Update News

(ေဆာင္းပါး) ရုပ္ရွင္ရံုမရွိတဲ့ ေက်ာက္မဲ


ရုပ္ရွင္ရံုမရွိတဲ့ ေက်ာက္မဲ  ။  ။ ေနၿဖဳိးျမင့္

ရံုးပိတ္ရက္လို ေန႔မ်ိဳးမွာဆိုရင္ ေက်ာက္မဲၿမိဳ႕ရဲ႕ ၿမိဳ႕လယ္ေခါင္ဟု ဆိုအပ္သည့္ ထိုေနရာသည္ အလြန္ လူစည္ကားေသာ ေနရာတစ္ခုျဖစ္သည္။

မ်က္ႏွာစာေရွ႕ အုတ္တံတိုင္းပုပုႏွင့္ ကပ္လွ်က္ေနရာတြင္ တစ္ေနကုန္ ပူပူေႏြးေႏြးရႏိုင္သည့္ အေၾကာ္စံု ဆိုင္ေလးလည္း ရွိသည္။

ထိုအေၾကာ္ဆိုင္၏ ေနာက္ေက်ာ အုတ္တံတိုင္းပုပုသာျခားသည့္ေနရာတြင္ သရက္သီးစိတ္၊ အုန္းသီးစိတ္ႏွင့္ ငွက္ေပ်ာသီးအစရွိသည္တို႔ အျပင္ ကာလေပၚ အခ်ဥ္သီးဆားရည္စိမ္၊ ငွက္ေပ်ာသီး၊ ဆားငံသီး၊ ေနၾကာေစ့၊ ကြာေစ့၊ အာလူးေၾကာ္တို႔ကို ေရာင္းခ်သည့္ ဆိုင္တန္းငယ္ေလးလည္းရွိသည္။

လပ္ေနသည့္ ကြင္းျပင္ႏွင့္ ဝင္ေပါက္ ႏွစ္ခုအၾကားတြင္ေတာ့ စက္ဘီးအပ္( ဆိုင္ကယ္သိပ္မစီးၾကေသး ) သည့္ ေနရာတစ္ခုရွိၿပီး မ်က္ႏွာစာ ညာဘက္အဝင္ေပါက္နံေဘးတြင္ေတာ့ တိုက္ပုေလးတစ္ခုရွိကာ ထိုတိုက္ပု၏ အေပၚထပ္ ဝရံတာေနရာတြင္ ပန္းခ်ီဆန္ဆန္ ပိတ္စပိုစတာႀကီးမ်ားကို ခ်ိတ္ဆြဲ ထားေလ့ရွိသည္။

ဘယ္ဖက္ဝင္ေပါက္နံေဘးတြင္ တိုက္ခန္းငယ္တစ္ခုရွိၿပီး စာအုပ္အငွားဆိုင္တစ္ဆိုင္ဖြင့္ထားကာ ၎ေနရာကို လြန္၍ ေျခလွမ္း ဆယ္လွမ္းခန္႔ လွမ္းပါက အေဆာက္အဦးႀကီးတစ္ခု၏ အေပၚထပ္သို ႔တက္မည့္ ေလွကားနံေဘး လူႀကီးခါးလယ္ခန္႔အုတ္ရိုးအထက္တြင္ လက္ႏွစ္ဖက္ေခ်ာင္ေခ်ာင္ဝင္ႏိုင္သည့္ အေပါက္ အခ်ိဳ႕ ရွိၿပီး လြတ္ေနသာေနရာက်ယ္မ်ားတြင္ သံဇကာအကြက္က်ဲက်ဲတို႔ျဖင့္ ကာရံထားသည္။

အေရွ႕ဆံုးတြင္ ေရာက္ရွိေနသူကို မည္သူမွ ေက်ာ္မတက္ဘဲ ထိုသူ၏ ေနာက္ေက်ာဘက္တြင္ အနည္း ငယ္ခြာ၍ ရပ္တန္႔ကာ လက္မွတ္ဝယ္ရန္ေစာင့္ဆိုင္းေနသူတို႔ရွိၿပီး အသက္အရြယ္အမ်ိဳးမ်ိဳးႏွင့္ ကေလးတို႔မွာလည္း ေျပးလႊား ေဆာ့ကစားေနသူမ်ားရွိသလို အေဆာက္အဦး၏ မ်က္ႏွာစာတြင္ (လူႏွစ္ဦး ဝင္ေရာက္ေလ်ွာက္လွမ္း စရာ ေနရာခ်န္၍ ရင္စို႔ခန္႔ အျမင့္ရွိ ) အုတ္ရိုးျဖင့္ကာရံထားသည့္ ေနရာရွိ မွန္ခ်ပ္ႀကီးေနာက္ဖက္တြင္ ခ်ိတ္ဆြဲ ထားေသာ ေရာင္စံုပိုစတာႀကီးမ်ားကို ၾကည့္လွ်က္ ေနသူက ေနေနသည္။

ထိုအေဆာက္အဦးႀကီးမွာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၏ ပထမဦးဆံုး ရုပ္ရွင္ရံုျဖစ္သည့္ “ စိန္ေအာင္ဝင္း” အမည္ရွိ ရုပ္ရွင္ရံုႀကီး ျဖစ္ၿပီး သြပ္မိုးမိုးထားသည့္ အေဆာက္အဦးတစ္ခုျဖစ္ကာ ေရတံေလ်ာက္ ေနရာ အေဆာက္အဦးမ်က္ႏွာစာထိပ္တြင္ ျမန္မာႏိုင္ငံေတာ္အလံကိုလည္း စိုက္ထူထားေပသည္။

