မ်က္လံုးထဲက ေက်ာက္ခဲထြက္တဲ့ ေရာဂါေၾကာင့္ တရုတ္ဆရာဝန္မ်ား အေျဖရွာရခက္ေန

မ်က္လံုးထဲက ေက်ာက္ခဲထြက္တဲ့ ေရာဂါေၾကာင့္ တရုတ္ဆရာဝန္မ်ား အေျဖရွာရခက္ေန
မတ် 1, 2016
By Tachileik News Agency

တရုတ္ႏိုင္ငံ ဆန္းတုန္းၿမိဳ႕က အမ်ိဳးသမီးတစ္ဦးဟာ ေခါင္းကိုက္တဲ့အခါတိုင္း မ်က္လံုးအိမ္ထဲကေန ပဲေစ့ေလာက္အရြယ္ ေက်ာက္ခဲတံုးေလးေတြ ထြက္လာတတ္တဲ့ ေရာဂါဆန္းေၾကာင့္ ကုသေပးတဲ့ ဆရာဝန္ေတြလည္း စဥ္းစားရခက္ေနပါတယ္။

သူဟာ ဒီေရာဂါကို လြန္ခဲ့တဲ့(၇)ႏွစ္ကတည္းက ခံစားေနရတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက
သူမမ်က္စိနာေနတာေၾကာင့္ သူမရဲ႕အမ်ိဳးသားျဖစ္သူက မ်က္စိထဲကို ၾကည့္ေပးရာမွာ မ်က္ခြံထဲကေန ေက်ာက္ခဲေလးကို အထိတ္တလန္႔ေတြ႕ခဲ့ရတာပါ။

အဲဒီအခ်ိန္က ေက်ာက္ခဲကို မ်က္လံုးထဲက ထုတ္ေပးလိုက္ေပမဲ့ ေနာက္တစ္ႀကိမ္မွာလည္း ဒီလိုပဲထပ္ျဖစ္တာေၾကာင့္ ေဆးရံုကိုသြားျပခဲ့တာပါ။

ဒီအမ်ဳိးသမီးရဲ႕မ်က္လံုးထဲကေန ပဲေစ့ေလာက္အရြယ္ ေက်ာက္ခဲေတြကို ထုတ္ေပးရတာ ဆယ္လံုးေက်ာ္ေနၿပီျဖစ္ၿပီး ဆရာဝန္ေတြကလည္း ကုသႏိုင္ဖို႔နည္းလမ္း ရွာမေတြ႕ဘူးျဖစ္ေနပါတယ္။

“တစ္ခါတေလလည္း အေပၚမ်က္ခြံက ထြက္လာၿပီး တစ္ခါတစ္ေလလည္း ေအာက္မ်က္ခြံက ထြက္လာတာလည္းရွိတယ္။ သူလည္း အရမ္းစိုးရိမ္တယ္” လို႔ သူမရဲ႕ေယာက်္ားကေျပာပါတယ္။

လက္ရိွမွာေတာ့ သူ႔ကို မ်က္စိအထူးကုေဆးရံုက ဆရာဝန္ေတြက မ်က္လံုးထဲက ေက်ာက္ခဲကို ဓာတ္ခြဲစမ္းသပ္ေနပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; gz.people.com
*********************

( unicode )

တရုတ်နိုင်ငံ ဆန်းတုန်းမြို့က အမျိုးသမီးတစ်ဦးဟာ ခေါင်းကိုက်တဲ့အခါတိုင်း မျက်လုံးအိမ်ထဲကနေ ပဲစေ့လောက်အရွယ် ကျောက်ခဲတုံးလေးတွေ ထွက်လာတတ်တဲ့ ရောဂါဆန်းကြောင့် ကုသပေးတဲ့ ဆရာဝန်တွေလည်း စဉ်းစားရခက်နေပါတယ်။

သူဟာ ဒီရောဂါကို လွန်ခဲ့တဲ့(၇)နှစ်ကတည်းက ခံစားနေရတာဖြစ်ပြီး အဲဒီအချိန်တုန်းက
သူမမျက်စိနာနေတာကြောင့် သူမရဲ့အမျိုးသားဖြစ်သူက မျက်စိထဲကို ကြည့်ပေးရာမှာ မျက်ခွံထဲကနေ ကျောက်ခဲလေးကို အထိတ်တလန့်တွေ့ခဲ့ရတာပါ။

အဲဒီအချိန်က ကျောက်ခဲကို မျက်လုံးထဲက ထုတ်ပေးလိုက်ပေမဲ့ နောက်တစ်ကြိမ်မှာလည်း ဒီလိုပဲထပ်ဖြစ်တာကြောင့် ဆေးရုံကိုသွားပြခဲ့တာပါ။

ဒီအမျိုးသမီးရဲ့မျက်လုံးထဲကနေ ပဲစေ့လောက်အရွယ် ကျောက်ခဲတွေကို ထုတ်ပေးရတာ ဆယ်လုံးကျော်နပြေီဖြစ်ပြီး ဆရာဝန်တွေကလည်း ကုသနိုင်ဖို့နည်းလမ်း ရှာမတွေ့ဘူးဖြစ်နေပါတယ်။

“တစ်ခါတလေလည်း အပေါ်မျက်ခွံက ထွက်လာပြီး တစ်ခါတစ်လေလည်း အောက်မျက်ခွံက ထွက်လာတာလည်းရှိတယ်။ သူလည်း အရမ်းစိုးရိမ်တယ်” လို့ သူမရဲ့ယောကျာ်းကပြောပါတယ်။

လက်ရှိမှာတော့ သူ့ကို မျက်စိအထူးကုဆေးရုံက ဆရာဝန်တွေက မျက်လုံးထဲက ကျောက်ခဲကို ဓာတ်ခွဲစမ်းသပ်နေပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; gz.people.com

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~