မိုးဗြဲတိုက်ပွဲအတွင်း KNDF မှ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သား (၂)ဦးကို KPS ထံ လွှဲပြောင်း

Photo: KNDF BO3
Photo: KNDF BO3
မိုးဗြဲတိုက်ပွဲအတွင်း KNDF မှ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သား (၂)ဦးကို KPS ထံ လွှဲပြောင်း
မတ် 13, 2022 | ကယား

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ မိုးဗြဲမြို့တွင် တိုက်ပွဲအတွင်း အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်သား (၂)ဦးကို ကရင်နီပြည်ရဲဌာန(KPS)ထံ လွှဲပြောင်းပေးထားကြောင်း KNDF ၏ ဖယ်ခုံတပ်ရင်းက မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ(၆၆)လက်အောက်ရှိ အမှတ်(၁၁) ခြေလျင်တပ်ရင်းမှ တပ်သား(၂)ဦးကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ဖြစ်ပွားသည့် မိုးဗြဲတိုက်ပွဲအတွင်း ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဖမ်းဆီးရမိစဉ်ပါရှိသည့် ပစ္စည်းများနှင့်အတူ KSP ထံ လွှဲပြောင်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု မတ်လ(၆)ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်း ကျောက်ဆည်ကန်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား (၂)ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရှင်ဖမ်းမိခဲ့သေးသည်။