လုိင္စင္မဲ့ကားမ်ားကို ဇြန္လ ၆ ရက္ေန႔မွစ၍ ဖမ္းဆီးအေရးယူေတာ့မည္

လုိင္စင္မဲ့ကားမ်ားကို ဇြန္လ ၆ ရက္ေန႔မွစ၍ ဖမ္းဆီးအေရးယူေတာ့မည္
မေ 30, 2018
By 🌸
ကယားျပည္နယ္အတြင္း လိုင္စင္မဲ့ကားမ်ား အသံုးျပဳမႈအား ၂၀၁၈ ခုႏွစ္ ေမလ (၃၀)ရက္ေန႔မွစ၍ ပညာေပးကာလ တစ္ပတ္ၾကာျပဳလုပ္သြားၿပီး ပညာေပးကာလၿပီးဆုံးသည့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၆)ရက္ေန႔မွစ၍ ဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမလ ၂၉ ရက္ေန႔ တြင္ျပည္နယ္အစိုးရ႐ုံး၌ ျပဳလုပ္ခဲ့ေသာ ကယားျပည္နယ္၊ တရားဥပေဒစို္းမိုးေရးႏွင့္ လုံၿခံဳေရး ဆိုင္ရာ လုပ္ငန္းညွိႏွိဳင္း အစည္းအေဝးတြင္ ယင္းကဲ့သို႔ ဆုံးျဖက္ခဲ့ျခင္းျဖစ္ေၾကာင္း ကယားျပည္နယ္အစိုးရအဖြဲ႔က ထုတ္ျပန္ထားသည္။

"လိုင္စင္မဲ့ကားေတြဖမ္းမယ္ဆိုရင္ေတာ့ တစ္ျပည္နယ္လုံး ဖမ္းခံရမွာပဲ။ ဘာလို႔လဲဆို ဒီဖက္ေဒသမွာက တတ္ႏိုင္သေလာက္ေလးနဲ႔ ကားဝယ္စီးၾကတာေပါ့။ အားလုံးလိုလိုက လိုင္စင္မဲ့ကားေတြေလာက္ပဲ စီးႏိုင္တဲ့သူက ပိုမ်ားတယ္။ လိုင္စင္ကားေတြက်ေတာ့ သူေဌးေတြေလာက္ပဲ စီးႏိုင္ေတာ့တာေလ။ ကားအေရာင္းဝယ္ေတာင္မွ ကယားမွာ Without (လုိင္စင္မဲ့) ေဈးကြက္ပဲ အလုပ္ျဖစ္ေနတာ။ ျပည္နယ္ထဲက ကားစီးတဲ့သူေတြအတြက္ေတာ့ နည္းနည္းေတာ့ အခက္ေတြ႔ကုန္မွာေပါ့ " ဟု လိြဳင္ေကာ္ၿမိဳ႕မွ ကားပြဲစားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ကယားျပည္နယ္အတြင္း လိုင္စင္မဲ့ကားမ်ား အဝင္အထြက္မျပဳလုပ္ရန္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ ၂၀၁၈ခုႏွစ္ ေမလ (၃ဝ) ရက္ေန႔မွ ဇြန္လ (၅)ရက္ေန႔အထိ ပညာေပးျခင္းမ်ားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး ပညာေပးကာလ ၿပီးဆုံးသည့္ ဇြန္လ (၆)ေန႔မွစ၍ ၿမိဳ႕အဝင္အထြက္ဂိတ္မ်ားတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးအေရးယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လိုင်စင်မဲ့ကားများကို ဇွန်လ ၆ ရက်နေ့မှစ၍ ဖမ်းဆီးအရေးယူတော့မည်
*****************
ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ အသုံးပြုမှုအား ၂၀၁၈ ခုနှစ် မေလ (၃၀)ရက်နေ့မှစ၍ ပညာပေးကာလ တစ်ပတ်ကြာပြုလုပ်သွားပြီး ပညာပေးကာလပြီးဆုံးသည့် ၂၀၁၈ ခုနှစ် ဇွန်လ (၆)ရက်နေ့မှစ၍ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့ တွင်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်ခဲ့သော ကယားပြည်နယ်၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြက်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

"လိုင်စင်မဲ့ကားတွေဖမ်းမယ်ဆိုရင်တော့ တစ်ပြည်နယ်လုံး ဖမ်းခံရမှာပဲ။ ဘာလို့လဲဆို ဒီဖက်ဒေသမှာက တတ်နိုင်သလောက်လေးနဲ့ ကားဝယ်စီးကြတာပေါ့။ အားလုံးလိုလိုက လိုင်စင်မဲ့ကားတွေလောက်ပဲ စီးနိုင်တဲ့သူက ပိုများတယ်။ လိုင်စင်ကားတွေကျတော့ သူဌေးတွေလောက်ပဲ စီးနိုင်တော့တာလေ။ ကားအရောင်းဝယ်တောင်မှ ကယားမှာ Without (လိုင်စင်မဲ့) ဈေးကွက်ပဲ အလုပ်ဖြစ်နေတာ။ ပြည်နယ်ထဲက ကားစီးတဲ့သူတွေအတွက်တော့ နည်းနည်းတော့ အခက်တွေ့ကုန်မှာပေါ့ " ဟု လွိုင်ကော်မြို့မှ ကားပွဲစားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ အဝင်အထွက်မပြုလုပ်ရန် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၈ခုနှစ် မေလ (၃ဝ) ရက်နေ့မှ ဇွန်လ (၅)ရက်နေ့အထိ ပညာပေးခြင်းများလုပ်ဆောင်သွားမည်ဖြစ်ပြီး ပညာပေးကာလ ပြီးဆုံးသည့် ဇွန်လ (၆)နေ့မှစ၍ မြို့အဝင်အထွက်ဂိတ်များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~