ေရွ႕မီေနာက္မီ အသက္အရြယ္ရွိသူမ်ား ေကာင္းေကာင္းမွတ္မိေနသည့္ “သူ႕ကၽြန္မခံၿပီ” ၊“အေမ့ေျခရာ”၊ “သမီးမိုက္” ၊ “မၿငိမ္းေသာမီး” ရုပ္ရွင္ ဇာတ္ကားမွစ နာမည္ေက်ာ္ ျမန္မာ့ရုပ္ရွင္ သရုပ္ေဆာင္မ်ား ျဖစ္ၾကသည့္ ညႊန္႔ဝင္း၊ ေက်ာ္သူ၊ ေက်ာ္ဟိန္း၊ သတိုးေစာတို႔ မွအစ ေဒြး၊ သားညီ၊ လူမင္းတို႔ အပါအဝင္ ေမသန္းႏု၊ ခင္သန္းႏု၊ ခ်ဳိၿပံဳး၊ တင့္တင့္ထြန္း၊ အိျႏၵာေက်ာ္ဇင္၊ သက္မြန္ျမင့္ တို႔ ပါဝင္ သရုပ္ေဆာင္ ထားၾကသည့္ ဇာတ္လမ္းရုပ္ရွင္မ်ားကို ပင္တိုင္ ျပသေနသည့္ ရုပ္ရွင္ရံုႀကီးလည္း ျဖစ္သည္။

မွတ္မွတ္ရရ “မၿငိမ္းေသာမီး” ဟူသည့္ ရုပ္ရွင္ဇာတ္ကားကို ကၽြန္ေတာ့္မိဘမ်ား၊ ေမာင္ႏွမမ်ားႏွင့္ ေျခလ်င္သြား၍ ၾကည့္ကာ ျပန္လာသည့္ညတြင္ ကၽြန္ေတာ္တို႔ ရပ္ကြက္ထဲရွိ “မၿငိမ္း” ဟု အမည္ရွိသည့္ အန္တီႀကီး၏ ေနအိမ္ ေနာက္ဖက္တြင္ “ေတာမီး” လည္း ေလာင္ခဲ့သည့္ ေန႔ျဖစ္သည္။ ( စကားခ်ပ္ )

ထို႔ျပင္ အိႏၵိယေဘာလီးဝုဒ္ သရုပ္ေဆာင္မ်ား ပါဝင္သရုပ္ေဆာင္ထားၾကသည့္ Doom၊ ဟာႏုမာန္၊ ေမ်ာက္လိမၼာ၊ ေျမြလိမၼာ၊ ဆင္လိမၼာတို႔ႏွင့္ အေသာကမင္းႀကီး၏ ဇာတ္လမ္းရုပ္ရွင္ အပါအဝင္ ႏိုင္ငံျခားကားမ်ား ဆိုလ်င္လည္း Titanic ဇာတ္ကားမွအစ Vin Diesel တို႔ပါဝင္သရုပ္ေဆာင္ထားသည့္ Xender Cage ဇာတ္ကားမ်ားအပါအဝင္ ႏိုင္ငံတကာ ရုပ္ရွင္ဇာတ္ကားမ်ားကိုလည္း ျပသေနသည့္ ရုပ္ရွင္ရံုႀကီး ျဖစ္သည္။

ႏွစ္ကိုယ္စံုတြဲေလးမ်ား လက္ခ်င္းတြဲ၍ ရင္ခုန္ၾကည္ႏူးစရာေနရာတစ္ခုျဖစ္သလို လက္ကိုင္ဖုန္းမ်ား ေပါေပါ မ်ားမ်ား မေပၚထြက္ေသးသည့္ကာလျဖစ္၍ ေက်ာင္းသူ/ေက်ာင္းသား လူငယ္မ်ား၏ မိဘမ်ားကို ပူဆာလိုက္ပို႔ ခိုင္း စရာ ေနရာတစ္ခုလည္းျဖစ္သည္။

တီဗြီ၊ ဗြီစီဒီ ႏွင့္ ဒီဗြီဒီ စက္မ်ားလည္း အိမ္တိုင္းအိမ္တိုင္းတြင္ မရွိေသးသလို လူငယ္မ်ားမွာလည္း လက္ဖက္ရည္ ဆိုင္ႏွင့္ တစ္နာရီေဆာ့ကစားလ်င္ က်ပ္ (၁၀၀) မွ (၂၀၀) ထိေပးရသည့္ Play Station Two ( P2) ဂိမ္းမ်ားၿပီးလ်ွင္ တတိယေျမာက္ အားအကိုးရဆံုးေသာ ေဖ်ာ္ေျဖေရးက႑တစ္ခုျဖစ္သည့္ ရုပ္ရွင္ျပသရာ ေနရာႀကီးလည္း ျဖစ္သည္။

ေနာက္ပိုင္းတြင္ ႏိုင္ငံျခား ဇာတ္ကားမ်ားႏွင့္ ႏိုင္ငံတကာေဘာလံုးပြဲမ်ားကို အဓိကထား၍ ျပသသည့္ “မဂၤလာ” ဟူသည့္ ရုပ္ရွင္ရံု ထပ္မံမေပၚေပါက္လာေသးသည့္ အခ်ိန္အထိ “စိန္ေအာင္ဝင္း” ရုပ္ရွင္ရံု ဟူသည္ ေက်ာက္မဲၿမိဳ႕တြင္ ၿပိဳင္ဘက္မရွိ မင္းမူေနႏိုင္သည့္ ေဖ်ာ္ေျဖေရး ခ်န္ပီယံႀကီးလည္း ျဖစ္သည္။

တစ္ပတ္လွ်င္ တစ္ႀကိမ္မွ ႏွစ္ႀကိမ္အထိ ရုပ္ရွင္ပိုစတာႀကီးမ်ား ေဘးတစ္ဖက္တစ္ခ်က္စီတြင္ တပ္ဆင္ထားၿပီး ကားငယ္၏ ေခါင္မိုးထက္တြင္ ေလာ္ႀကီးတစ္ခုတပ္ဆင္ကာ အသံက်ယ္က်ယ္ခ်ိဳခ်ဳိ ျဖင့္ “ေက်ာက္မဲေရႊၿမိဳ႕ေတာ္ အတြင္းရွိ ရုပ္ရွင္ၾကည့္ ပရိတ္သတ္မ်ားခင္ဗ်ာ” ဟု အစခ်ီကာ ခရိုင္ၿမိဳ႕ ဟု ဆိုၾကသည့္ ေက်ာက္မဲၿမိဳ႕ငယ္ေလးအတြင္း ေအာ္ကာ ဟစ္ကာ ေၾကာ္ျငာေပးေလ့ရွိသလို လက္ကမ္းစာေစာင္ငယ္ေလးမ်ား ကိုလည္း ကားေပၚမွ ေဝေပးေလ့ရွိသည္။

