္ေန႔၌ ဦးေခါင္းျပတ္လ်က္ျဖင့္ ျပန္ေတြ႔
ဇန်နဝါရီ 6, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ယမ္းတြင္းငါးေၾကာင္ေက်းရြာအုပ္စု၊ ေျမမဲေက်းရြာတြင္ မိဘမ်ား ေျပာင္းခ်ိဳးရာ ယာခင္းတြင္ ေပ်ာက္သြားသည့္ (၂)ႏွစ္သားအရြယ္ ကေလးငယ္ကို (၁၆)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔ နံနက္ပိုင္း၌ ျပန္ေတြ႔ရေသာ္လည္း ဦးေခါင္းျပတ္ျဖင့္   ျပန္လည္ ေတြ႔ရေၾကာင္း သိရသည္။

“ဒီမနက္ (၇)နာရီေလာက္မွာ ေခါင္းျပတ္ပဲ ျပန္ေတြ႔တယ္။ က်န္တဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြေတာ့ မေတြ႔ရေသးဘူး။ သူေပ်ာက္သြားတဲ့ေနရာကေန (၃)ဖာလံု (၄)ဖာလံုေလာက္အကြာက ယာတဲနားကို ေခြးကခ်ီလာတာေတြ႔ရတာ။ သူတုိ႔ယာတဲေတြက တစ္ခုနဲ႔တစ္ခု အဲဒီေလာက္ ေဝးၾကတယ္။ အဲဒီမွာ ေခြးကခ်ီလာတာကို ယာတဲပိုင္ရွင္ကေတြ႔ရတာလို႔ သိရတယ္။ ဘာေၾကာင့္ဆိုတာေတာ့ ေဆးစစ္ခ်က္ မထြက္ခင္ေတာ့ မေျပာႏုိင္ေသးဘူး။ အကယ္၍ ဆရာဝန္ေဆးစစ္ခ်က္က အသတ္ခံရတယ္လုိ႔ ထြက္လာတယ္ ဆိုရင္ေတာ့ အမႈမွန္ေပၚေပါက္ေအာင္ ဆက္ႀကိဳးစားရမွာပါ”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၆)ရက္ေန႔တြင္ ေျပာသည္။

ေျမမဲေက်းရြာမွ ဦးစံခမ္းႏွင့္ ေဒၚခမ္းဆင္တို႔က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂) ရက္ေန႔တြင္ အသက္(၆)ႏွစ္ အရြယ္ႏွင့္ အသက္ (၂)ႏွစ္အရြယ္ သားႏွစ္ဦးတို႔ႏွင့္အတူ ေျပာင္းခင္းတြင္ အလုပ္လုပ္ေနၾကစဥ္ အသက္(၂)ႏွစ္အရြယ္သားငယ္မွာ ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါကေလး(၂)ဦးမွာ မိဘမ်ား အလုပ္လုပ္ကိုင္ရာ ေတာင္ယာတဲတြင္ရိွေနခဲ့ၾကၿပီး ေန႔လယ္ (၂)နာရီေက်ာ္အထိ ကေလး(၂)ဦးလံုး၏ အသံကို ၾကားေနရကာ ညေန (၃)နာရီေက်ာ္တြင္ ေျပာင္းသိမ္းၿပီးယာတဲသို႔ ျပန္လာစဥ္ တဲေပၚ၌ အိပ္ေပ်ာ္ေနသည့္ သားအႀကီးကိုသာ ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးေပ်ာက္ဆံုးသြားခ်ိန္တြင္ ေဒသခံမ်ားက အင္အားရာႏွင့္ခ်ီ၍ အနီးပတ္ဝန္းက်င္ေနရာမ်ားသို႔ ရွာေဖြခဲ့ၾကၿပီး ဒီဇင္ဘာလ(၃၀)ရက္ေန႔တြင္ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႔၊ ရပ္ေစာက္ႏွင့္ ဟိုပံုး ရဲတပ္ဖြဲ႔တို႔ ပူးေပါင္းရွာေဖြခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KNNK


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ မြေမဲကျေးရွာတွင် မိဘများ ပြောင်းချိုးရာ ယာခင်းတွင် ပျောက်သွားသည့် (၂)နှစ်သားအရွယ် ကလေးငယ်ကို (၁၆)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နံနက်ပိုင်း၌ ပြန်တွေ့ရသော်လည်း ဦးခေါင်းပြတ်ဖြင့် ပြန်လည် တွေ့ရကြောင်း သိရသည်။

“ဒီမနက် (၇)နာရီလောက်မှာ ခေါင်းပြတ်ပဲ ပြန်တွေ့တယ်။ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ မတွေ့ရသေးဘူး။ သူပျောက်သွားတဲ့နေရာကနေ (၃)ဖာလုံ (၄)ဖာလုံလောက်အကွာက ယာတဲနားကို ခွေးကချီလာတာတွေ့ရတာ။ သူတို့ယာတဲတွေက တစ်ခုနဲ့တစ်ခု အဲဒီလောက် ဝေးကြတယ်။ အဲဒီမှာ ခွေးကချီလာတာကို ယာတဲပိုင်ရှင်ကတွေ့ရတာလို့ သိရတယ်။ ဘာကြောင့်ဆိုတာတော့ ဆေးစစ်ချက် မထွက်ခင်တော့ မပြောနိုင်သေးဘူး။ အကယ်၍ ဆရာဝန်ဆေးစစ်ချက်က အသတ်ခံရတယ်လို့ ထွက်လာတယ် ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်အောင် ဆက်ကြိုးစားရမှာပါ”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၆)ရက်နေ့တွင် ပြောသည်။

မြေမဲကျေးရွာမှ ဦးစံခမ်းနှင့် ဒေါ်ခမ်းဆင်တို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အသက်(၆)နှစ် အရွယ်နှင့် အသက် (၂)နှစ်အရွယ် သားနှစ်ဦးတို့နှင့်အတူ ပြောင်းခင်းတွင် အလုပ်လုပ်နကြေစဉ် အသက်(၂)နှစ်အရွယ်သားငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကလေး(၂)ဦးမှာ မိဘများ အလုပ်လုပ်ကိုင်ရာ တောင်ယာတဲတွင်ရှိနေခဲ့ကြပြီး နေ့လယ် (၂)နာရီကျော်အထိ ကလေး(၂)ဦးလုံး၏ အသံကို ကြားနေရကာ ညနေ (၃)နာရီကျော်တွင် ပြောင်းသိမ်းပြီးယာတဲသို့ ပြန်လာစဉ် တဲပေါ်၌ အိပ်ပျော်နေသည့် သားအကြီးကိုသာ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးပျောက်ဆုံးသွားချိန်တွင် ဒေသခံများက အင်အားရာနှင့်ချီ၍ အနီးပတ်ဝန်းကျင်နေရာများသို့ ရှာဖွေခဲ့ကြပြီး ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ ရပ်စောက်နှင့် ဟိုပုံး ရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KNNK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~