ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းကို ၾသဂုတ္လ (၂၇)ရက္ေန႔ ေန႔လည္ (၁၂) နာရီမွ ေန႔လည္(၂) နာရီအထိ ေခတၱပိတ္မည္

ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းကို ၾသဂုတ္လ (၂၇)ရက္ေန႔ ေန႔လည္ (၁၂) နာရီမွ ေန႔လည္(၂) နာရီအထိ ေခတၱပိတ္မည္
သြဂုတ် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္း၏ နံပါတ္ (၇) ေကြ႔ (ကုလားမေကြ႔)တြင္ ဆီေဘာက္ဆာယာဥ္မ်ား တိမ္းေမွာက္ထားမႈေၾကာင့္ လမ္းပိုင္းျပင္ဆင္မႈ ျပဳလုပ္မည္ ျဖစ္ရာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ ေန႔လည္ (၁၂) နာရီမွ ေန႔လည္(၂) နာရီအထိ ယာယီ ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီရက္ပိုင္းမွာပဲ ဆီေဘာက္ဆာကားႏွစ္စီးက ရက္ေတာင္မျခားဘဲ အဲဒီအေကြ႔မွာ ေမွာက္တယ္။ ဒီဇယ္ေတြ စားတာေၾကာင့္ လမ္းအနည္းငယ္ ပ်က္စီးတာေတြ ရွိထားတယ္။ ၿပီးေတာ့ အဲဒီအေကြ႔ကို အဆင္ေျပေခ်ာေမြ႔ ေအာင္လို႔ မြန္းမံျပင္ဆင္တာလည္း လုပ္ေပးဖို႔အတြက္ နာရီပိုင္းေလာက္ပဲ ပိတ္ထားမွာပါ။ ႏိုင္လြန္ ကတၱရာနဲ႔ပဲ လမ္းပိုင္းကို ျပင္ဆင္ေပးသြားမွာပါ” ဟု ျပည္ေထာင္စုလမ္းမႀကီးအား တာဝန္ယူ လုပ္ကိုင္ေနသည့္ Oriental Highway Co.ltd ( ေက်ာက္မဲ )မွ စီမံကိန္း မန္ေနဂ်ာ ဦးသက္ေဆြ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပိုင္းအား ျပင္ဆင္ေနစဥ္အတြင္း ေနာင္ခ်ိဳၿမိဳ႕ဘက္ရွိ ဂုတ္တြင္းလမ္းပိုင္းမွ စိမ္းလဲ့ကန္သာအနီးတြင္ မူဆယ္သို႔ အတက္ယာဥ္မ်ားကို တားျမစ္ထားမည္ ျဖစ္ကာ ေက်ာက္မဲဘက္အျခမ္းတြင္ ေျခာက္ထပ္ေကြ႔ အနီး၌သာ ေခတၱတားျမစ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

၎လမ္းပိုင္းအား ျပင္ဆင္ မြမ္းမံခ်ိန္တြင္ ဂုတ္တြင္းလမ္းပိုင္း တစ္ေလွ်ာက္ရွိ အေသးစားျပဳျပင္ရန္ လိုအပ္သည့္ ေနရာမ်ားကို မြမ္းမံျပင္ဆင္မႈ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္လြန္ကတၱရာျဖန္းေနခ်ိန္မွလြဲ၍ လမ္းပိုင္းျပဳျပင္ေနစဥ္အတြင္း ယာဥ္ငယ္မ်ားကိုလည္း အလ်င္းသင့္သလို  ျဖတ္သန္းသြားေစႏိုင္ရန္အတြက္ OHC ကုမၸဏီႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း OHC ကုမၸဏီမွ စီမံကိန္းမန္ေနဂ်ာထံက သိရသည္။

သတင္း/ဓါတ္ပံု  - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်း၏ နံပါတ် (၇) ကွေ့ (ကုလားမကွေ့)တွင် ဆီဘောက်ဆာယာဉ်များ တိမ်းမှောက်ထားမှုကြောင့် လမ်းပိုင်းပြင်ဆင်မှု ပြုလုပ်မည် ဖြစ်ရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နေ့လည် (၁၂) နာရီမှ နေ့လည်(၂) နာရီအထိ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာပဲ ဆီဘောက်ဆာကားနှစ်စီးက ရက်တောင်မခြားဘဲ အဲဒီအကွေ့မှာ မှောက်တယ်။ ဒီဇယ်တွေ စားတာကြောင့် လမ်းအနည်းငယ် ပျက်စီးတာတွေ ရှိထားတယ်။ ပြီးတော့ အဲဒီအကွေ့ကို အဆင်ပြေချောမွေ့ အောင်လို့ မွန်းမံပြင်ဆင်တာလည်း လုပ်ပေးဖို့အတွက် နာရီပိုင်းလောက်ပဲ ပိတ်ထားမှာပါ။ နိုင်လွန် ကတ္တရာနဲ့ပဲ လမ်းပိုင်းကို ပြင်ဆင်ပေးသွားမှာပါ” ဟု ပြည်ထောင်စုလမ်းမကြီးအား တာဝန်ယူ လုပ်ကိုင်နေသည့် Oriental Highway Co.ltd ( ကျောက်မဲ )မှ စီမံကိန်း မန်နေဂျာ ဦးသက်ဆွေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပိုင်းအား ပြင်ဆင်နေစဉ်အတွင်း နောင်ချိုမြို့ဘက်ရှိ ဂုတ်တွင်းလမ်းပိုင်းမှ စိမ်းလဲ့ကန်သာအနီးတွင် မူဆယ်သို့ အတက်ယာဉ်များကို တားမြစ်ထားမည် ဖြစ်ကာ ကျောက်မဲဘက်အခြမ်းတွင် ခြောက်ထပ်ကွေ့ အနီး၌သာ ခေတ္တတားမြစ်ထားမည်ဖြစ်ကြောင်း သိရသည်။

၎င်းလမ်းပိုင်းအား ပြင်ဆင် မွမ်းမံချိန်တွင် ဂုတ်တွင်းလမ်းပိုင်း တစ်လျှောက်ရှိ အသေးစားပြုပြင်ရန် လိုအပ်သည့် နေရာများကို မွမ်းမံပြင်ဆင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လွန်ကတ္တရာဖြန်းနေချိန်မှလွဲ၍ လမ်းပိုင်းပြုပြင်နေစဉ်အတွင်း ယာဉ်ငယ်များကိုလည်း အလျင်းသင့်သလို ဖြတ်သန်းသွားစေနိုင်ရန်အတွက် OHC ကုမ္ပဏီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း OHC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာထံက သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~