ထို ေၾကာ္ျငာကားလာသည့္ အသံၾကားသည္ႏွင့္ အလယ္တန္းေက်ာင္းသားအရြယ္ ဆယ္ေက်ာ္သက္ ကေလးငယ္မ်ားမွ အစ လူပိ်ဳ၊ အပ်ိဳ အရြယ္မ်ား အထိ ကားလမ္းမတစ္ေလွ်ာက္တြင္ လက္ကမ္း စာေစာင္ငယ္ ဘယ္ႏွစ္ခုရသည္ဆိုသည္ကို ၿပိဳင္ဆိုင္ ေကာက္ယူဖူးၾကေလသည္။

၂၀၁၀ -၂၀၁၁ ခုႏွစ္ ကာလမ်ားတြင္ ရုပ္ရွင္ရံုႀကီးတြင္ ရုပ္ရွင္ကားမ်ား ျပသေနမႈကို ရုတ္တရက္ ရပ္ဆိုင္း လိုက္ သည့္အခါ “ေက်ာက္မဲခရိုင္” ဟု အမည္တြင္သည့္ ေတာင္ပတ္လည္ဝိုင္းရံေနသည့္ ဒယ္အိုး သဖြယ္ၿမိဳ႕ငယ္ေလး တြင္ “ရုပ္ရွင္” ဟူ သည့္ အရာတစ္ခု ေသဆံုးသြားခဲ့ေလသည္။

ရုပ္ရွင္ရံု စတင္ပိတ္လိုက္သည့္ ေန႔စြဲအတိအက်ကို မမွတ္မိေသာ္ျငား ထိုေန႔က ရုပ္ရွင္ရံု၏ အေပၚထပ္ DC တန္းတြင္ လာေရာက္ၾကည့္ရႈသူ စံုတြဲ ႏွစ္တြဲ၊ ေအာက္ထပ္ရွိ တတိယတန္းေစ်း ေပးရသည့္ အကန္႔တြင္ ၾကည့္ရႈသူ တစ္ဦး၊ အလယ္အလတ္တန္းတြင္ ႏွစ္ဦးႏွင့္ ပိတ္ကားႏွင့္ အနီးဆံုး ေစ်းအနည္းဆံုး အတန္းတြင္ ၾကည့္ရႈသူ (၃) ဦး သာရွိသည္။

ရုပ္ရွင္မျပသမီ ဗြီစီဒီ သီခ်င္းမ်ားျဖစ္ၾကသည့္ “ကိုကိုကေရႊမင္းသား၊ ကြ်မက စင္ဒရဲလား” ဆိုသည့္ သီခ်င္းႏွင့္ လက္ပြားမင္းသား၏ ဇတ္ကားတစ္ခုမွ ဇာတ္ဝင္ေတး တစ္ပုဒ္ ျဖစ္သည့္ “you are my sonia” ဟူသည့္ သီခ်င္း မ်ားအၿပီးဝယ္ ဓါတ္မီးတစ္လက္ျဖင့္ လက္မွတ္စစ္ တစ္ဦးဝင္ေရာက္လာကာ “ဒီေန႔ ရုပ္ရွင္မျပေတာ့ဘူး” ဟု ေျပာသည္။

လက္ခ်ိဳးေရတြက္လို႔ရသည့္ ၾကည့္ရႈသူ အနည္းငယ္ထဲမွ တစ္ဦးစ၊ ႏွစ္ဦးစက “ဘာလို႔မျပေတာ့တာလဲ။ လက္မွတ္လည္း ဝယ္ထားၿပီးၿပီဥစၥာ” စသျဖင့္ ေမးျမန္းၾကသည့္အခါ “ၾကည့္တဲ့သူနည္းတဲ့အတြက္ စက္ႏိႈးရတာ မကိုက္လို႔” ဟု ေျဖလိုက္သည္ကိုသာ ေနာက္ဆံုး ၾကားလိုက္ရၿပီး ကၽြန္ေတာ္အပါအဝင္ ( ယခုအိမ္ေထာင္က်ထားသည့္ ကၽြန္ေတာ့္အမ်ိဳးသမီး ) ကၽြန္ေတာ္၏ မိန္းကေလးလည္း လက္မွတ္စစ္က ျပန္အမ္းလာသည့္ လက္မွတ္ဖိုး ကို ယူကာ ရုပ္ရွင္ရံုမွ ထြက္ခြာခဲ့ရသည္။

ထိုေန႔သည္ ရုပ္ရွင္ရံုအား လံုးဝ မျပေတာ့ဘဲ ရပ္စဲလိုက္သည့္ ေန႔မွန္းေတာ့ မသိခဲ့ေပ။ ရုပ္ရွင္ရံု ဟူသည္ ရုပ္ရွင္ဇာတ္ကားကို ၾကည့္ခ်င္ရံုသက္သက္ ျဖင့္ လာေရာက္ၾကသူမ်ားရွိသလို တနလၤာမွ ေသာၾကာ တစ္ပတ္လံုး ရံုးအလုပ္မ်ားႏွင့္ စိတ္ရႈပ္ေထြးရျခင္းေၾကာင့္ စေနႏွင့္ တနဂၤေႏြ ေန႔လို ေန႔မ်ားတြင္ စိတ္အပန္းေျဖရန္ လာေရာက္ၾကသူမ်ားလည္းရွိသည္။

