ကျောက်မဲမြို့တွင် ၂၀၁၈ခုနှစ်အတွင်း (၆)ကြိမ်အဖြစ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

ကျောက်မဲမြို့တွင် ၂၀၁၈ခုနှစ်အတွင်း (၆)ကြိမ်အဖြစ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
ဇူလိုငျ 15, 2018
By Tachileik News Agency


ကျောက်မဲမြို့ တံခွန်တိုင်ကျေးရွာအနီးရှိ သစ်ပင်ကြီးတစ်ပင်တွင် မြေပြင်မှ (၁၅) ပေခန့်အမြင့်ရှိသည့် သစ်ကိုင်းတစ်ခု၌ ကြိုးဆွဲချသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား အနီးရှိလယ်ကွင်းမှ လယ်ပိုင်ရှင်ကတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - စောမင်းကြူ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ်အတွင်း (၆)ကြိမ်မြောက် ကြိုးဆွဲချသေဆုံးမှုအဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့က ဖြစ်ပွားခဲ့ရာ ကျောက်မဲမြို့မရဲစခန်းတွင် သေမှု သေခင်းဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

ကျောက်မဲမြို့ တံခွန်တိုင်ကျေးရွာအနီးရှိ သစ်ပင်ကြီးတစ်ပင်တွင် မြပြေင်မှ (၁၅) ပေခန့်အမြင့်ရှိသည့် သစ်ကိုင်းတစ်ခု၌ ကြိုးဆွဲချသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား အနီးရှိလယ်ကွင်းမှ လယ်ပိုင်ရှင်ကတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၂၁)နှစ်အရွယ် ကျော်ဝင်း(ခ)အိုက်ဝင်းဖြစ်ပြီး တံခွန်တိုင်ကျေးရွာတွင် မိခင်နှင့်အတူ နေထိုင်သူဖြစ်ကြောင်း သိရသည်။

အလောင်းအား ဇီဝိတလူမှုကူညီရေးအသင်း(ကျောက်မဲ)က ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ပေးထားကြောင်း သိရပြီး သေဆုံးမှု အကြောင်းရင်းအား စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား ကျောက်မဲမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~