တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ားေက်းရြာမ်ားမွ ဆရာ၊ဆရာမမ်ားအတြက္ အိမ္သံုးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖိုမ်ားပံ့ပိုး

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ားေက်းရြာမ်ားမွ ဆရာ၊ဆရာမမ်ားအတြက္ အိမ္သံုးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖိုမ်ားပံ့ပိုး
မေ 23, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဝးလံေခါင္ဖ်ား ေက်းလက္ေဒသမ်ားရိွ စာသင္ေက်ာင္း (၂၀)မွ ဆရာ၊ဆရာမမ်ားအတြက္ အိမ္သုံးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖိုမ်ားအား ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနက ၂၀၁၈ ခုႏွစ္ ေမလ(၂၃)ရက္တြင္ အထက တာခ်ီလိတ္ခန္းမေဆာင္၌ ေပးအပ္ေၾကာင္း သိရသည္။

"ဒီအိမ္သုံးဆိုလာနဲ႕ စြမ္းအားျမႇင့္မီးဖိုေတြကို တရုတ္ႏိုင္ငံနဲ႕ ကၽြန္ေတာ္တို႕ႏိုင္ငံ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ ကၽြန္ေတာ္တို႔ ဝန္ႀကီးဌာနကို ေပးတာျဖစ္ပါတယ္။ ဒါေတြကို ကၽြန္ေတာ္တို႔ ဝန္ႀကီးဌာနက မစီမံေတာ့ဘဲနဲ႕ သက္ဆိုင္ရာ ျပည္နယ္အစိုးရေတြကို ခြဲေပးလိုက္တာျဖစ္ပါတယ္။ ဒါေတြကို ျပည္နယ္အစိုးရက ရွမ္းျပည္နယ္အတြင္းမွာရိွတဲ့ ၿမိဳ႕နယ္ေတြအတြက္ စီမံခန္႔ခြဲၿပီးေတာ့ ေပးအပ္လိုက္တာျဖစ္ၿပီးေတာ့ ကၽြန္ေတာ္တို႕ သစ္ေတာဌာနက ဆရာမေတြလက္ထဲေရာက္ဖို႔အတြက္ သယ္ယူစရိတ္ကအစ အကုန္တာဝန္ယူၿပီးေတာ့ ေဆာင္ရြက္ေပးတာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အိမ္သုံးဆိုလာႏွင့္ စြမ္းအားျမႇင့္မီးဖို အစံု(၂၀)အား တာခ်ီလိိတ္ၿမိဳ႕နယ္အတြင္းရိွ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေအာက္မိုင္းဟဲေက်းရြာအုပ္စု၊ မိုင္းကိုးေက်းရြာအုပ္စု၊ နားေယာင္းေက်းရြာအုပ္စု၊ မိုင္းလင္း(အေနာက္)ေက်းရြာအုပ္စု၊ မုိုင္းပါလွ်ိဳးေက်းရြာအုပ္စုႏွင့္ က်ခမ္းေက်ာက္ေက်းရြာအုပ္စုတို႔ရိွ စာသင္ေက်ာင္း (၂၀)မွ ဆရာ၊ဆရာမမ်ားအား ေပးအပ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံအား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအရ ေပးအပ္ခဲ့သည့္ အိမ္သုံးဆိုလာႏွင့္ စြမ္းအားျမွင့္မီးဖိုမ်ားထဲမွ သယံဇာတႏွင့္သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနက ရွမ္းျပည္နယ္အစိုးရအဖြဲ႕အား ဆိုလာ(၃၀၀)စုံႏွင့္ စြမ္းအားျမႇင့္မီးဖို(၄၅၀)လုံးတို႔ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္စိုးတင့္၊ အထက တာခ်ီလိတ္မွ ေက်ာင္းအုပ္ဆရာႀကီး ဦးေအးသိန္းႏွင့္ ဌာနဆိုင္ရာမွ တာဝန္ရိွသူမ်ား၊ ဆရာ၊ဆရာမမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း ဝေးလံခေါင်ဖျားကျေးရွာများမှ ဆရာ၊ဆရာမများအတွက် အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့်မီးဖိုများပံ့ပိုး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝေးလံခေါင်ဖျား ကျေးလက်ဒေသများရှိ စာသင်ကျောင်း (၂၀)မှ ဆရာ၊ဆရာမများအတွက် အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့်မီးဖိုများအား ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၁၈ ခုနှစ် မေလ(၂၃)ရက်တွင် အထက တာချီလိတ်ခန်းမဆောင်၌ ပေးအပ်ကြောင်း သိရသည်။

"ဒီအိမ်သုံးဆိုလာနဲ့ စွမ်းအားမြှင့်မီးဖိုတွေကို တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကျွန်တော်တို့ ဝန်ကြီးဌာနကို ပေးတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနက မစီမံတော့ဘဲနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကို ခွဲပေးလိုက်တာဖြစ်ပါတယ်။ ဒါတွေကို ပြည်နယ်အစိုးရက ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေအတွက် စီမံခန့်ခွဲပြီးတော့ ပေးအပ်လိုက်တာဖြစ်ပြီးတော့ ကျွန်တော်တို့ သစ်တောဌာနက ဆရာမတွေလက်ထဲရောက်ဖို့အတွက် သယ်ယူစရိတ်ကအစ အကုန်တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့်မီးဖို အစုံ(၂၀)အား တာချီလိတ်မြို့နယ်အတွင်းရှိ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ အောက်မိုင်းဟဲကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်စု၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ မိုင်းပါလျှိုးကျေးရွာအုပ်စုနှင့် ကျခမ်းကျောက်ကျေးရွာအုပ်စုတို့ရှိ စာသင်ကျောင်း (၂၀)မှ ဆရာ၊ဆရာမများအား ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား နှစ်နိုင်ငံချစ်ကြည်ရေးအရ ပေးအပ်ခဲ့သည့် အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့်မီးဖိုများထဲမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ဆိုလာ(၃၀၀)စုံနှင့် စွမ်းအားမြှင့်မီးဖို(၄၅၀)လုံးတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်စိုးတင့်၊ အထက တာချီလိတ်မှ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~