သာမာန္ လက္လုပ္လက္စား ျပည္သူမ်ားအေနျဖင့္လည္း မိမိတို႔မသြားေရာက္ မလည္ပတ္ႏိုင္သည့္ ေနရာမ်ား၊ ၿမိဳ႕မ်ား၊ ျမင္ကြင္းမ်ား၊ ႏိုင္ငံျခားတိုင္းျပည္မ်ားမွ အလွအပျမင္ကြင္းမ်ား၊ ေခတ္မီ စက္ပစၥည္းမ်ားကို အသံုးျပဳေနၾက ပံုမ်ား၊ တို႔ကို ေငြေၾကးအနည္းငယ္မွ်ျဖင့္ ျမင္ေတြ႔ရႏိုင္သလို မၾကားဖူးသည့္ ဘာသာရပ္မ်ား၊ မျမင္ဖူးသည့္ စြန္႔စား တိုက္ခိုက္မႈမ်ား၊ အခ်စ္ဇာတ္လမ္းမ်ား၊ တိရိစၦာန္ေလးမ်ား စသျဖင့္ အျမင္ထူးမ်ားကို ခံစားႏိုင္ရန္လည္း ရုပ္ရွင္ကို ၾကည့္ၾကေလသည္။

လူငယ္မ်ား အေနျဖင့္လည္း မိမိတို႔ခ်စ္ခင္ၾကင္နာရသူႏွင့္ ခ်ိန္းေတြ႔ၾကသည့္ ေနရာတစ္ခုျဖစ္သလို ရုပ္ရွင္ရံုတြင္ ျပသေနသည့္ ဇာတ္လမ္းထဲမွ ေၾကာက္လန္႔စရာ၊ ရင္ထိတ္စရာ၊ ဝမ္းနည္းစရာ၊ ဝမ္းသာစရာ၊ ရင္ဖိုစရာ ျမင္ကြင္းမ်ားကို ခ်စ္သူ႔လက္ေမာင္းတြင္မွီခို၍ ၄င္း၊ ခ်စ္သူ႔လက္ဖဝါးေလးကို အုပ္ေထြး၍ လည္းေကာင္း အတူတကြ ရင္ခုန္ၾကည္ႏူးရသည့္ အမွတ္တရမ်ားစြာကို ေပးစြမ္းႏိုင္သည့္ စိတ္အပန္းေျဖ စရာ ေနရာတစ္ခု ျဖစ္ျပန္သည္။

မိသားစုအပန္းေျဖရာ ေနရာအျဖစ္ မိဘျဖစ္သူမ်ားက သားသမီးမ်ားကို ေခၚ၍လာၾကမလား။ ခင္မင္ရင္းႏွီးမႈ မွတ္တိုင္ တစ္ခုစိုက္ထူၾကမယ့္ သူငယ္ခ်င္းေတြစုၿပီး လာၾကမလား။ မိဘေတြမသိေအာင္ ခ်ိန္းေတြ႔ၾကမယ့္ ခ်စ္သူ စံုတြဲေတြ ရင္ခုန္စရာခ်ိန္းေတြ႔မႈအျဖစ္ လာၾကမလား။ တစ္ေယာက္တည္း ငူငူငိုင္ငိုင္ ျဖစ္ေနမယ့္ အစား ရုပ္ရွင္ေလး သြားၾကည့္ဦးမွပါ ဆိုသည့္ စိတ္ကူးႏွင့္ တစ္ကိုယ္တည္းအပန္းေျဖမလား စသျဖင့္ အရြယ္အမ်ိဳးမ်ိဳး အေတြး အမ်ိဳးမ်ိဳးျဖင့္ လူအမ်ိဳးမ်ိဳးတို႔ အပန္းေျဖရာ ေနရာေလးလည္းျဖစ္ေပသည္။

ထို႔ျပင္ ယခုကာလကဲ့သို႔ လူငယ္တိုင္းဖုန္းကိုင္ေနသည့္ အခ်ိန္မဟုတ္ေသးသည့္အတြက္ နာရီပိုင္းျဖင့္ အခေၾကး ေငြ ေပးကာ ကစားရသည့္ ဂိမ္းဆိုင္မွလြဲ၍ ရုပ္ရွင္ရံု ဟူသည္မွာ အားထားရသည့္ မီဒီယာေဖ်ာ္ေျဖေရးက႑ တစ္ခု အျဖစ္အေရးပါသည့္ ေနရာတစ္ခုလည္းျဖစ္သည္။

အမ်ိဳးသမီးေတြက ရုပ္ရွင္ဇတ္ကားထဲမွ သရုပ္ေဆာင္မ်ား၏ ဝတ္စားဆင္ယင္မႈ၊ အလွအပ ျပင္ဆင္ထားမႈႏွင့္ ကိုယ္ေနဟန္ထား စကားအသြားအလာမွအစ ဝတ္ဆင္ထားသည့္ အဝတ္အထည္၏ ပိတ္စကိုပါ တစ္ပါးသူ မ်က္စိထဲျမင္လာေအာင္ ျပန္လည္ေျပာဆိုႏိုင္သည္အထိ “ရုပ္ရွင္ဇတ္လမ္း” ဟူသည့္အရာ ကို အေလးအနက္ထား ၾကည့္ရႈရသည့္ “လူေနမႈအလွ အပ ျပဴတင္းေပါက္ ” တစ္ခုလည္းျဖစ္သည္။

မိဘက သားသမီးကို ဆံုးမ ပဲ့ျပင္ပံု၊ ဇာတ္ေဆာင္မင္းသားက မိတ္ေဆြတစ္သိုက္၊ သို႔မဟုတ္ ေနထိုင္ရာ ၿမိဳ႕ႀကီး တိုင္းျပည္ႀကီး၊ ကမၻာႀကီးကို အသက္စြန္႔၍ ကယ္တင္ပံု၊ ထို႔ျပင္ လူဆိုးလူမိုက္ လူယုတ္မာတို႔၏ ေနာက္ဆံုးသြားရာ လမ္းမွာ ခ်မ္းသာရာမရပံုတို႔ကို ေဖၚၾကဴးထားသည့္ ဇာတ္လမ္းမ်ားကို ေငြေရာင္ပိတ္ကားေပၚ တြင္ အားပါးတရ ခံစားၾကည့္ရႈႏိုင္သည့္အတြက္ ေလာကသဘာဝကို တရားက်၍ရႏိုင္သည့္ ကမၻာငယ္ေလး လည္း ျဖစ္သည္။

