မိုင္းပ်ဥ္းၿမိဳ႕တြင္ ေက်ာင္းသားေက်ာင္းသူမ်ားကို ႏုိင္ငံသားစိစစ္ေရးကဒ္အေၾကာင္း ရွင္းလင္းေဆြးေႏြးၿပီး စိစစ္ေရးကဒ္ထုတ္ေပး

မိုင္းပ်ဥ္းၿမိဳ႕တြင္ ေက်ာင္းသားေက်ာင္းသူမ်ားကို ႏုိင္ငံသားစိစစ္ေရးကဒ္အေၾကာင္း ရွင္းလင္းေဆြးေႏြးၿပီး စိစစ္ေရးကဒ္ထုတ္ေပး
အောက်တိုဘာ 31, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုခရိုင္၊ မုိင္းပ်ဥ္းၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း(၂)ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားအား ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔က ႏုိင္ငံသားစိစစ္ေရး ကဒ္ေပးအပ္သည့္အခမ္းအနားတြင္ ႏုိင္ငံသားစိစစ္ေရးကဒ္မ်ားအေၾကာင္း ရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။
အဆိုပါေဒသရိွ ေဝးလံေခါင္ဖ်ားေဒသတြင္ ေနထိုင္သည့္ေဒသခံမ်ားအေနျဖင့္ ႏုိင္ငံသားစိစစ္ေရးကဒ္ျပဳလုပ္ရန္ လိုအပ္သည္ကို မသိရိွသူမ်ားလည္းရိွေနတတ္သျဖင့္ ယင္းကဲ့သို႔ ရွင္းလင္းေဆြးေႏြးျခင္းကို လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။

 “ဒီေဒသစကားေပါက္ေအာင္ ရွင္းျပရတာေပါ့။ သူတို႔ခရီးေတြသြားခ်င္လာတဲ့အခါ ကားလက္မွတ္၊ ေလယာဥ္လက္မွတ္ေတြ ဝယ္တဲ့အခါ ဒါေတြလိုအပ္တယ္ဆိုတာ ရွင္းျပေပးရတယ္။ ေနာက္လံုၿခံဳေရးအရ စစ္ၿပီဆိုရင္လည္း ဒါေတြက လိုအပ္တဲ့အေၾကာင္း၊ ဒီလိုစစ္ေဆးတာကလည္း အပ္ႏွင္းထားတဲ့ဥပေဒအရ စစ္ရတဲ့အေၾကာင္း မေန႔ကလို အခမ္းအနားမွာ ရွင္းျပရတယ္။ ေဒသခံေတြအေနနဲ႔လည္း ရွင္းလင္းျပတာေတြကို သေဘာေပါက္ၾကပါတယ္”ဟု ဟု မိုင္းပ်ဥ္းၿမိဳ႕နယ္ဦးစီးမွဴး ဦးဝင္းေဖက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မုိင္းပ်ဥ္းအေျခခံပညာအထက္တန္းေက်ာင္းႏွင့္ မုိင္းပ်ဥ္းအေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) တို႔မွ ေက်ာင္းသားေက်ာင္းသူ (၂၉၄)ဦးကို နုိင္ငံသားစိစစ္ေရးကဒ္မ်ား ထုတ္ေပးထားျခင္းျဖစ္ၿပီး လက္ရိွအခ်ိန္ထိ မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္းရိွ အေျခခံပညာေက်ာင္း (၁၇)ေက်ာင္းအနက္ (၁၅)ေက်ာင္းတြင္ ႏုိင္ငံသားစိစစ္ေရးကဒ္ထုတ္ထားေပးၿပီးျဖစ္ေၾကာင္းသိရသည္။

“ေက်ာင္းဖြင့္ရာသီကစၿပီး လုပ္ေဆာင္ေပးေနတာပါ။ အေျခခံပညာေက်ာင္းေပါင္း (၁၅)ေက်ာင္းေတာ့ လုပ္ေပးၿပီးသြားၿပီ။ ေက်ာင္း(၂)ေက်ာင္းပဲ က်န္ပါေတာ့တယ္။ သိပ္ေဝးလံတဲ့ေနရာရယ္၊ လမ္းပန္းဆက္သြယ္ေရး အရမ္းခက္တဲ့ေနရာရယ္၊ လံုၿခံဳေရးအရ စိတ္မခ်ရတဲ့ေနရာေတြပဲ က်န္တာပါ” ဟု မိုင္းပ်ဥ္းၿမိဳ႕နယ္ဦးစီးမွဴး ဦးဝင္းေဖက ေျပာသည္။

