ကၽြဲႏြားတင္ပို႔ရန္ သယ္လာသည့္ ေမာ္ေတာ္ယာဥ္အား ေက်ာက္မဲၿမိဳ႕နယ္တြင္း ေသနတ္ျဖင့္ ပစ္ခတ္ခံရ

ကၽြဲႏြားတင္ပို႔ရန္ သယ္လာသည့္ ေမာ္ေတာ္ယာဥ္အား ေက်ာက္မဲၿမိဳ႕နယ္တြင္း ေသနတ္ျဖင့္ ပစ္ခတ္ခံရ
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ မန္တန္းေက်းရြာအနီးတြင္ ေနာင္ခ်ိဳဘက္မွ ကြဲ်၊ႏြားမ်ား တင္ေဆာင္လာသည့္ (၁၂) ဘီးယာဥ္(၅)စီးအဖြဲ႕မွ တစ္စီးမွ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁) ရက္ေန႔ နံနက္က ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္အတြက္ အမ်ိဳးသား(၂)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

“ကား (၅) စီးအဖြဲ႔နဲ႔လာတာ။ အဲဒီမွာ မနက္ ႏွစ္နာရီခြဲေလာက္မွာ ညအိပ္နားတဲ့အခ်ိန္ ေရွ႕ဆံုးကားကို လက္နက္နဲ႔ အခ်က္ (၂၀) ေလာက္ ဝိုင္းပစ္ၾကတယ္လို႔ သိရတယ္။ အမ်ိဳးသား ႏွစ္ဦး ေျခေထာက္ေတြမွာ ေသနတ္ဒဏ္ရာ ရသြားတယ္။ ကၽြန္ေတာ္တို႔ကို အဲဒီေဒသခံေတြက လွမ္းအေၾကာင္းၾကားတယ္။ သူတို႔ပဲ လူနာေတြကို သယ္လာခ့ဲတာ” ဟု ေက်ာက္မဲၿမိဳ႕ရွိ ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ကြ်ဲ၊ႏြား မ်ားတင္ေဆာင္လာသည့္ ယာဥ္မ်ားမွာ ျမန္မာ့ရတနာကုမၸဏီမွ တရားဝင္တင္ပို႔ရန္ သယ္ေဆာင္ လာျခင္းျဖစ္ကာ ေသနတ္ပစ္ခံရ၍ ဒဏ္ရာရသူႏွစ္ဦးအား ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ေနာင္ပိန္နယ္ေျမရဲတပ္ဖြဲ႕က အဆိုပါျဖစ္စဥ္အား စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ကၽြဲ၊ႏြားအရွင္မ်ား ျပည္ပ တင္ပို႔ခြင့္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာအမွတ္ ၄၉/၁၀၁၇ျဖင့္ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ ႏွစ္ကုန္မွစ၍ မူဆယ္ (၁၀၅)မိုင္ကုန္သြယ္ေရးစခန္းမွေန၍ တစ္ဖက္တရုတ္ႏုိင္ငံသို႔ တရားဝင္ တင္ပို႔မႈမ်ား စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ရိွ နယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တရုတ္ႏုိင္ငံသို႔ ၂၀၁၈ ခုႏွစ္ ေမလ (၁)ရက္ေန႔မွ (၁၅)ရက္ေန႔အတြင္း ကၽြဲႏြားဆိတ္တင္ပို႔မႈမွ အခြန္ေငြ က်ပ္သိန္းေပါင္း (၁၇၀၀)ေက်ာ္ ရရိွေၾကာင္း မူဆယ္(၁၀၅)မုိင္ ကုန္သြယ္ေရးစခန္းမွ သိရသည္။

ကၽြဲႏြားမ်ားျပည္ပတင္ပို႔ျခင္းကို တရားဝင္ခြင့္မျပဳမီအခ်ိန္ကတည္းက တရုတ္ႏုိင္ငံသို႔ တရားမဝင္တင္ပို႔မႈမ်ား ရိွေနျခင္းျဖစ္ၿပီး တရားဝင္တင္ပို႔ခြင့္ျပဳၿပီးသည့္ကာလအတြင္း ကၽြဲႏြားမ်ားတရားဝင္သယ္ေဆာင္လာသည့္ ကားမ်ားကို မူဆယ္သို႔ပို႔ေဆာင္သည့္လမ္းေၾကာင္းတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈအခ်ိဳ႕လည္း ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မန်တန်းကျေးရွာအနီးတွင် နောင်ချိုဘက်မှ ကျွဲ၊နွားများ တင်ဆောင်လာသည့် (၁၂) ဘီးယာဉ်(၅)စီးအဖွဲ့မှ တစ်စီးမှ ၂၀၁၈ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် အမျိုးသား(၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“ကား (၅) စီးအဖွဲ့နဲ့လာတာ။ အဲဒီမှာ မနက် နှစ်နာရီခွဲလောက်မှာ ညအိပ်နားတဲ့အချိန် ရှေ့ဆုံးကားကို လက်နက်နဲ့ အချက် (၂၀) လောက် ဝိုင်းပစ်ကြတယ်လို့ သိရတယ်။ အမျိုးသား နှစ်ဦး ခြေထောက်တွေမှာ သေနတ်ဒဏ်ရာ ရသွားတယ်။ ကျွန်တော်တို့ကို အဲဒီဒေသခံတွေက လှမ်းအကြောင်းကြားတယ်။ သူတို့ပဲ လူနာတွေကို သယ်လာခဲ့တာ” ဟု ကျောက်မဲမြို့ရှိ ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျွဲ၊နွား များတင်ဆောင်လာသည့် ယာဉ်များမှာ မြန်မာ့ရတနာကုမ္ပဏီမှ တရားဝင်တင်ပို့ရန် သယ်ဆောင် လာခြင်းဖြစ်ကာ သေနတ်ပစ်ခံရ၍ ဒဏ်ရာရသူနှစ်ဦးအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး နောင်ပိန်နယ်မြေရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကျွဲ၊နွားအရှင်များ ပြည်ပ တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၉/၁၀၁၇ဖြင့် ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နှစ်ကုန်မှစ၍ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးစခန်းမှနေ၍ တစ်ဖက်တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့မှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် မေလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ကျွဲနွားဆိတ်တင်ပို့မှုမှ အခွန်ငွေ ကျပ်သိန်းပေါင်း (၁၇၀၀)ကျော် ရရှိကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ သိရသည်။

ကျွဲနွားများပြည်ပတင်ပို့ခြင်းကို တရားဝင်ခွင့်မပြုမီအချိန်ကတည်းက တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှုများ ရှိနခြေင်းဖြစ်ပြီး တရားဝင်တင်ပို့ခွင့်ပြုပြီးသည့်ကာလအတွင်း ကျွဲနွားများတရားဝင်သယ်ဆောင်လာသည့် ကားများကို မူဆယ်သို့ပို့ဆောင်သည့်လမ်းကြောင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုအချို့လည်း ဖြစ်ပွားနခြေင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~