ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းရွိ လယ္ကြင္းတစ္ခုတြင္ ထိုးသြင္းဒဏ္ရာ အခ်က္(၃၀)ျဖင့္ သတ္ခံထားရသည့္ အမည္မသိ အမ်ဳိးသမီးအေလာင္းအားေတြ႔ရွိ

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းရွိ လယ္ကြင္းတစ္ခုတြင္ ထိုးသြင္းဒဏ္ရာ အခ်က္(၃၀)ျဖင့္ သတ္ခံထားရသည့္ အမည္မသိ အမ်ဳိးသမီးအေလာင္းအားေတြ႔ရွိ
နိုဝင်ဘာ 23, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်းရြာအုပ္စုအတြင္း၌  ထိုးသြင္းဒဏ္ရာ စုစုေပါင္း အခ်က္(၃၀)ျဖင့္ သတ္ခံထားရသည့္ အမ်ဳိးသမီးတစ္ဦး၏ အေလာင္းအား ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၂၃)ရက္ေန႔ ည(၆)နာရီခြဲ၀န္းက်င္အခ်ိန္က ေတြ႔ရွိရ၍ ရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်းရြာအုပ္စု၊ ၀ါရီေကာခူေက်းရြာရွိ လယ္ကြင္းအတြင္း၌ အသက္(၂၅)ႏွစ္၀န္းက်င္ရွိ အမည္ႏွင့္ ေနရပ္လိပ္စာ မသိရေသးသည့္ အမ်ဳိးသမီးအေလာင္း ေတြ႔ရွိေၾကာင္း သတင္းအရ လြိဳင္ေကာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး၀င္းႏိုင္၊ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ၀င္းေဌး ႏွင့္ သက္ဆိုင္ရာအဖြဲ႔တို႔မွ သြားေရာက္ ၾကည့္ရႈ႕စစ္ေဆးရာတြင္ ေသဆံုးေနသူ အမ်ဳိးသမီးသည္ ၀ဲဘက္ခါးေစာင္း ထိုးသြင္းဒဏ္ရာ (၂)ခ်က္၊ ၀မ္းဗိုက္ ထိုးသြင္းဒဏ္ရာ(၁၀)ခ်က္၊ ၀ဲဘက္ႏို႔အုံထိုးသြင္း ဒဏ္ရာ(၉)ခ်က္၊ ယာဘက္ႏို႔အုံထိုးသြင္း ဒဏ္ရာ(၂)ခ်က္၊ ရင္ညႊန္႔ထိုးသြင္းဒဏ္ရာ (၂)ခ်က္၊ ၀ဲဘက္ေက်ာကုန္း ထိုးသြင္းဒဏ္ရာ(၂)ခ်က္၊ ၀ဲဘက္လက္ဖ်ံထိုးသြင္းဒဏ္ရာ (၁)ခ်က္၊ ၀ဲဘက္ဂ်ဳိင္းေအာက္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ၀ဲလက္ခလယ္ ျပတ္ရွဒဏ္ရာ(၁)ခ်က္  စုစုေပါင္း ထိုးတြင္းဒဏ္ရာ အခ်က္(၃၀)ျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိရသည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ လြိဳင္ေကာ္ျပည္သူ႔ေဆးရံုႀကီးရွိ ရင္ခြဲရံုသို႔ သယ္ယူပို႔ေဆာင္ထားရွိၿပီး လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ႏိုင္ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း၌ ထိုးသွင်းဒဏ်ရာ စုစုပေါင်း အချက်(၃၀)ဖြင့် သတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ အလောင်းအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က တွေ့ရှိရ၍ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာရှိ လယ်ကွင်းအတွင်း၌ အသက်(၂၅)နှစ်ဝန်းကျင်ရှိ အမည်နှင့် နေရပ်လိပ်စာ မသိရသေးသည့် အမျိုးသမီးအလောင်း တွေ့ရှိကြောင်း သတင်းအရ လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းဌေး နှင့် သက်ဆိုင်ရာအဖွဲ့တို့မှ သွားရောက် ကြည့်ရှု့စစ်ဆေးရာတွင် သေဆုံးနေသူ အမျိုးသမီးသည် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁၀)ချက်၊ ဝဲဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၉)ချက်၊ ယာဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝဲဘက်ကျောကုန်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လက်ဖျံထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲလက်ခလယ် ပြတ်ရှဒဏ်ရာ(၁)ချက် စုစုပေါင်း ထိုးတွင်းဒဏ်ရာ အချက်(၃၀)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ထားရှိပြီး လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်နိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~