က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ား အပတ္စဥ္ ေဆာင္ရြက္ေန

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ား အပတ္စဥ္ ေဆာင္ရြက္ေန
ဇွန် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေသြးလြန္တုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ေရး အတြက္ ၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ စာသင္ေက်ာင္းမ်ားတြင္ ပိုးေလာက္လန္း ကာကြယ္ႏွိမ္ႏွင္းေရး လုပ္ငန္းမ်ားကို အပတ္စဥ္ လုပ္ေဆာင္လွ်က္ရိွေၾကာင္း သိရသည္။

"ကၽြန္မတို႔ ၿမိဳ႕နယ္မွာဆိုရင္ တစ္ပတ္မွာ ႏွစ္ရက္ႏႈန္း ဖုံး၊သြန္၊လဲ၊စစ္ ဆိုတဲ့ ပိုးေလာက္လန္း ကာကြယ္ ႏွိမ္ႏွင္းေရး လုပ္ငန္းေတြကို ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ လုပ္ေနပါတယ္။ ၿပီးရင္ ေက်ာင္းေတြကလည္း ျပန္ဖြင့္ေနၿပီဆိုေတာ့ ဒီတစ္ပတ္က စၿပီးေတာ့ ၿမိဳ႕ေပၚေက်ာင္းေတြမွာ ပိုးေလာက္လန္း ကာကြယ္ ႏွိမ္ႏွင္းေရးနဲ႔ ေက်ာင္းေတြမွာရိွတဲ့ ေရေလွာင္ကန္ေတြမွာ ပိုးေလာက္လန္းေတြ ေသေစႏိုင္တဲ့ အဘိတ္ေဆး ခတ္တာေတြကိုလည္း လုပ္သြားဖို႕ရိွပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာနန္းႏြန္းခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန အေနျဖင့္ အပတ္စဥ္ စေနေန႔တိုင္း ၿမိဳ႕ေပၚရိွ ရပ္ကြက္(၅)ခုႏွင့္ ေက်းရြာမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ ခ်ိတ္ဆက္ကာ ပိုးေလာက္လန္းကာကြယ္ႏွိမ္ႏွင္းေရးလုပ္ငန္းမ်ား အသိပညာေပးျခင္းကို မတ္လမတိ္ုင္မီကတည္းက  စီမံခ်က္မ်ားေရးဆြဲကာ ေကာ္မတီဖြဲ႕၍ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္မတို႔အေနနဲ႔က ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ပတ္သတ္ၿပီးေတာ့ ၿပီးခဲ့တဲ့လက ေက်းရြာ/ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြကို အသိပညာေပးတာေတြ လုပ္ထားသလို ေက်းလက္က်န္းမာေရး ဝန္ထမ္းေတြကိုလည္း ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါေတြနဲ႔ ပတ္သက္ၿပီး သင္တန္းေတြ ျပန္ေပးၿပီး သူတို႔ရဲ႕ သက္ဆိုင္ရာ ေက်းရြာအုပ္စုေတြမွာ အသိပညာေပးတာေတြလည္း လုပ္ေနပါတယ္”ဟု က်ိဳင္းတုံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာနန္းႏြန္းခမ္းက ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ေရး လုပ္ငန္းမ်ားအား အေျခခံပညာေက်ာင္းမ်ားတြင္လည္း ေက်ာင္းက်န္းမာေရးအဖြဲ႕မ်ားႏွင့္အတူ ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

