က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ျပန္လည္ေရြးေကာက္

က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ျပန္လည္ေရြးေကာက္
သြဂုတ် 21, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံျမိဳ႕ရိွ ကြန္ပ်ဴတာတကၠသိုလ္တြင္ ေရြးေကာက္ပြဲျဖင့္ ေရြးခ်ယ္ခံရသည့္ ေက်ာင္းသားမ်ားသမဂၢ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕သစ္သို႔ ၂၀၁၉ - ၂၀၂၀ အလုပ္ႏွစ္အတြက္ လုပ္ငန္းတာဝန္မ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔၌ လႊဲေျပာင္းေပးမည္ျဖစ္သည္။

သမဂၢ၏ ဥကၠဌအျဖစ္ ကိုျပည့္ျဖိဳ းေအာင္၊ ဒုတိယဥကၠဌအျဖစ္ မေရႊယမႈံဇင္ႏွင့္ အေထြေထြအတြင္းေရးမွဴ းအျဖစ္ ကိုေ၀ျဖိဳးေအာင္တို႔ ေရြးခ်ယ္ခံရျခင္းျဖစ္ၿပီး ယခင္ေက်ာင္းသားသမဂၢေဟာင္းက လုပ္ငန္းတာဝန္မ်ား လႊဲေျပာင္းေပးမည္ျဖစ္သည္။

“ ကၽြန္ေတာ္တာဝန္ယူ ေဆာင္ရြက္မယ့္သက္တမ္းမွာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနနဲ႔ ေက်ာင္းတြင္း၊ ေက်ာင္းျပင္မွာရိွတဲ့ အသင္းအဖြဲ႕ေတြနဲ႕ ပိုမိုခ်ိတ္ဆက္ျပီး ပါ၀င္ေဆာင္ရြက္လာေအာင္ ေဆာင္ရြက္သြားပါမယ္။ ျပီးရင္ ကၽြန္ေတာ္က ပထမအႀကိမ္ သမဂၢဗဟိုအလုပ္အမႈေဆာင္အဖြဲ႕မွာလည္း ျပန္ၾကားေရးတာဝန္ကိုရယူျပီး ေဆာင္ရြက္ခဲ့ဖူးတာမို႔ ရရိွထားတဲ့ အေတြ႕အႀကံဳေကာင္းေတြနဲ႔ ေက်ာင္းသားထုအေရးကို အေလးထားျပီး ေဆာင္ရြက္သြားပါမယ္” ဟု ကြန္ပ်ဴတာ တကၠသိုလ္က်ဳိ င္းတုံ ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုျပည့္ျဖိဳးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရိွသူ (၁၁၈)ဦးရိွသည့္အနက္ လာေရာက္မဲေပးသူ (၈၅)ဦးရိွခဲ့ရာ  အေထြေထြအတြင္းေရးမွဴးေနရာအတြက္ ဝင္ေရာက္ယွဥ္ျပိဳင္သည့္ မသက္ဖူးေဝက (၃၉)မဲ၊ ကိုေဝျဖိဳးေအာင္က (၄၃)မဲ၊ ဒုတိယဥကၠဌေနရာအတြက္ ကိုနဒီဦးက (၂၈)မဲႏွင့္ မေရႊယမႈံဇင္က (၅၆)မဲႏွင့္ ဥကၠဌေနရာတြင္မူ ကိုျပည့္ျဖိဳးေအာင္က ျပိဳင္ဘက္မရိွခဲ့ေၾကာင္း သိရသည္။

ကြန္ပ်ဴတာတကၠသိုလ္ က်ဳိင္းတုံ ေက်ာင္းသားမ်ားသမဂၢကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ(၁၅)ရက္ေန႕တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ျပီး က်ိဳင္းတုံျမိဳ႕တြင္ ပထမဆုံးေက်ာင္းသားသမဂၢျဖစ္ၿပီး ဥကၠဌအျဖစ္ ကိုေကာင္းျမတ္စံက တာဝန္ယူခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - UCSK

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးကောက်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ရွေးကောက်ပွဲဖြင့် ရွေးချယ်ခံရသည့် ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်သို့ ၂၀၁၉ - ၂၀၂၀ အလုပ်နှစ်အတွက် လုပ်ငန်းတာဝန်များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၌ လွှဲပြောင်းပေးမည်ဖြစ်သည်။

သမဂ္ဂ၏ ဥက္ကဌအဖြစ် ကိုပြည့်ဖြို းအောင်၊ ဒုတိယဥက္ကဌအဖြစ် မရွှေယမှုံဇင်နှင့် အထွေထွေအတွင်းရေးမှူ းအဖြစ် ကိုဝေဖြိုးအောင်တို့ ရွေးချယ်ခံရခြင်းဖြစ်ပြီး ယခင်ကျောင်းသားသမဂ္ဂဟောင်းက လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးမည်ဖြစ်သည်။

“ ကျွန်တော်တာဝန်ယူ ဆောင်ရွက်မယ့်သက်တမ်းမှာ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကျောင်းတွင်း၊ ကျောင်းပြင်မှာရှိတဲ့ အသင်းအဖွဲ့တွေနဲ့ ပိုမိုချိတ်ဆက်ပြီး ပါဝင်ဆောင်ရွက်လာအောင် ဆောင်ရွက်သွားပါမယ်။ ပြီးရင် ကျွန်တော်က ပထမအကြိမ် သမဂ္ဂဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာလည်း ပြန်ကြားရေးတာဝန်ကိုရယူပြီး ဆောင်ရွက်ခဲ့ဖူးတာမို့ ရရှိထားတဲ့ အတွေ့အကြုံကောင်းတွေနဲ့ ကျောင်းသားထုအရေးကို အလေးထားပြီး ဆောင်ရွက်သွားပါမယ်” ဟု ကွန်ပျူတာ တက္ကသိုလ်ကျို င်းတုံ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုပြည့်ဖြိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ (၁၁၈)ဦးရှိသည့်အနက် လာရောက်မဲပေးသူ (၈၅)ဦးရှိခဲ့ရာ  အထွေထွေအတွင်းရေးမှူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် မသက်ဖူးဝေက (၃၉)မဲ၊ ကိုဝေဖြိုးအောင်က (၄၃)မဲ၊ ဒုတိယဥက္ကဌနေရာအတွက် ကိုနဒီဦးက (၂၈)မဲနှင့် မရွှေယမှုံဇင်က (၅၆)မဲနှင့် ဥက္ကဌနေရာတွင်မူ ကိုပြည့်ဖြိုးအောင်က ပြိုင်ဘက်မရှိခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ် ကျိုင်းတုံ ကျောင်းသားများသမဂ္ဂကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့တွင် ပထမဆုံးကျောင်းသားသမဂ္ဂဖြစ်ပြီး ဥက္ကဌအဖြစ် ကိုကောင်းမြတ်စံက တာဝန်ယူခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - UCSK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net