သို႔ျဖစ္၍ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြတို႔ အပန္းေျဖရာေနရာေလးတစ္ခုျဖစ္သည့္ “ရုပ္ရွင္ရံု” တို႔ ေသဆံုးျခင္းကို အႏုပညာအတြက္ျဖစ္ေစ ၿမိဳ႕အဂၤါရပ္အတြက္ျဖစ္ေစ ျပန္လည္ အသက္သြင္း ေပးေစလိုသည္။

သို႔မဟုတ္ပါက ေက်ာက္မဲခရိုင္ ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူတို႔မွာ အျခားၿမိဳ႕မ်ားသို႔ သြားေရာက္ လည္ပတ္ခ်ိန္မွသာ ရုပ္ရွင္ဇာတ္ကားႀကီးမ်ားကို ပိတ္ကားထက္တြင္ ၾကည့္ရႈေနရၿပီး ျမန္မာ့ရုပ္ရွင္ အကယ္ဒမီဆု မည္သည့္ ဇာတ္ကား မွ ရရွိသည္ကိုပင္ အကယ္ဒမီေပးပြဲၿပီးမွ ျပန္ရွာၾကည့္ေနရသည့္ ဘဝမ်ားျဖစ္ေနေလသည္။

၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ေမြးဖြားေနထိုင္ၾကသည့္ လူငယ္မ်ား၏ ဘဝတြင္လည္း ရုပ္ရွင္ရံု တြင္ ရုပ္ရွင္ၾကည့္ရႈရသည့္ အရသာကို ခံစားဖူးသူ နည္းပါးစြာျဖင့္ “မင္းတို႔ၿမိဳ႕မွာရုပ္ရွင္ရံုမွ မရွိတာ” ဟူသည့္ တစ္ျခား ၿမိဳ႕မ်ားမွ မိတ္ေဆြတို႔၏ ေလွာင္ေျပာင္မႈကို ခံေနရသည့္အတြက္ ေက်ာက္မဲခရိုင္ ေက်ာက္မဲၿမိဳ႕တြင္ ေခတ္မီ “ရုပ္ရွင္ရံု” အျမန္ဆံုး ရွိေစခ်င္မိေတာ့သည္။

ေဆာင္းပါး - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရုံးပိတ်ရက်လို နေ့မျိုးမှာဆိုရင် ကျောက်မဲမြို့ရဲ့ မြို့လယ်ခေါင်ဟု ဆိုအပ်သည့် ထိုနေရာသည် အလွန် လူစည်ကားသော နေရာတစ်ခုဖြစ်သည်။

မျက်နှာစာရှေ့ အုတ်တံတိုင်းပုပုနှင့် ကပ်လျှက်နေရာတွင် တစ်နေကုန် ပူပူနွေးနွေးရနိုင်သည့် အကြော်စုံ ဆိုင်လေးလည်း ရှိသည်။

ထိုအကြော်ဆိုင်၏ နောက်ကျော အုတ်တံတိုင်းပုပုသာခြားသည့်နေရာတွင် သရက်သီးစိတ်၊ အုန်းသီးစိတ်နှင့် ငှက်ပျောသီးအစရှိသည်တို့ အပြင် ကာလပေါ် အချဉ်သီးဆားရည်စိမ်၊ ငှက်ပျောသီး၊ ဆားငံသီး၊ နကြောစေ့၊ ကွာစေ့၊ အာလူးကြော်တို့ကို ရောင်းချသည့် ဆိုင်တန်းငယ်လေးလည်းရှိသည်။

လပ်နေသည့် ကွင်းပြင်နှင့် ဝင်ပေါက် နှစ်ခုအကြားတွင်တော့ စက်ဘီးအပ်( ဆိုင်ကယ်သိပ်မစီးကြသေး ) သည့် နေရာတစ်ခုရှိပြီး မျက်နှာစာ ညာဘက်အဝင်ပေါက်နံဘေးတွင်တော့ တိုက်ပုလေးတစ်ခုရှိကာ ထိုတိုက်ပု၏ အပေါ်ထပ် ဝရံတာနေရာတွင် ပန်းချီဆန်ဆန် ပိတ်စပိုစတာကြီးများကို ချိတ်ဆွဲ ထားလေ့ရှိသည်။

ဘယ်ဖက်ဝင်ပေါက်နံဘေးတွင် တိုက်ခန်းငယ်တစ်ခုရှိပြီး စာအုပ်အငှါးဆိုင်တစ်ဆိုင်ဖွင့်ထားကာ၎င်းနေရာကို လွန်၍ ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းပါက အဆောက်အဦးကြီးတစ်ခု၏ အပေါ်ထပ်သို့တက်မည့် လှေကားနံဘေး လူကြီးခါးလယ်ခန့်အုတ်ရိုးအထက်တွင် လက်နှစ်ဖက်ချောင်ချောင်ဝင်နိုင်သည့် အပေါက် အချို့ ရှိပြီး လွတ်နေသာနေရာကျယ်များတွင် သံဇကာအကွက်ကျဲကျဲတို့ဖြင့် ကာရံထားသည်။

အရှေ့ဆုံးတွင် ရောက်ရှိနေသူကို မည်သူမှ ကျော်မတက်ဘဲ ထိုသူ၏ နောက်ကျောဘက်တွင် အနည်း ငယ်ခွာ၍ ရပ်တန့်ကာ လက်မှတ်ဝယ်ရန်စောင့်ဆိုင်းနေသူတို့ရှိပြီး အသက်အရွယ်အမျိုးမျိုးနှင့် ကလေးတို့မှာလည်း ပြေးလွှား ဆော့ကစားနေသူများရှိသလို အဆောက်အဦး၏ မျက်နှာစာတွင် (လူနှစ်ဦး ဝင်ရောက်လျှောက်လှမ်း စရာ နေရာချန်၍ ရင်စို့ခန့် အမြင့်ရှိ ) အုတ်ရိုးဖြင့်ကာရံထားသည့် နေရာရှိ မှန်ချပ်ကြီးနောက်ဖက်တွင် ချိတ်ဆွဲ ထားသော ရောင်စုံပိုစတာကြီးများကို ကြည့်လျှက် နေသူက နေနေသည်။

