လားရှိုးရှိပြည်သူ့စစ်စခန်း နှစ်ခုကို TNLA ယနေ့ထပ်သိမ်း

လားရှိုးရှိပြည်သူ့စစ်စခန်း နှစ်ခုကို TNLA ယနေ့ထပ်သိမ်း
နိုဝင်ဘာ 4, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းနှင့် မိုင်းယန်းပြည်သူ့စစ်စခန်း (၂)ခုတို့ကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း TNLAထံမှ သိရသည်။ 

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း (၂)ခုတို့ကိုလည်း နိုဝင်ဘာလ (၃)ရက်နေ့တွင် TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်ရှိ၊ လယ်ကြီးတောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချို (၁၁၅) စစ်ကောင်စီတပ်သည် ယမန်နေ့ညမှ ယနေ့ နံနက်ပိုင်းအထိ  (၁၀၂)၊ (၁၀၅)လက်နက်ကြီးများဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိန်းကလေးငယ် (၁)ဦး ထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီး နေအိမ် (၃)လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ သိန္နီတပ်မှ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော မိုင်းပါးတပ်စခန်းဘက်ကို လက်နက်ကြီး (၇)လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo : News & Information Department