ထိုင္းႏုိင္ငံမွ အသစ္ျပဌာန္းသည့္ MOU စနစ္အရ လုပ္သားမ်ား၏ ကုန္က်စရိတ္ကို လုပ္ငန္းရွင္က က်ခံရေတာ့မည္

ထိုင္းႏုိင္ငံမွ အသစ္ျပဌာန္းသည့္ MOU စနစ္အရ လုပ္သားမ်ား၏ ကုန္က်စရိတ္ကို လုပ္ငန္းရွင္က က်ခံရေတာ့မည္
သြဂုတ် 18, 2016
By Tachileik News Agency

 ထိုင္းႏိုင္ငံတြင္ ျပဌာန္းလိုက္ေသာ MoUစနစ္ျဖင့္ ျမန္မာႏိုင္ငံမွ ေရႊ႕ေျပာင္းအလုပ္သမားမ်ားေခၚယူမႈ ဥပေဒသစ္အရ အလုပ္သမားမ်ား၏ ကုန္က်စရိတ္မ်ားအား လုပ္ငန္းရွင္မ်ားမွ က်ခံလာရမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံေရာက္သည္ႏွင့္ MoU စာခ်ဳပ္ပါအတိုင္း တၿပိဳင္နက္ အလုပ္ လုပ္ကိုင္ခြင့္ရရွိမည္ျဖစ္ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္မွ သိရသည္။

"အခုဥပေဒအသစ္အရဆိုရင္ အရင္တုန္းကလို ျမန္မာ ေအဂ်င္စီနဲ႔ ထိုင္းေအဂ်င္စီတို႔ ပူးေပါင္းၿပီးေတာ့ လုပ္ငန္းခြင္မွာ တကယ္လိုအပ္တဲ့ အလုပ္သမားထက္ပိုၿပီး ေခၚလာတဲ့ ကိစၥမ်ိဳးေပါ့။ ဥပမာ အလုပ္သမား(၄၀၀)ေခၚလာတယ္ တကယ္တမ္းလိုတာ (၁၀၀)ပဲ။ က်န္တာက အလုပ္လက္မဲ့ျဖစ္ေနတာ ဒါေတြကို ဥပေဒသစ္မွာ မရေတာ့ဘူး။ အလုပ္ရွင္က အစိုးရဆီမွာ အာမခံေၾကး တင္ထားရမယ္။ လိုအပ္တဲ့ အလုပ္သမားဦးေရကို အလုပ္ရွင္က တိုက္ရိုက္ ျမန္မာေအဂ်င္စီဆီကေခၚရမယ္။ ေနာက္တစ္ခုက ကုန္က်စရိတ္ကို အလုပ္ရွင္က က်ခံရမယ္လို႔ ေျပာထားတယ္။ အေသးစိတ္ကေတာ့ ေနာက္ပိုင္းမွ ထြက္လာလိမ့္မယ္"ဟု ေရႊ႕ေျပာင္း အလုပ္သမား အခြင့္အေရးကြန္ရက္မွ ဒုဥကၠဌ ဦးေအာင္ေက်ာ္က ေျပာသည္။

ထိုင္းႏိုင္ငံတြင္ လာေရာက္အလုပ္လုပ္ကိုင္သည့္ အလုပ္သမားမ်ားအေနႏွင့္ အဆင္မေျပမႈမ်ားျဖစ္ခဲ့လွ်င္ (၁၅)ရက္အတြင္း အလုပ္႐ွင္ေျပာင္းခြင့္ ပါ၀င္လာၿပီး အလုပ္သမားရဲ႕စာရြက္စာတမ္း အေထာက္ အထားေတြကို သိမ္းဆည္းထားမႈမျပဳရဟူေသာ သတ္မွတ္မ်ားထည့္သြင္းထားကာ ျပစ္မႈျပစ္ဒဏ္မ်ားလည္း ထည့္သြင္း ထားေၾကာင္း ၎ထံမွသိရသည္။

