ထိုင္းႏုိင္ငံ၌ ဗံုးေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားၿပီးေနာက္ လံုၿခံဳေရးၾကပ္မတ္၊ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား သြားလာမႈ ဆင္ျခင္ရန္ လိုအပ္

ထိုင္းႏုိင္ငံ၌ ဗံုးေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားၿပီးေနာက္ လံုၿခံဳေရးၾကပ္မတ္၊ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား သြားလာမႈ ဆင္ျခင္ရန္ လိုအပ္
သြဂုတ် 15, 2016
By Tachileik News Agency

ထုိင္းႏိုင္ငံတြင္ ဗံုးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ရပ္ကြက္ေက်းရြာမ်ားတြင္ လူစိမ္း၀င္ထြက္မႈမ်ားအား စစ္ေဆးေရး ဂိတ္မ်ား၌ ၾကပ္မတ္စစ္ေဆးျခင္းႏွင့္ လူစည္ကားရာ ေနရာမ်ားတြင္ ကင္းလွည့္ စစ္ေဆးျခင္းမ်ားျဖင့္  ထိုင္းအစိုးရမွ လံုၿခံဳေရးကုိ ႀကပ္မတ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း ႏွင့္ ခ်င္ရိုင္းခရိုင္ အတြင္းရွိ ၿမိဳ႕နယ္မ်ား နယ္စပ္တစ္ေလွ်ာက္တြင္ ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

ထိုင္းအစိုးရက ၾသဂုတ္လ(၁၂)ရက္ေန႔က အခ်က္(၇)ခ်က္ပါ၀င္ေသာ အမ်ားျပည္သူမ်ား အသက္ အႏၱရာယ္ႏွင့္ ပစၥည္းဆံုးရွံဳးမႈမရွိေစရန္ သတိေပးထုတ္ျပန္ေၾကညာခ်က္ကို အစိုးရပိုင္ေရဒီယိုမွ ေၾကညာလိုက္ေၾကာင္း သိရသည္။

အဆိုပါ ေၾကညာခ်က္တြင္ ႏိုင္ငံျခားခရီးသြားအမ်ားစုရွိသည့္ လူစည္ကားရာေနရာမ်ားႏွင့္ ေက်ာင္း၊ ေဆးရံု၊ အစိုးရရံုးတည္ရွိရာေနရာမ်ားအား လွည့္ကင္းေဆာင္ရြက္ရန္၊ ရပ္ကြက္ေက်းရြာမ်ားအတြင္း လူစိမ္း၀င္ေရာက္မႈ မရွိေစေရး စစ္ေဆးေဆာင္ရြက္ရန္၊ လူစည္ကားရာေနရာမ်ားျဖစ္ေသာ ကားဂိတ္ႏွင့္ ဘုန္းႀကီးေက်ာင္း၊ ကုန္တိုက္ႏွင့္ ေစ်းမ်ားကို အဓိကအႏၱရာယ္ျဖစ္ေစႏိုင္သည့္ ေနရာမ်ားအျဖစ္သတ္မွတ္ၿပီး အႏၱရာယ္ ျဖစ္ေပၚလာပါက ခ်က္ခ်င္းကူညီေဆာင္ရြက္ႏိုင္ရန္ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္တို႔ ပါဝင္ေၾကာင္း သိရသည္။

"ခ်င္းရိုင္းဘက္မွာေတာ့ ေရွာင္တခင္စစ္ေဆးမႈေတြေတာ့ရွိတယ္။ ထိုင္းရဲေတြကိုလည္း ခ်င္းရိုင္းခရိုင္အတြင္း အထူးစစ္ေဆးဖို႔ ညႊန္ၾကားထားတယ္လို႔ သူေဌးကေန တစ္ဆင့္ သိရတယ္ဗ်၊ အေၾကာင္းကေတာ့ လတ္တေလာ ဗံုးေပါက္ကြဲတဲ့ ကိစၥေတြပါ၊ အဲ့လို ေရွာင္တခင္ စစ္ေဆးတဲ့အခါမွာ ထိုင္းေရာက္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ သြားလာမႈ ဆင္ျခင္ရပါမယ္။ အဲ့လိုမဟုတ္ဘဲ စစ္ေဆးမႈထဲ ပါသြားတာေတြ၊ မလိုလားအပ္တာေတြ ျဖစ္တတ္တဲ့အတြက္ သြားတာ လာတာ ဆင္ျခင္ဖို႔ လိုပါတယ္" ဟု ခ်င္းရိုင္းၿမိဳ႕အတြင္း အလုပ္ လုပ္ကိုင္ေနသည့္ ကိုျမေမာင္က ေျပာသည္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာင္ဘက္ ကီလုိမီတာ (၂၀၀)အကြာရွိ ဟြာဟင္အဆင့္ျမင့္ အပန္းေျဖစခန္း၌ ၾသဂုတ္လ(၁၂)ရက္ေန႔တြင္ ျဖစ္ပြားသည့္ ဗုံးေပါက္ကဲြမႈ(၂)ခုေၾကာင့္လူ(၁)ဦးေသဆုံးကာ (၃)ဦးဒဏ္ရာရရွိခဲ့ၿပီး ထိုင္းႏိုင္ငံအတြင္းရွိ ေနရာ (၅) ေနရာ၌ ဗံုး (၉) လံုး ဆက္တိုက္ေပါက္ကြဲခဲ့မႈေၾကာင့္ (၄)ဦး ေသဆုံးကာ လူအမ်ားအျပား ဒဏ္ရာရရွိခဲ့သျဖင့္ ထိုင္းရဲတပ္ဖြဲ႕မွ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။

