တာလေမြို့ရှိ လယ်စိုက်တောင်သူများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် ပတ်သက်၍ အသိပညာပေး

တာလေမြို့ရှိ လယ်စိုက်တောင်သူများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် ပတ်သက်၍ အသိပညာပေး
သွဂုတျ 30, 2016
By Tachileik News Agency

ဒေသခံ တောင်သူလယ်သမားများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် အသိပညာပေးမှုအဖြစ် သြဂုတ်လ(၂၉)ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူလယ်သမားများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို သိရှိနားလည်လာစေရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၏ တာလေမြို့ဦးစီးမှူး ဦးလှမိုးထွေးက ရှင်းလင်းဟောပြောသည်။



~~~~~~~~~~~~~~~~~~~~~⊰❂ unicode ❂⊱~~~~~~~~~~~~~~~~~~~~~

ဒေသခံ တောင်သူလယ်သမားများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် အသိပညာပေးမှုအဖြစ် သြဂုတ်လ(၂၉)ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူလယ်သမားများအား ပုံစံ(၇)လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို သိရှိနားလည်လာစေရန်အတွက်  လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၏ တာလမြေို့ဦးစီးမှူး ဦးလှမိုးထွေးက ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၏ တာလေ မြို့ဦးစီးမှူး ဦးလွှမ်းမိုးသူက မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရန်နှင့် မျိုးသန့်မျိုးပွားစိုက်နည်းစနစ်အကြောင်းကို ဟောပြောဆွေးနွေးပြီး၊ စပါးတွင် ကျရောက် တတ်သော ပိုးမွှား/ရောဂါများကို ခွဲခြားပုံ၊ အန္တရာယ်ရှိ ဆေးဝါးပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ပုံများအား တာချီလိတ်ခရိုင် သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ခံ ဒေါ်ဌေးက ရှင်းလင်း ဟောပြောသည်။

အသိပညာပေးမှုများ အပြီးတွင် အဆိုပါ ကျေးရွာအတွင်းရှိ ဦးစိုင်းမုန့်+ဒေါ်နန်းဖုံးတို့၏ လယ်မြေသို့ သွားရောက်ကာ ပိုးမွှား/ရောဂါ ကျရောက်မှု အခြေအနေများအား တောင်သူများနှင့်အတူ လက်တွေ့ ကွင်းဆင်းစစ်ဆေးပြသခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~