ယခုဥပေဒသစ္အရ ထုိင္းႏိုင္ငံမွ ေရႊ႔ေျပာင္းအလုပ္သမားေခၚရာတြင္ ယခင္ကဲ့သို႔ ျမန္မာေအဂ်င္စီႏွင့္ ထိုင္းေအဂ်င္စီမ်ား အလုပ္သမားမ်ားေပၚတြင္ ကိုယ္က်ိဳးရွာအျမတ္ထုတ္ခြင့္နည္းပါးသြားမည္ျဖစ္ၿပီး MoU စာခ်ဳပ္ပါအတိုင္း ထိုင္းႏိုင္ငံေရာက္သည္ႏွင့္ လုပ္ငန္းခြင္တြင္ ၀င္ေရာက္အလုပ္လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထုိင္းႏိုင္ငံအတြင္း အလုပ္ရံုစက္ရံုမ်ားတြင္ အလုပ္သမားလိုအပ္ခ်က္အား ျဖည့္ဆည္းရန္ ထိုင္းႏိုင္ငံအလုပ္သမားေခၚယူခြင့္ဆိုင္ရာ ဥပေဒသစ္အား ၾသဂုတ္လ(၁၄)ရက္ေန႔တြင္ ျပဌာန္းခဲ့ျခင္းျဖစ္ၿပီး အခန္း(၅)ခန္းႏွင့္ သီးသန္႔သတ္မွတ္ခ်က္ ဥပေဒပုဒ္မေပါင္း(၆၂)ခု ပါ၀င္လာေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ပြဌာန်းလိုက်သော MoUစနစ်ဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများခေါ်ယူမှု ဥပဒေသစ်အရ အလုပ်သမားများ၏ ကုန်ကျစရိတ်များအား လုပ်ငန်းရှင်များမှ ကျခံလာရမည်ဖြစ်ပြီး ထိုင်းနိုင်ငံရောက်သည်နှင့် MoU စာချုပ်ပါအတိုင်း တပြိုင်နက် အလုပ် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ သိရသည်။

"အခုဥပဒေအသစ်အရဆိုရင် အရင်တုန်းကလို မြန်မာ အေဂျင်စီနဲ့ ထိုင်းအေဂျင်စီတို့ ပူးပေါင်းပြီးတော့ လုပ်ငန်းခွင်မှာ တကယ်လိုအပ်တဲ့ အလုပ်သမားထက်ပိုပြီး ခေါ်လာတဲ့ ကိစ္စမျိုးပေါ့။ ဥပမာ အလုပ်သမား(၄၀၀)ခေါ်လာတယ် တကယ်တမ်းလိုတာ (၁၀၀)ပဲ။ ကျန်တာက အလုပ်လက်မဲ့ဖြစ်နေတာ ဒါတွေကို ဥပဒေသစ်မှာ မရတော့ဘူး။ အလုပ်ရှင်က အစိုးရဆီမှာ အာမခံကြေး တင်ထားရမယ်။ လိုအပ်တဲ့ အလုပ်သမားဦးရေကို အလုပ်ရှင်က တိုက်ရိုက် မြန်မာအေဂျင်စီဆီကခေါ်ရမယ်။ နောက်တစ်ခုက ကုန်ကျစရိတ်ကို အလုပ်ရှင်က ကျခံရမယ်လို့ ပြောထားတယ်။ အသေးစိတ်ကတော့ နောက်ပိုင်းမှ ထွက်လာလိမ့်မယ်"ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်မှ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအနေနှင့် အဆင်မပြေမှုများဖြစ်ခဲ့လျှင် (၁၅)ရက်အတွင်း အလုပ်ရှင်ပြောင်းခွင့် ပါဝင်လာပြီး အလုပ်သမားရဲ့စာရွက်စာတမ်း အထောက် အထားတွေကို သိမ်းဆည်းထားမှုမပြုရဟူသော သတ်မှတ်များထည့်သွင်းထားကာ ပြစ်မှုပြစ်ဒဏ်များလည်း ထည့်သွင်း ထားကြောင်း၎င်းထံမှသိရသည်။

ယခုဥပဒေသစ်အရ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားခေါ်ရာတွင် ယခင်ကဲ့သို့ မြန်မာအေဂျင်စီနှင့် ထိုင်းအေဂျင်စီများ အလုပ်သမားများပေါ်တွင် ကိုယ်ကျိုးရှာအမြတ်ထုတ်ခွင့်နည်းပါးသွားမည်ဖြစ်ပြီး MoU စာချုပ်ပါအတိုင်း ထိုင်းနိုင်ငံရောက်သည်နှင့် လုပ်ငန်းခွင်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရုံစက်ရုံများတွင် အလုပ်သမားလိုအပ်ချက်အား ဖြည့်ဆည်းရန် ထိုင်းနိုင်ငံအလုပ်သမားခေါ်ယူခွင့်ဆိုင်ရာ ဥပဒေသစ်အား သြဂုတ်လ(၁၄)ရက်နေ့တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အခန်း(၅)ခန်းနှင့် သီးသန့်သတ်မှတ်ချက် ဥပဒေပုဒ်မပေါင်း(၆၂)ခု ပါဝင်လာကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~