ေတာင္ႀကီးတြင္ အသက္(၅)ႏွစ္၀န္းက်င္ ကေလးငယ္တစ္ဦးႏွင့္ မိခင္ အပါအ၀င္ လူ(၄)ဦး သတ္ခံရမႈ ရဲတပ္ဖြဲ႔ အတည္မျပဳေသာ္လည္း မိသားစု၀င္ အတည္ျပဳ

ေတာင္ႀကီးတြင္ အသက္(၅)ႏွစ္၀န္းက်င္ ကေလးငယ္တစ္ဦးႏွင့္ မိခင္ အပါအ၀င္ လူ(၄)ဦး သတ္ခံရမႈ ရဲတပ္ဖြဲ႔ အတည္မျပဳေသာ္လည္း မိသားစု၀င္ အတည္ျပဳ
သြဂုတ် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ညေန (၅)နာရီဝန္းက်င္က အသက္(၅)ႏွစ္ဝန္းက်င္ ကေလး(၁)ႏွင့္မိခင္ျဖစ္သူ အပါအ၀င္ အမ်ိဳးသား (၂)ဦးတုိ႔ အသတ္ခံရမႈ ျဖစ္ပြားေၾကာင္း ရဲတပ္ဖြဲ႔က အတည္မျပဳေသာ္လည္း ေသဆံုးသြားသူမ်ား၏ မိသားစုအသိုင္းအဝုိင္းက အတည္ျပဳေျပာၾကားသည္။

“မအိအိမိုးနဲ႔ ဒီႏွစ္မွ ေက်ာင္းစတက္တဲ့ အရြယ္ သူ႔သမီးေလးရယ္၊ သူ႔အိမ္မွာ လာလည္ေနတဲ့ (၂)ေယာက္ရယ္ စုစုေပါင္း (၄)ေယာက္ အသတ္ခံရတာပါ။ လာလည္တာက ဧည့္သည္အမ်ိဳးသား (၂)ေယာက္လုိ႔ သိရပါတယ္။ ညေန (၅)နာရီေလာက္မွာ ျဖစ္သြားတယ္လုိ႔ သိရပါတယ္။ သူတုိ႔ေနတာက ေတာင္ႀကီး မီးပံုးပ်ံ ကြင္းနားမွာ ေနတာပါ။ သူ႔အမ်ိဳးသားကေတာ့ သမီးအႀကီးေလးကို က်ဴရွင္ သြားႀကိဳေနတုန္း ျဖစ္သြားတာ ျပန္လာေတာ့ အဲလိုျဖစ္ေနတာကို ေတြ႔ရတာလို႔ သိရပါတယ္”ဟု အသတ္ခံရသူတစ္ဦး၏ မိသားစုဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လူသတ္မႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားထားေၾကာင္း ေသဆံုးသူ၏ မိသားစုဝင္တစ္ဦးက အတည္ျပဳ ေျပာၾကားေသာ္လည္း ရဲတပ္ဖြဲ႕ထံမွ အတည္ျပဳခ်က္မရပါ။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က အသက်(၅)နှစ်ဝန်းကျင် ကလေး(၁)နှင့်မိခင်ဖြစ်သူ အပါအဝင် အမျိုးသား (၂)ဦးတို့ အသတ်ခံရမှု ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က အတည်မပြုသော်လည်း သေဆုံးသွားသူများ၏ မိသားစုအသိုင်းအဝိုင်းက အတည်ပြုပြောကြားသည်။

“မအိအိမိုးနဲ့ ဒီနှစ်မှ ကျောင်းစတက်တဲ့ အရွယ် သူ့သမီးလေးရယ်၊ သူ့အိမ်မှာ လာလည်နေတဲ့ (၂)ယောက်ရယ် စုစုပေါင်း (၄)ယောက် အသတ်ခံရတာပါ။ လာလည်တာက ဧည့်သည်အမျိုးသား (၂)ယောက်လို့ သိရပါတယ်။ ညနေ (၅)နာရီလောက်မှာ ဖြစ်သွားတယ်လို့ သိရပါတယ်။ သူတို့နေတာက တောင်ကြီး မီးပုံးပျံ ကွင်းနားမှာ နေတာပါ။ သူ့အမျိုးသားကတော့ သမီးအကြီးလေးကို ကျူရှင် သွားကြိုနေတုန်း ဖြစ်သွားတာ ပြန်လာတော့ အဲလိုဖြစ်နေတာကို တွေ့ရတာလို့ သိရပါတယ်”ဟု အသတ်ခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက အတည်ပြု ပြောကြားသော်လည်း ရဲတပ်ဖွဲ့ထံမှ အတည်ပြုချက်မရပါ။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~