ေတာင္ႀကီးၿမိဳ႕၌ က်င္းပသည့္ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားသို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္

ေတာင္ႀကီးၿမိဳ႕၌ က်င္းပသည့္ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားသို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္
စက်တင်ဘာ 13, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ စက္တင္ဘာလ (၁၃)ရက္ နံနက္ပိုင္းက လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကို က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ႐ွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔ဝင္မ်ား ၊ လူကုန္ကူးမူ တားဆီး ကာကြယ္ေရး ဥကၠဌႏွင့္အဖြဲ႔ဝင္မ်ား NGO အဖြဲ႔အစည္းမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

လူကုန္ကူးမႈတုိက္ဖ်က္ေရးႏွင့္ ပတ္သက္၍ ထူးျခားလုပ္ေဆာင္ခ်က္မ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားရာတြင္ “ မူဝါဒနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးက႑မွာ ယခင္က ထုိင္းႏိုင္ငံ၊ တရုတ္ႏုိင္ငံတို႔နဲ႔သာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးလုပ္ငန္းမ်ားကို ပူးေပါင္း လုပ္ေဆာင္ခဲ့ၾကေပမဲ့ ၂၀၁၄ ခုႏွစ္က စၿပီး အင္ဒိုနီးရွား အစိုးရနဲ႔ ပူးေပါင္းကာ လူကုန္ကူးခံရသူမ်ားကို ျပန္လည္ပို႔ေဆာင္ေရးနဲ႔ လူကုန္ကူးသူမ်ားအား တရားစြဲဆိုေရးဆိုင္ရာ ကိစၥရပ္မ်ားကို ခ်ိတ္ဆက္လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္”ဟု ထည့္သြင္း ေျပာၾကားသြားသည္။

ျမန္မာႏိုင္ငံလူကုန္ကူးမူ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ဳိးသားအဆင့္ ၅ ႏွစ္ စီမံကိန္းကို ၂၀၀၇ ခုႏွစ္မွ စတင္၍ေရးဆြဲ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ရာ ယခုနစ္သည္ အမ်ဳိးသားအဆင့္ ဒုတိယ ၅ ႏွစ္ စီမံကိန္း၏ ပဥၥမႏွစ္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၃)ရက် နံနက်ပိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လူကုန်ကူးမူ တားဆီး ကာကွယ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ NGO အဖွဲ့အစည်းများ တက်ရောက်ကြခြင်းဖြစ်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ထူးခြားလုပ်ဆောင်ချက်များအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားရာတွင် “ မူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ ယခင်က ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့သာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြပေမဲ့ ၂၀၁၄ ခုနှစ်က စပြီး အင်ဒိုနီးရှား အစိုးရနဲ့ ပူးပေါင်းကာ လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရေးနဲ့ လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု ထည့်သွင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံလူကုန်ကူးမူ တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ် စီမံကိန်းကို ၂၀၀၇ ခုနှစ်မှ စတင်၍ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုနစ်သည် အမျိုးသားအဆင့် ဒုတိယ ၅ နှစ် စီမံကိန်း၏ ပဉ္စမနှစ်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~