မြန္ျပည္နယ္အတြင္း သဘာ၀ေဘးသင့္ျပည္သူမ်ားအတြက္ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕ ပါ၀င္သည့္ အဖြဲ႔(၅)ဖြဲ႔ျဖင့္ အလွဴေငြေကာက္ခံရာ (၃)ရက္တာအတြင္း က်ပ္သိန္းေပါင္း (၃၄၅)သိန္းေက်ာ္ ရရွိ

မြန္ျပည္နယ္အတြင္း သဘာ၀ေဘးသင့္ျပည္သူမ်ားအတြက္ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕ ပါ၀င္သည့္ အဖြဲ႔(၅)ဖြဲ႔ျဖင့္ အလွဴေငြေကာက္ခံရာ (၃)ရက္တာအတြင္း က်ပ္သိန္းေပါင္း (၃၄၅)သိန္းေက်ာ္ ရရွိ
သြဂုတ် 18, 2019
By Tachileik News Agency

မြန္ျပည္နယ္အတြင္း သဘာဝေဘးသင့္ျပည္သူမ်ားအားကူညီႏိုင္ရန္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕၊ Tachileik Talent Show၊ A3N Music Band ၊ Mizzima Crew ႏွင့္ Smile Music အဖြဲ႕တုိ႔၏ စုေပါင္းအလွဴေငြေကာက္ခံမႈ၏ (၃)ရက္တာကာလအတြင္း  စုစုေပါင္းက်ပ္ (၃၄၅)သိန္းေက်ာ္ ရရိွေၾကာင္း သိရသည္။

ရန္ပံုေငြရွာေဖြေရး ပထမေန႔ျဖစ္သည့္ ၾသဂုတ္လ (၁၅)ရက္ေန႔က ရန္ပံုေငြ က်ပ္(၁,၄၁၉,၃၅၀)၊ ဘတ္ (၁၃၅,၅၈၀)၊ ယြမ္(၂၀)ႏွင့္ ထုိင္းထီလက္မွတ္(၂)ေစာင္ကို လည္းေကာင္း၊ ၾသဂုတ္လ (၁၆) ရက္ေန႔တြင္ က်ပ္(၄,၁၉၈,၉၀၀)ႏွင့္ ဘတ္ (၁၅၈,၂၀၀)ကိုလည္းေကာင္း၊ ၾသဂုတ္လ (၁၇) ရက္ေန႔တြင္ က်ပ္(၃,၂၁၅,၇၀၀)ႏွင့္ ဘတ္ (၂၂၂, ၉၃၀)ကိုလည္းေကာင္း ရရိွျခင္းျဖစ္ရာ ျမန္မာ က်ပ္ေငြ ႏွင့္ ထိုင္းဘတ္ေငြမ်ား၏ စုေပါင္းမွာ က်ပ္(၃၄၅)သိန္းေက်ာ္ျဖစ္သည္။

ရန္ပံုေငြရွာေဖြေရးကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၁၅)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ Bboy၊ Zumba အကအဖြဲ႕မ်ား၊ ဂီတအဖြဲ႕မ်ား၏ ေဖ်ာ္ေျဖမႈမ်ားျဖင့္ ရန္ပံုေငြရွာေဖြခဲ့ျခင္းျဖစ္ၿပီး ရန္ပံုေငြပြဲ (၃)ရက္တာအတြက္ ကုန္က်စရိတ္မ်ားကို အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား အဖြဲ႔မွ လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးစိုင္းဂြ်န္ရီ( J My King Hotel ႏွင့္ Johnny Fitness Center )ႏွင့္ အထကတာခ်ီလိတ္ေက်ာင္းသူေက်ာင္းသားမ်ားအဖြဲ႕က က်ခံျခင္းျဖစ္သည္။

အမ်ားစုေပါင္းလွဴဒါန္းသည့္ ရန္ပံုေငြမ်ားအားလံုးကို မြန္ျပည္နယ္မွ သဘာဝေဘးသင့္ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ျပည္နယ္အစိုးရျခင္း ခ်ိတ္ဆက္၍ စနစ္တက် ေပးပို႔သြားမည္ျဖစ္ၿပီး ရရိွသည့္ အလွဴပစၥည္းမ်ားကို မြန္ႏွင့္ကရင္ ေရေဘးသင့္ျပည္သူမ်ားထံ သြားေရာက္လွဴဒါန္းမည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈေရးအသင္းအဖြဲ႕မ်ားကြန္ယက္(CSO)မွတစ္ဆင့္ ေပးပို႔လွဴဒါန္းေပးထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ လက္ခံရရွိတဲ့ အလွဴေငြေတြ အားလံုးကို ျပည္နယ္အစိုးရခ်င္း ခ်ိတ္ဆက္လွဴဒါန္းႏုိင္ရန္အတြက္ကို ကြ်န္ေတာ္တို႔ ဒီရက္ပိုင္း တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးထံ အပ္ႏွံလွဴဒါန္းသြားမွာပါ၊ ရရွိလာတဲ့ အ၀တ္အထည္ေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြကိုေတာ့ CSO အဖြဲ႕လက္ထဲကို (၃)ရက္ေျမာက္ေန႔ရဲ႕ ညပိုင္းမွာပဲ တခါတည္း လႊဲေျပာင္းလွဴဒါန္းေပးလိုက္ပါၿပီ၊ ကြ်န္ေတာ္တို႔ စုေပါင္းအလွဴခံတဲ့ေနရာမွာ လာေရာက္ ပါ၀င္ လွဴဒါန္းေပးၾကတဲ့ ေစတနာရွင္မ်ား အားလံုးကို ေက်းဇူးအထူးတင္ပါတယ္လို႔ ေျပာပါရေစ"ဟု အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား အဖြဲ႔မွ ဦးစိုင္းဂြ်န္ရီက ေျပာသည္။

