ရှမ်း - ကရင်နီနယ်စပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအားကိုးဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
ရှမ်း - ကရင်နီနယ်စပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအားကိုးဖြင့် ဗုံးကြဲ တိုက်ခိုက်နေ
ဖေဖော်ဝါရီ 21, 2022 | ရှမ်းတောင်

ရှမ်း - ကရင်နီနယ်စပ်တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်ကတည်းက တိုက်ပွဲများ ပြင်းထန်နေပြီး ဒီးမော့ဆို - မိုးဗြဲအကြားတွင် အာဏာသိမ်းတပ်က လေကြောင်းဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပါ လုပ်နေသည်ဟု သိရသည်။

အစောလေးကပဲ လေယာဉ်နဲ့ (၂)ကြိမ် လာကြဲသွားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ညနေ (၅)နာရီကျော်တွင် ပြောသည်။

မိုးဗြဲမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့နေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က  ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ခုခံတိုက်ခိုက်နေသည်ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရှမ်း - ရင်နီနယ်စပ်ကို ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ကတည်းက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး နေ့စဉ် လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ တင့်ကားများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။