ဇာတ်ပွဲများ ထည့်သွင်းမကျင်းပဖြစ်သည့် သီပေါ ဘော်ကြိုဘုရား ပဌာန်းပွဲတွင် ဘုရားဖူးသူများကို ကျန်းမာရေးဌာန ကျန်းမာရေးစစ်ဆေးခြင်း လုပ်ဆောင်

ဇာတ်ပွဲများ ထည့်သွင်းမကျင်းပဖြစ်သည့် သီပေါ ဘော်ကြိုဘုရား ပဌာန်းပွဲတွင် ဘုရားဖူးသူများကို ကျန်းမာရေးဌာန ကျန်းမာရေးစစ်ဆေးခြင်း လုပ်ဆောင်
မတ် 5, 2020
By Tachileik News Agency
ဇာတ်ပွဲများ ထည့်သွင်းမကျင်းပဖြစ်သည့် သီပေါ ဘော်ကြိုဘုရား ပဌာန်းပွဲတွင် ဘုရားဖူးသူများကို ကျန်းမာရေးဌာန ကျန်းမာရေးစစ်ဆေးခြင်း လုပ်ဆောင် 

ရှမ်းပြည်နယ် (မြောက်ပိုင်း ) သီပေါမြို့၌ ကျင်းပနေသည့် ဘော်ကြိုဘုရားပွဲတွင် ဇာတ်သဘင်ပွဲများဖြင့် မကျင်းပသော်လည်း  ဗုဒ္ဓပူဇနိယပဌာန်းပွဲရှိနေသဖြင့် ဆိုင်ခန်းများနှင့် ဘုရားဖူးများရှိနေရာ ကျန်းမာရေးဌာနက ဘုရားဖူးလာသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ပွဲဈေးတန်းတွေ ဆိုင်ခန်းတွေကို တစ်ရက်ကို (၂) ကြိမ်ရေပက်ဖျန်းဖို့၊ ပွဲဈေးတန်းအဝင်ဝမှာရှိတဲ့ ကျန်းမာရေး ဆေးခန်းအနီးမှာ လက်ဆေးဂျယ်လ်တွေ၊ လက်ဆေးကန်တွေ၊ အသိပညာပေး ဗွီနိုင်းတွေကိုလည်း ထားရှိ ပေးထားပါတယ်။ ပွဲဈေးတန်းကို တားမြစ်တာ မဟုတ်ပါဘူး။ လူစုလူဝေးဖြစ်စေမယ့် ဇာတ်၊ သဘင်၊ ရုပ်ရှင်ပြသတာတွေလို ဟာမျိုးတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါအပြင် အသက် (၄၀) အထက်တွေကို ဆီးချို၊ သွေးချို ရောဂါတွေကို အခမဲ့စစ်ဆေးပေးတယ်။ ပြီးတော့ တီဘီရောဂါရှိတယ်လို့ သံသယရှိသူတွေ အနေနဲ့ ဘော်ကြို ပွဲတော်မှာရှိတဲ့ ကျန်းမာရေးဆေးခန်းမှာ အခမဲ့လာစစ်ဆေးပြီးတော့ ဆေးခန်းက ပေးတဲ့လက်မှတ်ကိုယူပြီး သီပေါ ပြည်သူ့ဆေးရုံမှာ တီဘီရောဂါ အခမဲ့ကုသမှု ခံယူနိုင်ဖို့လည်း လုပ်ဆောင်ပေးနေပါတယ် 

ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ပြောသည်။

ရောဂါလက္ခဏာ မပြသေးသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများရှိပါက လူအများအပြားသို့ ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် လူစုလူဝေးများဖြင့် ပွဲများကျင်းပခြင်းကို မဖြစ်မနေအခြေအနေမှလွဲ၍ ကျင်းပခြင်းမပြုရန် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည့်အတွက် ဘုရားပွဲတော်ကို ဇာတ်သဘင်များ ထည့်သွင်းခြင်းမပြုတော့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဘော်ကြိုဘုရားပွဲတွင် ယခင်နှစ်များက ဆိုင်ခန်းပေါင်း (၁၀၀၀) ကျော်အထိ လာရောက် ရောင်းချလေ့ရှိသော်လည်း ယခုနှစ်တွင် ဆိုင်ခန်း ၁၂၀ ခန့်သာ လာရောက်ဖွင့်လှစ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~