ထိုအဆောက်အဦးကြီးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၏ ပထမဦးဆုံး ရုပ်ရှင်ရုံဖြစ်သည့် “ စိန်အောင်ဝင်း” အမည်ရှိ ရုပ်ရှင်ရုံကြီး ဖြစ်ပြီး သွပ်မိုးမိုးထားသည့် အဆောက်အဦးတစ်ခုဖြစ်ကာ ရေတံလျောက် နေရာ အဆောက်အဦးမျက်နှာစာထိပ်တွင် မြန်မာနိုင်ငံတော်အလံကိုလည်း စိုက်ထူထားပေသည်။

ရှေ့မီနောက်မီ အသက်အရွယ်ရှိသူများ ကောင်းကောင်းမှတ်မိနေသည့် “သူ့ကျွန်မခံပြီ”၊“အမေ့ခြေရာ”၊ “သမီးမိုက်”၊ “မငြိမ်းသောမီး” ရုပ်ရှင် ဇာတ်ကားမှစ နာမည်ကျော် မြန်မာ့ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် ညွှန့်ဝင်း၊ ကျော်သူ၊ ကျော်ဟိန်း၊ သတိုးစောတို့ မှအစ ဒွေး၊ သားညီ၊ လူမင်းတို့ အပါအဝင် မေသန်းနု၊ ခင်သန်းနု၊ ချိုပြုံး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် တို့ ပါဝင် သရုပ်ဆောင် ထားကြသည့် ဇာတ်လမ်းရုပ်ရှင်များကို ပင်တိုင် ပြသနေသည့် ရုပ်ရှင်ရုံကြီးလည်း ဖြစ်သည်။

မှတ်မှတ်ရရ “မငြိမ်းသောမီး” ဟူသည့် ရုပ်ရှင်ဇာတ်ကားကို ကျွန်တော့်မိဘများ၊ မောင်နှမများနှင့် ခြေလျင်သွား၍ ကြည့်ကာ ပြန်လာသည့်ညတွင် ကျွန်တော်တို့ ရပ်ကွက်ထဲရှိ “မငြိမ်း” ဟု အမည်ရှိသည့် အန်တီကြီး၏ နေအိမ် နောက်ဖက်တွင် “တောမီး” လည်း လောင်ခဲ့သည့် နေ့ဖြစ်သည်။ ( စကားချပ် )

ထို့ပြင် အိန္ဒိယဘောလီးဝုဒ် သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြသည့် Doom၊ ဟာနုမာန်၊ မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဆင်လိမ္မာတို့နှင့် အသောကမင်းကြီး၏ ဇာတ်လမ်းရုပ်ရှင် အပါအဝင် နိုင်ငံခြားကားများ ဆိုလျင်လည်း Titanic ဇာတ်ကားမှအစ Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားသည့် Xender Cage ဇာတ်ကားများအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသနေသည့် ရုပ်ရှင်ရုံကြီး ဖြစ်သည်။

နှစ်ကိုယ်စုံတွဲလေးများ လက်ချင်းတွဲ၍ ရင်ခုန်ကြည်နူးစရာနေရာတစ်ခုဖြစ်သလို လက်ကိုင်ဖုန်းများ ပေါပေါ များများ မပေါ်ထွက်သေးသည့်ကာလဖြစ်၍ ကျောင်းသူ/ကျောင်းသား လူငယ်များ၏ မိဘများကို ပူဆာလိုက်ပို့ ခိုင်း စရာ နေရာတစ်ခုလည်းဖြစ်သည်။

တီဗွီ၊ ဗွီစီဒီ နှင့် ဒီဗွီဒီ စက်များလည်း အိမ်တိုင်းအိမ်တိုင်းတွင် မရှိသေးသလို လူငယ်များမှာလည်း လက်ဖက်ရည် ဆိုင်နှင့် တစ်နာရီဆော့ကစားလျင် ကျပ် (၁၀၀) မှ (၂၀၀) ထိပေးရသည့် Play Station Two ( P2) ဂိမ်းများပြီးလျှင် တတိယမြောက် အားအကိုးရဆုံးသော ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်သည့် ရုပ်ရှင်ပြသရာ နေရာကြီးလည်း ဖြစ်သည်။

နောက်ပိုင်းတွင် နိုင်ငံခြား ဇာတ်ကားများနှင့် နိုင်ငံတကာဘောလုံးပွဲများကို အဓိကထား၍ ပြသသည့် “မင်္ဂလာ” ဟူသည့် ရုပ်ရှင်ရုံ ထပ်မံမပေါ်ပေါက်လာသေးသည့် အချိန်အထိ “စိန်အောင်ဝင်း” ရုပ်ရှင်ရုံ ဟူသည် ကျောက်မဲမြို့တွင် ပြိုင်ဘက်မရှိ မင်းမူနေနိုင်သည့် ဖျော်ဖြေရေး ချန်ပီယံကြီးလည်း ဖြစ်သည်။

တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ရုပ်ရှင်ပိုစတာကြီးများ ဘေးတစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားပြီး ကားငယ်၏ ခေါင်မိုးထက်တွင် လော်ကြီးတစ်ခုတပ်ဆင်ကာ အသံကျယ်ကျယ်ချိုချို ဖြင့် “ကျောက်မဲရွှမြေို့တော် အတွင်းရှိ ရုပ်ရှင်ကြည့် ပရိတ်သတ်များခင်ဗျာ” ဟု အစချီကာ ခရိုင်မြို့ ဟု ဆိုကြသည့် ကျောက်မဲမြို့ငယ်လေးအတွင်း အော်ကာ ဟစ်ကာ ကြော်ငြာပေးလေ့ရှိသလို လက်ကမ်းစာစောင်ငယ်လေးများ ကိုလည်း ကားပေါ်မှ ဝေပေးလေ့ရှိသည်။