မြန္ျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း (၈)ၿမိဳ႕နယ္၌ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၃)ရက္ေန႔အထိ ေရေဘး ကယ္ဆယ္ေရးစခန္း (၃၇)ခုတြင္ အိမ္ေထာင္စုေပါင္း (၂,၁၉၆)စုမွ လူဦးေရ စုစုေပါင္း (၅,၄၄၆) ခိုလံႈေနၾကသည္ဟု မြန္ျပည္နယ္အစုိးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ျပည္နယ္တြင္း မိုးသည္းထန္ၿပီး ေရႀကီးနစ္ျမဳပ္မႈ၊ ေျမၿပိဳမႈမ်ားေၾကာင့္ လူေပါင္း (၇၀)ေသဆံုးခဲ့ရသည့္အျပင္ အေဆာက္အဦႏွင့္ လမ္းတံတားမ်ား၊ စပါးစိုက္ဧကမ်ားႏွင့္ ရာဘာၿခံမ်ား ပ်က္စီးဆံုးရံႈးသြားၾကျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအားကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band၊ Mizzima Crew နှင့် Smile Music အဖွဲ့တို့၏ စုပေါင်းအလှူငွေကောက်ခံမှု၏ (၃)ရက်တာကာလအတွင်း စုစုပေါင်းကျပ် (၃၄၅)သိန်းကျော် ရရှိကြောင်း သိရသည်။

ရန်ပုံငွေရှာဖွေရေး ပထမနေ့ဖြစ်သည့် သြဂုတ်လ (၁၅)ရက်နေ့က ရန်ပုံငွေ ကျပ်(၁,၄၁၉,၃၅၀)၊ ဘတ် (၁၃၅,၅၈၀)၊ ယွမ်(၂၀)နှင့် ထိုင်းထီလက်မှတ်(၂)စောင်ကို လည်းကောင်း၊ သြဂုတ်လ (၁၆) ရက်နေ့တွင် ကျပ်(၄,၁၉၈,၉၀၀)နှင့် ဘတ် (၁၅၈,၂၀၀)ကိုလည်းကောင်း၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ကျပ်(၃,၂၁၅,၇၀၀)နှင့် ဘတ် (၂၂၂, ၉၃၀)ကိုလည်းကောင်း ရရှိခြင်းဖြစ်ရာ မြန်မာ ကျပ်ငွေ နှင့် ထိုင်းဘတ်ငွေများ၏ စုပေါင်းမှာ ကျပ်(၃၄၅)သိန်းကျော်ဖြစ်သည်။

ရန်ပုံငွေရှာဖွေရေးကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ Bboy၊ Zumba အကအဖွဲ့များ၊ ဂီတအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် ရန်ပုံငွေရှာဖွေခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေပွဲ (၃)ရက်တာအတွက် ကုန်ကျစရိတ်များကို အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ အဖွဲ့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိုင်းဂျွန်ရီ( J My King Hotel နှင့် Johnny Fitness Center )နှင့် အထကတာချီလိတ်ကျောင်းသူကျောင်းသားများအဖွဲ့က ကျခံခြင်းဖြစ်သည်။

အများစုပေါင်းလှူဒါန်းသည့် ရန်ပုံငွေများအားလုံးကို မွန်ပြည်နယ်မှ သဘာဝဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရခြင်း ချိတ်ဆက်၍ စနစ်တကျ ပေးပို့သွားမည်ဖြစ်ပြီး ရရှိသည့် အလှူပစ္စည်းများကို မွန်နှင့်ကရင် ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းမည့် ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုရေးအသင်းအဖွဲ့များကွန်ယက်(CSO)မှတစ်ဆင့် ပေးပို့လှူဒါန်းပေးထားကြောင်း သိရသည်။

"ကျွန်တော်တို့ လက်ခံရရှိတဲ့ အလှူငွေတွေ အားလုံးကို ပြည်နယ်အစိုးရချင်း ချိတ်ဆက်လှူဒါန်းနိုင်ရန်အတွက်ကို ကျွန်တော်တို့ ဒီရက်ပိုင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အပ်နှံလှူဒါန်းသွားမှာပါ၊ ရရှိလာတဲ့ အဝတ်အထည်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ CSO အဖွဲ့လက်ထဲကို (၃)ရက်မြောက်နေ့ရဲ့ ညပိုင်းမှာပဲ တခါတည်း လွှဲပြောင်းလှူဒါန်းပေးလိုက်ပါပြီ၊ ကျွန်တော်တို့ စုပေါင်းအလှူခံတဲ့နေရာမှာ လာရောက် ပါဝင် လှူဒါန်းပေးကြတဲ့ စေတနာရှင်များ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေ"ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ အဖွဲ့မှ ဦးစိုင်းဂျွန်ရီက ပြောသည်။

မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း (၈)မြို့နယ်၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့အထိ ရေဘေး ကယ်ဆယ်ရေးစခန်း (၃၇)ခုတွင် အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနကြေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှု၊ မြပြေိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦနှင့် လမ်းတံတားများ၊ စပါးစိုက်ဧကများနှင့် ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net