တာချီလိတ်၌ လစဉ် ပုံမှန် လူထုပူးပေါင်းပါဝင် စက်ဘီးစီးနင်းပွဲ စတင်

တာချီလိတ်၌ လစဉ် ပုံမှန် လူထုပူးပေါင်းပါဝင် စက်ဘီးစီးနင်းပွဲ စတင်
သွဂုတျ 28, 2016
By Tachileik News Agency

တာချီလိတ်ခရိုင် အားကစား၊ ကာယပညာဦးစီးဌာနနှင့် စက်ဘီးဆပ်ကော်မတီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်မည့် လစဉ် နောက်ဆုံးအပတ်၏ တနင်္ဂနွေနေ့တိုင်း လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ၂၀၁၆ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့ နံနက်အစောပိုင်းက စ၍ စီးနင်းခဲ့ကြသည်။


တာချီလိတ်မြို့တွင် ယခုလို လူထုပူးပေါင်း ပါဝင်ပြီး စီးနင်းမည့် စက်ဘီးစီးပွဲကို လစဉ် နောက်ဆုံးအပတ်၏ တနင်္ဂနွေနေ့များတွင် ပုံမှန်ပြုလုပ်သွားမှာ ဖြစ်ပြီး၊ မည်သူမဆို မိမိတို့၏ စက်ဘီးဖြင့် ယူလာကာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ 


~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်ခရိုင် အားကစား၊ ကာယပညာဦးစီးဌာနနှင့် စက်ဘီးဆပ်ကော်မတီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်မည့် လစဉ် နောက်ဆုံးအပတ်၏ တနင်္ဂေနွနေ့တိုင်း လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ၂၀၁၆ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့ နံနက်အစောပိုင်းက စ၍ စီးနင်းခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ပြီး၊ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့တွင် စုရပ်အဖြစ် ပြုလုပ်ကာ မယ်ယန်းတိုးဂိတ်အထိ ထွက်ခွာပြီး ထိုမှတဆင့် မြို့တွင်းသို့ ပြန်လှည့်ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် ယခုလို လူထုပူးပေါင်း ပါဝင်ပြီး စီးနင်းမည့် စက်ဘီးစီးပွဲကို လစဉ် နောက်ဆုံးအပတ်၏ တနင်္ဂေနွနေ့များတွင် ပုံမှန်ပြုလုပ်သွားမှာ ဖြစ်ပြီး၊ မည်သူမဆို မိမိတို့၏ စက်ဘီးဖြင့် ယူလာကာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~