မိုင်းကိုင်မြို့နယ်အတွင်း SSPP နှင့် RCSS တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့်   စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်နေ

Photo: Shan Nationalities League for Democracy 
Photo: Shan Nationalities League for Democracy 
မိုင်းကိုင်မြို့နယ်အတွင်း SSPP နှင့် RCSS တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့်   စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊  မိုင်းကိုင်မြို့နယ်အတွင်း  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် SSPP နှင့် RSS တို့ အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်(၇၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် SSPP နှင့် RSS တို့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့နယ်တွင်းနေ ကျေးရွာများမှ စစ်ဘေးရှောင်များဖြစ်သည့် ဝမ်ဟွေလုံကျေးရွာအုပ်စု ဝမ်လှိုင့်ဘုန်းတော်ကြီးကျောင်းတွင် (၃၁၇)ဦး၊ ဝမ်ဟွေဘုန်းကြီးကျောင်းတွင် (၁၅၀)ဦး၊ ကျောင်းတောင်ကြီးတွင် (၁၅၈)ဦးနှင့် အမကကျောင်းတွင် (၃၆)ဦးတို့၏ အကူအညီများ လိုအပ်နေလျှက်ရှိသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများ၏ အရေးပေါ် လိုအပ်နေသည့် စားနပ်ရိက္ခာများအတွက် အစားအသောက်ဆေးဝါးများ၊ငွေကြေးများ စသည်ဖြင့် တတ်နိုင်သည့်ဘက်က ပါဝင်လှူဒါန်းလိုပါက စိုင်းဆိုင်ဟန် ( 09-459 003 363 )၊ လုံးဟိန်စော မိုင်းခွန် (လုင်းႁဵင်ၸေႃး)ဢိူင်ႇမိူင်းၶုၼ် ( 09-340 151 468 )  နှင့် ပီဆမ် မိုင်းခွန် (ၸရေးသၢမ် မိူင်းၶုၼ်) ( 09-340 215 526 )တို့၏ ဖုန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 



အလားတူပင် မိုင်းနောင် နှင့် ကျေးသီးမြို့နယ်အကြား  လွိုင်ဟွန်းတောင်တကြောတွင် SSPP နှင့် RCSS တို့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျေးသီးမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ဘေးရှောင်ပြည်သူ (၂၅၀၀)ကျော်ရှိနေကြောင်းလည်း သိရသည်။ 



#TachileikNewsAgency