ေက်ာင္းသားေက်ာင္းသူအား ႏိုင္ငံသားစိစစ္ေရးကတ္ျပားေပးအပ္သည့္အခမ္းအနားသို႔္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္၊ ၿမိဳ႕နယ္ပညာေရးမွဴး ဦးေအာင္ၾကည္စိန္ႏွင့္ ဆရာ၊ဆရာမမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ လဝက ၿမိဳ႕နယ္ဦးစီးမွဴး ဦးဝင္းေဖႏွင့္ ဝန္ထမ္းမ်ားလည္း လာေရာက္ၾကၿပီး ဌာနအလိုက္ ေက်ာင္းသားေက်ာင္းသူမ်ား သိေကာင္းစရာတုိ႔ကို ရွင္းလင္းေျပာၾကားၾကေၾကာင္း သိရသည္။

သတင္း #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းပျဉ်းမြို့တွင် ကျောင်းသားကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကဒ်အကြောင်း ရှင်းလင်းဆွေးနွေးပြီး စိစစ်ရေးကဒ်ထုတ်ပေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းမှ ကျောင်းသားကျောင်းသူများအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့က နိုင်ငံသားစိစစ်ရေး ကဒ်ပေးအပ်သည့်အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကဒ်များအကြောင်း ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အဆိုပါဒေသရှိ ဝေးလံခေါင်ဖျားဒေသတွင် နေထိုင်သည့်ဒေသခံများအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြုလုပ်ရန် လိုအပ်သည်ကို မသိရှိသူများလည်းရှိနေတတ်သဖြင့် ယင်းကဲ့သို့ ရှင်းလင်းဆွေးနွေးခြင်းကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

 “ဒီဒေသစကားပေါက်အောင် ရှင်းပြရတာပေါ့။ သူတို့ခရီးတွေသွားချင်လာတဲ့အခါ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ ဝယ်တဲ့အခါ ဒါတွေလိုအပ်တယ်ဆိုတာ ရှင်းပြပေးရတယ်။ နောက်လုံခြုံရေးအရ စစ်ပြီဆိုရင်လည်း ဒါတွေက လိုအပ်တဲ့အကြောင်း၊ ဒီလိုစစ်ဆေးတာကလည်း အပ်နှင်းထားတဲ့ဥပဒေအရ စစ်ရတဲ့အကြောင်း မနေ့ကလို အခမ်းအနားမှာ ရှင်းပြရတယ်။ ဒေသခံတွေအနေနဲ့လည်း ရှင်းလင်းပြတာတွေကို သဘောပေါက်ကြပါတယ်”ဟု ဟု မိုင်းပျဉ်းမြို့နယ်ဦးစီးမှူး ဦးဝင်းဖေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းပျဉ်းအခြေခံပညာအထက်တန်းကျောင်းနှင့် မိုင်းပျဉ်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ) တို့မှ ကျောင်းသားကျောင်းသူ (၂၉၄)ဦးကို နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇)ကျောင်းအနက် (၁၅)ကျောင်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ထားပေးပြီးဖြစ်ကြောင်းသိရသည်။

“ကျောင်းဖွင့်ရာသီကစပြီး လုပ်ဆောင်ပေးနေတာပါ။ အခြေခံပညာကျောင်းပေါင်း (၁၅)ကျောင်းတော့ လုပ်ပေးပြီးသွားပြီ။ ကျောင်း(၂)ကျောင်းပဲ ကျန်ပါတော့တယ်။ သိပ်ဝေးလံတဲ့နေရာရယ်၊ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်တဲ့နေရာရယ်၊ လုံခြုံရေးအရ စိတ်မချရတဲ့နေရာတွေပဲ ကျန်တာပါ” ဟု မိုင်းပျဉ်းမြို့နယ်ဦးစီးမှူး ဦးဝင်းဖေက ပြောသည်။

ကျောင်းသားကျောင်းသူအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်သည့်အခမ်းအနားသို့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကြည်စိန်နှင့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လဝက မြို့နယ်ဦးစီးမှူး ဦးဝင်းဖေနှင့် ဝန်ထမ်းများလည်း လာရောက်ကြပြီး ဌာနအလိုက် ကျောင်းသားကျောင်းသူများ သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

သတင်း #ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~