"ေက်ာင္းက်န္းမာေရး လုပ္ငန္းေတြက ပညာေရး ျပကၡဒိန္ပါ လုပ္ငန္းစဥ္ျဖစ္တဲ့အတြက္ လအလိုက္ ေဆာင္ရြက္ရမယ့္ လုပ္ငန္းေတြရိွသလို ပုံမွန္ေဆာင္ရြက္ရမယ့္ လုပ္ငန္းေတြလည္း ရိွပါတယ္။ ေက်ာင္းေတြမွာလည္း ျခင္က်ားေတြ မေပါက္ပြားဖုိ႕အတြက္ ေက်ာင္းက်န္းမာေရးအဖြဲ႕ေတြနဲ႕ ဖုံး၊သြန္၊လဲ၊စစ္ လုပ္ငန္းေတြ ေဆာင္ရြက္ေနသလို ေက်ာင္းစဖြင့္တာနဲ႔ ကေလးေတြအတြက္ လုံၿခံဳစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ျဖစ္ေအာင္ ျပင္ဆင္ရပါတယ္။ စာေရးခုံ၊ ပရိေဘာဂေတြျပင္ဆင္တယ္၊ ေက်ာင္းပတ္ဝန္းက်င္မွာ ၿခံဳႏြယ္ပိတ္ေပါင္းေတြ ရွင္းတယ္။ ဒါေတြကို လုပ္ေဆာင္ေနပါတယ္”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ျပည္နယ္ပညာေရးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင့္ေဆြက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်န္းမာေရးဦးစီးဌာနက ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ၿမိဳ႕နယ္ေပါင္း (၁၀)ၿမိဳ႕နယ္ႏွင့္ အထူးေဒသ(၄)၊ အထူးေဒသ(၂)တို႔တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးဆိုင္ရာ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် စာသင်ကျောင်းများတွင် ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို အပတ်စဉ် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

"ကျွန်မတို့ မြို့နယ်မှာဆိုရင် တစ်ပတ်မှာ နှစ်ရက်နှုန်း ဖုံး၊သွန်၊လဲ၊စစ် ဆိုတဲ့ ပိုးလောက်လန်း ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ လုပ်နေပါတယ်။ ပြီးရင် ကျောင်းတွေကလည်း ပြန်ဖွင့်နပြေီဆိုတော့ ဒီတစ်ပတ်က စပြီးတော့ မြို့ပေါ်ကျောင်းတွေမှာ ပိုးလောက်လန်း ကာကွယ် နှိမ်နှင်းရေးနဲ့ ကျောင်းတွေမှာရှိတဲ့ ရေလှောင်ကန်တွေမှာ ပိုးလောက်လန်းတွေ သေစေနိုင်တဲ့ အဘိတ်ဆေး ခတ်တာတွေကိုလည်း လုပ်သွားဖို့ရှိပါတယ်"ဟု ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန်းနွန်းခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနဖြေင့် အပတ်စဉ် စနေနေ့တိုင်း မြို့ပေါ်ရှိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ပိုးလောက်လန်းကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အသိပညာပေးခြင်းကို မတ်လမတို်င်မီကတည်းက စီမံချက်များရေးဆွဲကာ ကော်မတီဖွဲ့၍ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့က သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သတ်ပြီးတော့ ပြီးခဲ့တဲ့လက ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အသိပညာပေးတာတွေ လုပ်ထားသလို ကျေးလက်ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း သွေးလွန်တုပ်ကွေးရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပြန်ပေးပြီး သူတို့ရဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေမှာ အသိပညာပေးတာတွေလည်း လုပ်နေပါတယ်”ဟု ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွန်းခမ်းက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများအား အခြေခံပညာကျောင်းများတွင်လည်း ကျောင်းကျန်းမာရေးအဖွဲ့များနှင့်အတူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

"ကျောင်းကျန်းမာရေး လုပ်ငန်းတွေက ပညာရေး ပြက္ခဒိန်ပါ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် လအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေရှိသလို ပုံမှန်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်း ရှိပါတယ်။ ကျောင်းတွေမှာလည်း ခြင်ကျားတွေ မပေါက်ပွားဖို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့တွေနဲ့ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းတွေ ဆောင်ရွက်နေသလို ကျောင်းစဖွင့်တာနဲ့ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ပြင်ဆင်ရပါတယ်။ စာရေးခုံ၊ ပရိဘောဂတွပြေင်ဆင်တယ်၊ ကျောင်းပတ်ဝန်းကျင်မှာ ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းတယ်။ ဒါတွေကို လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဆွေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးဦးစီးဌာနက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်ပေါင်း (၁၀)မြို့နယ်နှင့် အထူးဒေသ(၄)၊ အထူးဒေသ(၂)တို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~