ေတာင္ႀကီးတကၠသိုလ္၏ (၂၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ပြဲသို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္

ေတာင္ႀကီးတကၠသိုလ္၏ (၂၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ပြဲသို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္
သြဂုတ် 17, 2016
By Tachileik News Agency

ေတာင္ႀကီး တကၠသိုလ္၏ (၂၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားအား ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္ပိုင္းက ေတာင္ႀကီးတကၠသိုလ္ ဘက္စံုခန္းမတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

"ေတာင္ႀကီးတကၠသိုလ္ကို (၁၅-၆-၁၉၆၁)ရက္ေန႔မွာ ေတာင္ႀကီး ဥပစာေကာလိပ္အျဖစ္ စတင္တည္ေထာင္ခဲ့ပါတယ္၊ ၁၉၇၇ ခုႏွစ္မွာေတာ့ ေတာင္ႀကီးေဒသ ေကာလိပ္အျဖစ္ အဆင့္ျမင့္တင္ခဲ့ၿပီး၊ ၁၉၈၁ခုႏွစ္မွာ ေတာင္ႀကီးေကာလိပ္မွတဆင့္ ၁၉၈၆ ခုႏွစ္တြင္ ေတာင္ႀကီးဒီဂရီေကာလိပ္အျဖစ္ တိုးျမႇင့္ခဲ့ၿပီး (၁၇-၈-၁၉၉၂)ရက္ေန႔မွာေတာ့ ယေန႔အထိ ေတာင္ႀကီးတကၠသိုလ္အျဖစ္ စတင္ခဲ့သည့္အတြက္ ယေန႔သည္ ေတာင္ႀကီးတကၠသိုလ္၏ (၂၄)ႏွစ္ေျမာက္ တကၠသိုလ္ ႏွစ္ပတ္လည္ေန႔ျဖစ္ပါတယ္"ဟု ေတာင္ႀကီးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဒၚမူမူျမင့္က ရွင္းလင္းေျပာၾကားသည္။

ေတာင္ႀကီးတကၠသိုလ္မွ ယခုခ်ိန္ထိ ဘြဲ႕ရေမာင္မယ္ စုစုေပါင္း (၂၃,၁၉၇)ဦး ေမြးထုတ္ေပးနိုင္ခဲ့ၿပီး၊ ေတာင္ႀကီးတကၠသိုလ္သည္ ရွမ္းျပည္နယ္၏ ဂုဏ္ေဆာင္တကၠသိုလ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္သြားနိုင္၍ နိုင္ငံတကာ တကၠသိုလ္မ်ားႏွင့္ ရင္ေပါင္တန္းနိုင္ေသာ အရည္အခ်င္းျပည့္မီေသာ တကၠသိုလ္ႀကီး ျဖစ္ေၾကာင္းသိ႐ွိရသည္။

အခမ္းအနားတြင္ ထူးခြ်န္ဝန္ထမ္းမ်ား၊ သုေတသနထူးခြ်န္ ဆရာ/မမ်ား၊ ထူးခၽြန္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ သုေတသနပညာရွင္မ်ား၊ (၆၉)ႀကိမ္ေျမာက္ အာဇာနည္ေန႔အႀကိဳ စာစီစာကုံး ၿပိဳင္ပြဲဆုရရွိသူမ်ား၊ ဘက္စုံ ထူးခၽြန္ေက်ာင္းသားဆု၊ အားကစားထူးခၽြန္ဆု၊ ၾကက္ေျခနီထူးခၽြန္ဆု၊ တကၠသိုလ္ဆရာ/ဆရာမမ်ား ဝန္ထမ္းမ်ား၏ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္ျမင္သူ သားသမီးမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ား၊ ပါေမာကၡခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က ထူးခြ်န္ဆုမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကေၾကာင္း သိရသည္။

ေတာင္ႀကီး တကၠသိုလ္၏ (၂၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ေတာင္ႀကီးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဒၚမူမူျမင့္ ႏွင့္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ခင္ျမင့္တို႔ တတ္ေရာက္ခဲ့ေၾကာင္းသိ႐ွိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တောင်ကြီး တက္ကသိုလ်၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

"တောင်ကြီးတက္ကသိုလ်ကို (၁၅-၆-၁၉၆၁)ရက်နေ့မှာ တောင်ကြီး ဥပစာကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပါတယ်၊ ၁၉၇၇ ခုနှစ်မှာတော့ တောင်ကြီးဒေသ ကောလိပ်အဖြစ် အဆင့်မြင့်တင်ခဲ့ပြီး၊ ၁၉၈၁ခုနှစ်မှာ တောင်ကြီးကောလိပ်မှတဆင့် ၁၉၈၆ ခုနှစ်တွင် တောင်ကြီးဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ခဲ့ပြီး (၁၇-၈-၁၉၉၂)ရက်နေ့မှာတော့ ယနေ့အထိ တောင်ကြီးတက္ကသိုလ်အဖြစ် စတင်ခဲ့သည့်အတွက် ယနေ့သည် တောင်ကြီးတက္ကသိုလ်၏ (၂၄)နှစ်မြောက် တက္ကသိုလ် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်"ဟု တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်က ရှင်းလင်းပြောကြားသည်။

တောင်ကြီးတက္ကသိုလ်မှ ယခုချိန်ထိ ဘွဲ့ရမောင်မယ် စုစုပေါင်း (၂၃,၁၉၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ တောင်ကြီးတက္ကသိုလ်သည် ရှမ်းပြည်နယ်၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်သွားနိုင်၍ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်သော အရည်အချင်းပြည့်မီသော တက္ကသိုလ်ကြီး ဖြစ်ကြောင်းသိရှိရသည်။

အခမ်းအနားတွင် ထူးချွန်ဝန်ထမ်းများ၊ သုတေသနထူးချွန် ဆရာ/မများ၊ ထူးချွန် ကျောင်းသား/ ကျောင်းသူများ၊ သုတေသနပညာရှင်များ၊ (၆၉)ကြိမ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံး ပြိုင်ပွဲဆုရရှိသူများ၊ ဘက်စုံ ထူးချွန်ကျောင်းသားဆု၊ အားကစားထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ တက္ကသိုလ်ဆရာ/ဆရာမများ ဝန်ထမ်းများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ သားသမီးများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူတို့က ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

တောင်ကြီး တက္ကသိုလ်၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့် နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်တို့ တတ်ရောက်ခဲ့ကြောင်းသိရှိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~