ထုိင္းႏိုင္ငံအတြင္း တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေရးဆြဲထားသည့္ ဖြဲ႕စည္းပံု အေျခခံဥပေဒအား ျပည္လံုးကၽြတ္ဆႏၵခံယူပြဲက်င္းပၿပီးေနာက္ ဗံုးေပါက္ကြဲမႈမ်ား ဆက္တိုက္ ျဖစ္ပြားလာျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရပ်ကွက်ကျေးရွာများတွင် လူစိမ်းဝင်ထွက်မှုများအား စစ်ဆေးရေး ဂိတ်များ၌ ကြပ်မတ်စစ်ဆေးခြင်းနှင့် လူစည်ကားရာ နေရာများတွင် ကင်းလှည့် စစ်ဆေးခြင်းများဖြင့် ထိုင်းအစိုးရမှ လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း နှင့် ချင်ရိုင်းခရိုင် အတွင်းရှိ မြို့နယ်များ နယ်စပ်တစ်လျှောက်တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ထိုင်းအစိုးရက သြဂုတ်လ(၁၂)ရက်နေ့က အချက်(၇)ချက်ပါဝင်သော အများပြည်သူများ အသက် အန္တရာယ်နှင့် ပစ္စည်းဆုံးရှုံးမှုမရှိစေရန် သတိပေးထုတ်ပြန်ကြေညာချက်ကို အစိုးရပိုင်ရေဒီယိုမှ ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံခြားခရီးသွားအများစုရှိသည့် လူစည်ကားရာနေရာများနှင့် ကျောင်း၊ ဆေးရုံ၊ အစိုးရရုံးတည်ရှိရာနေရာများအား လှည့်ကင်းဆောင်ရွက်ရန်၊ ရပ်ကွက်ကျေးရွာများအတွင်း လူစိမ်းဝင်ရောက်မှု မရှိစေရေး စစ်ဆေးဆောင်ရွက်ရန်၊ လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်နှင့် ဘုန်းကြီးကျောင်း၊ ကုန်တိုက်နှင့် ဈေးများကို အဓိကအန္တရာယ်ဖြစ်စေနိုင်သည့် နေရာများအဖြစ်သတ်မှတ်ပြီး အန္တရာယ် ဖြစ်ပေါ်လာပါက ချက်ချင်းကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်တို့ ပါဝင်ကြောင်း သိရသည်။

"ချင်းရိုင်းဘက်မှာတော့ ရှောင်တခင်စစ်ဆေးမှုတွေတော့ရှိတယ်။ ထိုင်းရဲတွေကိုလည်း ချင်းရိုင်းခရိုင်အတွင်း အထူးစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ သူဌေးကနေ တစ်ဆင့် သိရတယ်ဗျ၊ အကြောင်းကတော့ လတ်တလော ဗုံးပေါက်ကွဲတဲ့ ကိစ္စတွေပါ၊ အဲ့လို ရှောင်တခင် စစ်ဆေးတဲ့အခါမှာ ထိုင်းရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သွားလာမှု ဆင်ခြင်ရပါမယ်။ အဲ့လိုမဟုတ်ဘဲ စစ်ဆေးမှုထဲ ပါသွားတာတွေ၊ မလိုလားအပ်တာတွေ ဖြစ်တတ်တဲ့အတွက် သွားတာ လာတာ ဆင်ခြင်ဖို့ လိုပါတယ်" ဟု ချင်းရိုင်းမြို့အတွင်း အလုပ် လုပ်ကိုင်နေသည့် ကိုမြမောင်က ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၂၀၀)အကွာရှိ ဟွာဟင်အဆင့်မြင့် အပန်းဖြေစခန်း၌ သြဂုတ်လ(၁၂)ရက်နေ့တွင် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှု(၂)ခုကြောင့်လူ(၁)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ နေရာ (၅) နေရာ၌ ဗုံး (၉) လုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် (၄)ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နခြေင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးနောက် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~