မေကြးၿမိဳ႕ ဂရုဏာရွင္မ်ားနာေရးကူညီမႈအသင္း(၁၆)ႏွစ္ျပည့္ ဓမၼပူဇာသဘင္ တရားပဲြ(၃၈)ပဲြ ေဟာၾကားမည္

မေကြးၿမိဳ႕ ဂရုဏာရွင္မ်ားနာေရးကူညီမႈအသင္း(၁၆)ႏွစ္ျပည့္ ဓမၼပူဇာသဘင္ တရားပဲြ(၃၈)ပဲြ ေဟာၾကားမည္
ဒီဇင်ဘာ 1, 2018
By 🌸
မေကြးၿမိဳ႕ ဂရုဏာရွင္မ်ား နာေရးကူညီမႈအသင္း (၁၆)ႏွစ္ျပည့္ ဓမၼပူဇာသဘင္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁)ရက္ေန႔မွ (၇)ရက္ေန႔အထိ ေန႔ကေလးအထူးတရားပဲြအပါအဝင္ တရားပဲြ(၃၈)ပဲြ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

 “အသင္းႀကီးရဲ႕ ထာဝရအလွဴရွင္ေတြေရာ (၁၆)ႏွစ္တိုင္ေအာင္ ပါဝင္လွဴဒါန္းမႈျပဳေနၾကတဲ့ အလွဴ ရွင္ေတြအေပၚ ျပန္လည္ေက်းဇူးဆပ္တဲ့အေနနဲ႔ ဗုဒၶရဲ႕တရားေတာ္ေတြကို နာယူႏိုင္ေအာင္ဆိုၿပီး ဓမၼပူ ဇာသဘင္ ဆင္ယင္က်င္းပျခင္းျဖစ္ပါတယ္။ ႏွစ္စဥ္ျပဳၿမဲျဖစ္တဲ့ ေက်းရြာ(၃၀)ကို ဖိတ္ၾကားၿပီး တရားပဲြလာ ေရာက္ၾကတဲ့အခါ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားအလိုက္ ဆီဖိုးျပန္လည္ပံ့ပိုးသြားမွာျဖစ္ၿပီး ၿမိဳ႕ေပၚတရားနာ ေတြအတြက္ကေတာ့ ယာဥ္လိုင္း(၇)လိုင္းေလာက္နဲ႔ ညစဥ္ အႀကိဳ အပို႔လုပ္ေဆာင္ေပးသြားမွာပါ”ဟု ဂရုဏာရွင္မ်ား နာေရးကူညီမႈအသင္း ဥကၠဌ ဦးအုန္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအသင္းသည္ ေဒသတြင္းနာေရးကူညီမႈမ်ား၊ ေအာက္ဆီဂ်င္ဗူးမ်ား အခမဲ့ပံ့ပိုးေပးျခင္း၊  အခမဲ့ေဆးခန္းဖြင့္လွစ္ျခင္း၊ သဘာဝေဘးအႏၱရာယ္သင့္ျပည္သူမ်ားအား ေထာက္ပံ့လွဴဒါန္းျခင္း၊ အေရးေပၚလူနာမ်ား ကူညီပို႔ေဆာင္ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္ၿပီး လက္ရိွတြင္ ရန္ပံုေငြ က်ပ္သိန္း(၂၃၀၀)ခန္႔ရိွေနကာ အဆိုပါအသင္းမွတစ္ဆင့္ အမ်ားျပည္သူလွဴဒါန္းမႈတန္ဖိုးမွာ က်ပ္သိန္းေပါင္း(၈၀၀၀၀) ခန္႔ ရိွၿပီျဖစ္ေၾကာင္း သိရသည္။

မေကြးၿမိဳ႕ ဂရုဏာရွင္မ်ား နာေရးကူညီမႈအသင္းကို ၂၀၀၂ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္ေန႔တြင္ မေကြးဆရာေတာ္ဘုရားႀကီး၏ ဦးေဆာင္လမ္းညႊန္မႈျဖင့္ တည္ေထာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့ ဂရုဏာရှင်များနာရေးကူညီမှုအသင်း(၁၆)နှစ်ပြည့် ဓမ္မပူဇာသဘင် တရားပွဲ(၃၈)ပွဲ ဟောကြားမည်
************
မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်း (၁၆)နှစ်ပြည့် ဓမ္မပူဇာသဘင်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ နေ့ကလေးအထူးတရားပွဲအပါအဝင် တရားပွဲ(၃၈)ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 “အသင်းကြီးရဲ့ ထာဝရအလှူရှင်တွေရော (၁၆)နှစ်တိုင်အောင် ပါဝင်လှူဒါန်းမှုပြုနေကြတဲ့ အလှူ ရှင်တွေအပေါ် ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို နာယူနိုင်အောင်ဆိုပြီး ဓမ္မပူ ဇာသဘင် ဆင်ယင်ကျင်းပခြင်းဖြစ်ပါတယ်။ နှစ်စဉ်ပြုမြဲဖြစ်တဲ့ ကျေးရွာ(၃၀)ကို ဖိတ်ကြားပြီး တရားပွဲလာ ရောက်ကြတဲ့အခါ မော်တော်ယာဉ်အမျိုးအစားအလိုက် ဆီဖိုးပြန်လည်ပံ့ပိုးသွားမှာဖြစ်ပြီး မြို့ပေါ်တရားနာ တွေအတွက်ကတော့ ယာဉ်လိုင်း(၇)လိုင်းလောက်နဲ့ ညစဉ် အကြို အပို့လုပ်ဆောင်ပေးသွားမှာပါ”ဟု ဂရုဏာရှင်များ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးအုန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအသင်းသည် ဒေသတွင်းနာရေးကူညီမှုများ၊ အောက်ဆီဂျင်ဗူးများ အခမဲ့ပံ့ပိုးပေးခြင်း၊  အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်း၊ သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း၊ အရေးပေါ်လူနာများ ကူညီပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ပုံငွေ ကျပ်သိန်း(၂၃၀၀)ခန့်ရှိနေကာ အဆိုပါအသင်းမှတစ်ဆင့် အများပြည်သူလှူဒါန်းမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း(၈၀၀၀၀) ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်းကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် မကွေးဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~