ၿမိဳ႕နယ္ ေထြ/အုပ္ ဝန္ထမ္းတစ္ဦး အပါအဝင္ လူ(၃)ဦး ေနအိမ္မ်ားတြင္ တစ္ေန႔တည္း ႀကိဳးဆြဲခ်ေသဆံုး

ၿမိဳ႕နယ္ ေထြ/အုပ္ ဝန္ထမ္းတစ္ဦး အပါအဝင္ လူ(၃)ဦး ေနအိမ္မ်ားတြင္ တစ္ေန႔တည္း ႀကိဳးဆြဲခ်ေသဆံုး
မေ 9, 2018
By Tachileik News Agency

ၿမိဳ႕နယ္ေထြအုပ္ဝန္ထမ္း အမ်ိဳးသမီးတစ္ဦး အပါအဝင္ စုစုေပါင္းသံုးဦး တစ္ေန႔တည္း ႀကိဳးဆြဲခ်ေသဆံုးမႈ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေမလ (၉)ရက္ေန႔က ျဖစ္ပြားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္၊ စခန္းသာေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုး၏ စာေရးအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္း တစ္ဦးျဖစ္သူ အသက္ (၄၇) ႏွစ္အရြယ္ရွိ မနန္းမိုခမ္းသည္ ေက်ာက္မဲၿမိဳ႕ အမွတ္(၂) ရပ္ကြက္ ရန္ကင္းရပ္ သစ္ေတာလမ္းနံေဘးရွိ ေနအိမ္တြင္  ႀကိဳးဆြဲခ်၍ ေသဆံုး ေနသည့္ အေနအထားျဖင့္ ေမလ (၉) ရက္ေန႔ ေန႔လယ္ပိုင္းက ေတြ႔ရွိရသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သြားေရာက္စစ္ေဆးထားေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ တစ္ဦးတည္း ေနထိုင္သူျဖစ္ၿပီး ရပ္/ေက်း သင္တန္းတက္ေရာက္ရန္ မလာေရာက္သျဖင့္ အျခားစာေရးဝန္ထမ္းတစ္ဦးက ၎၏ ေနအိမ္သို႔ လာေရာက္ေခၚယူစဥ္ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ေတြ႔ရွိရသျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမလ (၉) ရက္ေန႔ နံနက္ (၁၁) နာရီဝန္းက်င္ကလည္း ေက်ာက္မဲၿမိဳ႕နယ္ ေခးနင္းေက်းရြာအုပ္စု၊ ကံုးေကာ္ေက်းရြာတြင္ အသက္ (၄၄) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်၍ ေသဆံုးမႈျဖစ္ပြားသျဖင့္ ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း (ေနာင္ပိန္)က အေလာင္းအား ေနာင္ပိန္ တိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

ယင္းေနာက္ ေမလ (၉) ရက္ေန႔ ညေနပိုင္းတြင္ ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအတြင္းရွိ ေနအိမ္တြင္ ႀကိဳးဆြဲခ် အေနအထားျဖင့္ ေသဆံုးေနသည့္ အသက္(၁၇)ႏွစ္၀န္းက်င္အရြယ္ စိုင္းစံဦး(ခ)အိုက္စိုင္းအား  ေတြ႔ရသျဖင့္ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈမ်ားႏွင့္ပတ္သက္၍ ဓမၼတာအတုိင္း ေသဆံုးျခင္းဟုတ္၊ မဟုတ္စစ္ေဆးေနၿပီး သက္ဆုိင္ရာ ရဲစခန္းမ်ားတြင္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

မြို့နယ်ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်းသုံးဦး တစ်နေ့တည်း ကြိုးဆွဲချသေဆုံးမှု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း မေလ (၉)ရက်နေ့က ဖြစ်ပွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၏ စာရေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးဖြစ်သူ အသက် (၄၇) နှစ်အရွယ်ရှိ မနန်းမိုခမ်းသည် ကျောက်မဲမြို့ အမှတ်(၂) ရပ်ကွက် ရန်ကင်းရပ် သစ်တောလမ်းနံဘေးရှိ နေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံး နေသည့် အနေအထားဖြင့် မေလ (၉) ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိရသဖြင့် ကျောက်မဲမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ရပ်/ကျေး သင်တန်းတက်ရောက်ရန် မလာရောက်သဖြင့် အခြားစာရေးဝန်ထမ်းတစ်ဦးက၎င်း၏ နေအိမ်သို့ လာရောက်ခေါ်ယူစဉ် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ (၉) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်ကလည်း ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စု၊ ကုံးကော်ကျေးရွာတွင် အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားသဖြင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)က အလောင်းအား နောင်ပိန် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယင်းနောက် မေလ (၉) ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအတွင်းရှိ နေအိမ်တွင် ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် အသက်(၁၇)နှစ်ဝန်းကျင်အရွယ် စိုင်းစံဦး(ခ)အိုက်စိုင်းအား တွေ့ရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုများနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနပြေီး သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~