နိုင်ငံတော်သမ္မတသည် အစိုးရ၏ အကြီးအကဲဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီး သတိပေး
နိုင်ငံတော်သမ္မတသည် အစိုးရ၏ အကြီးအကဲဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီး သတိပေး
သွဂုတျ 31, 2016
By Tachileik News Agency
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် လည်းကောင်း ၊ နိုင်ငံတော်သမ္မတသည် အစိုးရ၏ အကြီးအကဲ အဖြစ် လည်းကောင်း ၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ထားပြီး ၀န်ကြီးများအားလုံးက သမ္မတကို တာဝန်ခံရမည်ဟု လည်းကောင်း ပြဌာန်းထားသဖြင့် ၀န်ထမ်းများ အနေဖြင့် မည်သည့်လက်အောက်က၊ မည်သည့်ဌာနကဟု ပြောဆိုနေကြခြင်းသည် ဥပဒေကိုချိုးဖောက်ရာရောက်သည်ဟု ဝန်ကြီးက သတိပေးလိုက်ခြင်း ဖြစ်သည်။
သတင်း - #ဇောင်းညီ
.........................
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲ၊ အစိုးရ၏ အကြီးအကဲဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်က တောင်ကြီး၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် သတိပေးပြောကြား လိုက်သည်။
"ဌာနဆိုင်ရာဝန်ထမ်းများက အစိုးရကိုတာဝန်ခံရမှာ ဖြစ်တယ်။ ထွေ/အုပ်ကအစ ဌာနဆိုင်ရာအားလုံး ဘယ်ဝန်ကြီးကမှ ဘယ်သူကမှ ခန့်ထားတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြောချင်တာက နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တယ်ဆိုတာ မှတ်ထားပါ။ အခုဟာက ဘယ်လို ပြောကြသလဲဆိုတော့ ငါတို့ကို ဘယ်ဝန်ကြီးဌာနက ခန့်ထားတာ၊ ဘယ်ဝန်ကြီး လက်အောက်က၊ ဘယ်သူခန့်ထားတယ်ဆိုတာတွေ ပြောနကြေတယ်"ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် အစိုးရ၏ အကြီးအကဲ အဖြစ် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ထားပြီး ဝန်ကြီးများအားလုံးက သမ္မတကို တာဝန်ခံရမည်ဟု လည်းကောင်း ပြဌာန်းထားသဖြင့် ဝန်ထမ်းများ အနဖြေင့် မည်သည့်လက်အောက်က၊ မည်သည့်ဌာနကဟု ပြောဆိုနကြခြေင်းသည် ဥပဒေကိုချိုးဖောက်ရာရောက်သည်ဟု ဝန်ကြီးက သတိပေးလိုက်ခြင်း ဖြစ်သည်။
၂၀၁၆ သြဂုတ်လ စတုတ္တပတ်အတွင်းက တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်အစိုးအဖွဲ့ ဝန်ကြီး(၄)ဦးနှင့်အတူ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများ နှင့်တွေ့ဆုံခြင်းဖြစ်သည်။
သတင်း - #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~