မြန်မာနှစ်ဆန်းတစ်ရက်နေ့က ကျောက်ဆည်မြို့နယ်အတွင်း စမုံမြစ်တွင် လူ(၄)ဦး ရေနစ်သေဆုံး

မြန်မာနှစ်ဆန်းတစ်ရက်နေ့က ကျောက်ဆည်မြို့နယ်အတွင်း စမုံမြစ်တွင် လူ(၄)ဦး ရေနစ်သေဆုံး

 မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ရေဆင်းကစားရာမှ လူ(၄)ဦး သေဆုံးမှု မြန်မာနှစ်ဆန်းတစ်ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စမုံမြစ်အတွင်း ရေဆင်းကစားသည့်သူများအနက် အမျိုးသား(၄)ဦးမှာ  ရေနစ်မြှုပ်သေဆုံးကာ ရေထဲပျောက်သွား၍ ရှာဖွေကြရာ ည(၆)နာရီဝန်းကျင်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ ကိုစည်သူဖြိုး၊ ကိုခန့်ခန့်၊ ကိုဖိုးသား နှင့် ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း သိရသည်။



မြစ်အတွင်း၌ သေဆုံးသူ၏ အလောင်းများကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တိုင်း ဥက္ကဌ ဦးလှိုင်မင်းဦး ခေါင်းဆောင်ကာ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ပြီး ဒေသခံများနှင့် စုပေါင်းရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)