Writen by
Web Admin
5:38:00 PM
-
0
Comments
တာချီလိတ်တွင် iPhone, iPad များ ၀ယ်ယူလိုသော်လည်း ဈေးနှုန်းအဆင်မပြေဖြစ်ခြင်း၊ ၀န်ဆောင်မှု အပိုငွေတောင်းခြင်း စသဖြင့် ဖုန်းဆိုင်ရွေးချယ်ရန်အတွက် ဇဝေဇ၀ါ ဖြစ်နေသူများအဖို့ ယုံကြည်စိတ်ချရပြီး ဈေးနှုန်း အသင့်တင်ြ့ဖင့် ရောင်းချပေးလျှက်ရှိသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၏ ဘေးတွင် ဖွင့်လှစ်ထားရှိသည့် AppStudio Sale & Service ( iPhone နှင့် ဖုန်းအပိုပစ္စည်း၊ ဖုန်းပြုပြင်ရေးဆိုင်)အား တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာ ၀န်ဆောင်မှုအဖြစ် မိတ်ဆက်ပေးလိုပါသည်။AppStudio iPhone နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တွင် နာနိုဆစ်(Nanosist)နည်းပညာကို အသုံးပြုပြီး iPhone, iPad နှင့် အခြားဖုန်း အမျိုးမျိုးကိုလည်း ရေစိုခံနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးနေလျက်ရှိရာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဖုန်းများကို ထိခိုက်မှု မရှိစေကြောင်း သိရသည်။
( ဓါတ်ပေါင်းခံနေပုံ )
"ဒီလို ဆောင်ရွက်ဖို့အတွက် ဘတ်(၁၂၀၀)သာ ကျသင့်ပါတယ်၊ လျော့ပေးတဲ့ ကာလမှာတော့ ဘတ်(၉၀၀)နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်၊ ဒီလို ဓါတ်ပေါင်းပြီးနောက် ဖုန်းပြုတ်ကျလို့ မှန်ကွဲသွားရင်တော့ ထပ်ပြီးတော့ ဓါတ်ပေါင်းခံရင် ပိုစိတ်ချရပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီလို ဓါတ်ပေါင်းပေးတဲ့အခါမှာ iPhone တစ်မျိုးတည်းကို မဟုတ်ပဲ၊ Samsung ဖုန်းတွေ နဲ့ အခြား ဈေးကြီးတဲ့ ဖုန်းတွေကိုလည်း ဓါတ်ပေါင်းချင်တယ်ဆိုရင် ဆောင်ရွက်ပေးပါတယ်"ဟု ထပ်မံရှင်းပြသည်။
AppStudio အနေဖြင့် ၀န်ဆောင်မှုပေးသည့် ကဏ္ဍနှင့် ပတ်သက်၍ "AppStudio အနေနဲ့ Apple Product များကိုသာ ရောင်းချပေးပါတယ်၊ ဒီလိုရောင်းချပေးရာမှာလည်း ထိုင်းဘက်က ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Apple Warranty အတိုင်းအာမခံအပြည့်အ၀ပေးပါတယ်၊ iPhone ဖြစ်ဖြစ် iPad ဖြစ်ဖြစ် တစ်လုံးဝယ်တာနဲ့ Apple အကောင့်မရှိဘူးဆိုရင်လည်း အခမဲ့ ဖွင့်ပေးသလို၊ လိုအပ်တဲ့ App တွေကိုလည်း အခမဲ့ ထည့်သွင်းပေးပါတယ်၊ IOS နဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေအားလုံးကို ပြုပြင်ပေးပါတယ်၊ ဥပမာ Lock ကျတာပဲဖြစ်ဖြစ်၊ Unlock ဖြည်ချင်တာပဲဖြစ်ဖြစ်၊ မှန်ကွဲ၊ မှန်လဲ အကုန်လုံးကို ၀န်ဆောင်မှုပေးပါတယ်.."ဟု ကိုစိုင်းထွန်းပွင့်မှ ပြောပြသည်။
AppStudio တွင် iPhone, iPad, iPod,iMac,iWatch စသည့် Apple Product များ၊ ထို Product များနှင့် သက်ဆိုင်သည့် အပိုပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း အပြင် Apple Gift Card များကိုလည်း ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။
AppStudio Sale & Service
အမှတ်(၄/၁၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 091-8598599၊ 088-2686863
မြန်မာဖုန်း။ ။ 09-450061464
Social Buttons