ထို ကြော်ငြာကားလာသည့် အသံကြားသည်နှင့် အလယ်တန်းကျောင်းသားအရွယ် ဆယ်ကျော်သက် ကလေးငယ်များမှ အစ လူပျို၊ အပျို အရွယ်များ အထိ ကားလမ်းမတစ်လျှောက်တွင် လက်ကမ်း စာစောင်ငယ် ဘယ်နှစ်ခုရသည်ဆိုသည်ကို ပြိုင်ဆိုင် ကောက်ယူဖူးကြလေသည်။

၂၀၁၀ -၂၀၁၁ ခုနှစ် ကာလများတွင် ရုပ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကားများ ပြသနေမှုကို ရုတ်တရက် ရပ်ဆိုင်း လိုက် သည့်အခါ “ကျောက်မဲခရိုင်” ဟု အမည်တွင်သည့် တောင်ပတ်လည်ဝိုင်းရံနေသည့် ဒယ်အိုး သဖွယ်မြို့ငယ်လေး တွင် “ရုပ်ရှင်” ဟူ သည့် အရာတစ်ခု သေဆုံးသွားခဲ့လေသည်။

ရုပ်ရှင်ရုံ စတင်ပိတ်လိုက်သည့် နေ့စွဲအတိအကျကို မမှတ်မိသော်ငြား ထိုနေ့က ရုပ်ရှင်ရုံ၏ အပေါ်ထပ် DC တန်းတွင် လာရောက်ကြည့်ရှုသူ စုံတွဲ နှစ်တွဲ၊ အောက်ထပ်ရှိ တတိယတန်းဈေး ပေးရသည့် အကန့်တွင် ကြည့်ရှုသူ တစ်ဦး၊ အလယ်အလတ်တန်းတွင် နှစ်ဦးနှင့် ပိတ်ကားနှင့် အနီးဆုံး ဈေးအနည်းဆုံး အတန်းတွင် ကြည့်ရှုသူ (၃) ဦး သာရှိသည်။

ရုပ်ရှင်မပြသမီ ဗွီစီဒီ သီချင်းများဖြစ်ကြသည့် “ကိုကိုကရွှေမင်းသား၊ ကျွမက စင်ဒရဲလား” ဆိုသည့် သီချင်းနှင့် လက်ပွားမင်းသား၏ ဇတ်ကားတစ်ခုမှ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သည့် “you are my sonia” ဟူသည့် သီချင်း များအပြီးဝယ် ဓာတ်မီးတစ်လက်ဖြင့် လက်မှတ်စစ် တစ်ဦးဝင်ရောက်လာကာ “ဒီနေ့ ရုပ်ရှင်မပြတော့ဘူး” ဟု ပြောသည်။

လက်ချိုးရေတွက်လို့ရသည့် ကြည့်ရှုသူ အနည်းငယ်ထဲမှ တစ်ဦးစ၊ နှစ်ဦးစက “ဘာလို့မပြတော့တာလဲ။ လက်မှတ်လည်း ဝယ်ထားပြီးပြီဥစ္စာ” စသဖြင့် မေးမြန်းကြသည့်အခါ “ကြည့်တဲ့သူနည်းတဲ့အတွက် စက်နှိုးရတာ မကိုက်လို့” ဟု ဖြေလိုက်သည်ကိုသာ နောက်ဆုံး ကြားလိုက်ရပြီး ကျွန်တော်အပါအဝင် ( ယခုအိမ်ထောင်ကျထားသည့် ကျွန်တော့်အမျိုးသမီး ) ကျွန်တော်၏ မိန်းကလေးလည်း လက်မှတ်စစ်က ပြန်အမ်းလာသည့် လက်မှတ်ဖိုး ကို ယူကာ ရုပ်ရှင်ရုံမှ ထွက်ခွာခဲ့ရသည်။

ထိုနေ့သည် ရုပ်ရှင်ရုံအား လုံးဝ မပြတော့ဘဲ ရပ်စဲလိုက်သည့် နေ့မှန်းတော့ မသိခဲ့ပေ။ ရုပ်ရှင်ရုံ ဟူသည် ရုပ်ရှင်ဇာတ်ကားကို ကြည့်ချင်ရုံသက်သက် ဖြင့် လာရောက်ကြသူများရှိသလို တနင်္လာမှ သောကြာ တစ်ပတ်လုံး ရုံးအလုပ်များနှင့် စိတ်ရှုပ်ထွေးရခြင်းကြောင့် စနေနှင့် တနင်္ဂေနွ နေ့လို နေ့များတွင် စိတ်အပန်းဖြေရန် လာရောက်ကြသူများလည်းရှိသည်။

သာမာန် လက်လုပ်လက်စား ပြည်သူများအနဖြေင့်လည်း မိမိတို့မသွားရောက် မလည်ပတ်နိုင်သည့် နေရာများ၊ မြို့များ၊ မြင်ကွင်းများ၊ နိုင်ငံခြားတိုင်းပြည်များမှ အလှအပမြင်ကွင်းများ၊ ခေတ်မီ စက်ပစ္စည်းများကို အသုံးပြုနကြေ ပုံများ၊ တို့ကို ငွေကြေးအနည်းငယ်မျှဖြင့် မြင်တွေ့ရနိုင်သလို မကြားဖူးသည့် ဘာသာရပ်များ၊ မမြင်ဖူးသည့် စွန့်စား တိုက်ခိုက်မှုများ၊ အချစ်ဇာတ်လမ်းများ၊ တိရိစ္ဆာန်လေးများ စသဖြင့် အမြင်ထူးများကို ခံစားနိုင်ရန်လည်း ရုပ်ရှင်ကို ကြည့်ကြလေသည်။

လူငယ်များ အနဖြေင့်လည်း မိမိတို့ချစ်ခင်ကြင်နာရသူနှင့် ချိန်းတွေ့ကြသည့် နေရာတစ်ခုဖြစ်သလို ရုပ်ရှင်ရုံတွင် ပြသနေသည့် ဇာတ်လမ်းထဲမှ ကြောက်လန့်စရာ၊ ရင်ထိတ်စရာ၊ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ ရင်ဖိုစရာ မြင်ကွင်းများကို ချစ်သူ့လက်မောင်းတွင်မှီခို၍ ၄င်း၊ ချစ်သူ့လက်ဖဝါးလေးကို အုပ်ထွေး၍ လည်းကောင်း အတူတကွ ရင်ခုန်ကြည်နူးရသည့် အမှတ်တရများစွာကို ပေးစွမ်းနိုင်သည့် စိတ်အပန်းဖြေ စရာ နေရာတစ်ခု ဖြစ်ပြန်သည်။

မိသားစုအပန်းဖြေရာ နေရာအဖြစ် မိဘဖြစ်သူများက သားသမီးများကို ခေါ်၍လာကြမလား။ ခင်မင်ရင်းနှီးမှု မှတ်တိုင် တစ်ခုစိုက်ထူကြမယ့် သူငယ်ချင်းတွေစုပြီး လာကြမလား။ မိဘတွေမသိအောင် ချိန်းတွေ့ကြမယ့် ချစ်သူ စုံတွဲတွေ ရင်ခုန်စရာချိန်းတွေ့မှုအဖြစ် လာကြမလား။ တစ်ယောက်တည်း ငူငူငိုင်ငိုင် ဖြစ်နေမယ့် အစား ရုပ်ရှင်လေး သွားကြည့်ဦးမှပါ ဆိုသည့် စိတ်ကူးနှင့် တစ်ကိုယ်တည်းအပန်းဖြေမလား စသဖြင့် အရွယ်အမျိုးမျိုး အတွေး အမျိုးမျိုးဖြင့် လူအမျိုးမျိုးတို့ အပန်းဖြေရာ နေရာလေးလည်းဖြစ်ပေသည်။

ထို့ပြင် ယခုကာလကဲ့သို့ လူငယ်တိုင်းဖုန်းကိုင်နေသည့် အချိန်မဟုတ်သေးသည့်အတွက် နာရီပိုင်းဖြင့် အခကြေး ငွေ ပေးကာ ကစားရသည့် ဂိမ်းဆိုင်မှလွဲ၍ ရုပ်ရှင်ရုံ ဟူသည်မှာ အားထားရသည့် မီဒီယာဖျော်ဖြေရေးကဏ္ဍ တစ်ခု အဖြစ်အရေးပါသည့် နေရာတစ်ခုလည်းဖြစ်သည်။

အမျိုးသမီးတွေက ရုပ်ရှင်ဇတ်ကားထဲမှ သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု၊ အလှအပ ပြင်ဆင်ထားမှုနှင့် ကိုယ်နေဟန်ထား စကားအသွားအလာမှအစ ဝတ်ဆင်ထားသည့် အဝတ်အထည်၏ ပိတ်စကိုပါ တစ်ပါးသူ မျက်စိထဲမြင်လာအောင် ပြန်လည်ပြောဆိုနိုင်သည်အထိ “ရုပ်ရှင်ဇတ်လမ်း” ဟူသည့်အရာ ကို အလေးအနက်ထား ကြည့်ရှုရသည့် “လူနေမှုအလှ အပ ပြူတင်းပေါက် ” တစ်ခုလည်းဖြစ်သည်။

မိဘက သားသမီးကို ဆုံးမ ပဲ့ပြင်ပုံ၊ ဇာတ်ဆောင်မင်းသားက မိတ်ဆွေတစ်သိုက်၊ သို့မဟုတ် နေထိုင်ရာ မြို့ကြီး တိုင်းပြည်ကြီး၊ ကမ္ဘာကြီးကို အသက်စွန့်၍ ကယ်တင်ပုံ၊ ထို့ပြင် လူဆိုးလူမိုက် လူယုတ်မာတို့၏ နောက်ဆုံးသွားရာ လမ်းမှာ ချမ်းသာရာမရပုံတို့ကို ဖော်ကြူးထားသည့် ဇာတ်လမ်းများကို ငွေရောင်ပိတ်ကားပေါ် တွင် အားပါးတရ ခံစားကြည့်ရှုနိုင်သည့်အတွက် လောကသဘာဝကို တရားကျ၍ရနိုင်သည့် ကမ္ဘာငယ်လေး လည်း ဖြစ်သည်။

သို့ဖြစ်၍ လူအမျိုးမျိုး စိတ်အထွေထွေတို့ အပန်းဖြေရာနေရာလေးတစ်ခုဖြစ်သည့် “ရုပ်ရှင်ရုံ” တို့ သေဆုံးခြင်းကို အနုပညာအတွက်ဖြစ်စေ မြို့အင်္ဂါရပ်အတွက်ဖြစ်စေ ပြန်လည် အသက်သွင်း ပေးစေလိုသည်။

သို့မဟုတ်ပါက ကျောက်မဲခရိုင် ကျောက်မဲမြို့ရှိ ပြည်သူတို့မှာ အခြားမြို့များသို့ သွားရောက် လည်ပတ်ချိန်မှသာ ရုပ်ရှင်ဇာတ်ကားကြီးများကို ပိတ်ကားထက်တွင် ကြည့်ရှုနေရပြီး မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု မည်သည့် ဇာတ်ကား မှ ရရှိသည်ကိုပင် အကယ်ဒမီပေးပွဲပြီးမှ ပြန်ရှာကြည့်နေရသည့် ဘဝများဖြစ်နေလေသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ကျောက်မဲမြို့တွင် မွေးဖွားနေထိုင်ကြသည့် လူငယ်များ၏ ဘဝတွင်လည်း ရုပ်ရှင်ရုံ တွင် ရုပ်ရှင်ကြည့်ရှုရသည့် အရသာကို ခံစားဖူးသူ နည်းပါးစွာဖြင့် “မင်းတို့မြို့မှာရုပ်ရှင်ရုံမှ မရှိတာ” ဟူသည့် တစ်ခြား မြို့များမှ မိတ်ဆွေတို့၏ လှောင်ပြောင်မှုကို ခံနေရသည့်အတွက် ကျောက်မဲခရိုင် ကျောက်မဲမြို့တွင် ခေတ်မီ “ရုပ်ရှင်ရုံ” အမြန်ဆုံး ရှိစေချင်မိတော့သည်။

ဆောင်းပါး - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::