တာခ်ီလိတ္၌ က်င္းပျပဳလုပ္မည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူငယ္ေတြ႕ဆုံပြဲအတြက္ က်ဳိင္းတံု၌ အႀကိဳမိတ္ဆက္ေဆြးေႏြး

တာခ်ီလိတ္၌ က်င္းပျပဳလုပ္မည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူငယ္ေတြ႕ဆုံပြဲအတြက္ က်ဳိင္းတံု၌ အႀကိဳမိတ္ဆက္ေဆြးေႏြး
စက်တင်ဘာ 11, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလ၏ စတုတၳပတ္အတြင္း၌ က်င္းပျပဳလုပ္မည့္ ရွမ္းျပည္နယ္(အေရွ ့ပိုင္း) လူငယ္ေတြ႕ဆုံပြဲအတြက္ အခမ္းအနား က်င္းပေရး အဖြ႔ဲမွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသအတြင္းမွ ခရိုင္(၂)ခုသို႔ သြားေရာက္ကာ အႀကိဳမိတ္ဆက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ လူငယ္မူ၀ါဒ ေရးဆြဲေရးဆိုင္ရာ အႀကိဳမိတ္ဆက္ေဆြးေႏြးမႈအား စက္တင္ဘာလ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းက မယ္ေတာ္၏ သန္႔ရွင္းစင္ၾကယ္ေသာ ႏွလံုးေတာ္ ဘုရားေက်ာင္း၀န္း အတြင္း၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"ဒီပြဲလုပ္ရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ တာခ်ီလိတ္မွာျပဳလုပ္မယ့္လူငယ္ဖိုရမ္မွာ က်ိဳင္းတုံခရိုင္က လူငယ္ကိုယ္စားလွယ္ေတြ တက္ေရာက္ႏိုင္ဖို ့ အတြက္ကို လူငယ္မူ၀ါဒအေၾကာင္းေလးေတြ လာၿပီးေတာ့ မွ်ေ၀ေပးတဲ့ သေဘာျဖစ္ပါတယ္။"ဟု တာခ်ီလိတ္လူငယ္ကြန္ရက္ ဥကၠဌ မေမဇာျခည္လင္းက ေျပာသည္။

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ လူငယ္ဖိုရမ္တြင္ ရွမ္းျပည္နယ္(အေရွ႔ပိုင္း)အတြင္းရွိ ခရိုင္/ၿမိဳ႕နယ္ အသိီးသီးမွ လူငယ္မ်ား တက္ေရာက္ႏိုင္ရန္ အတြက္ ယခုကဲ့သို ့ လိုက္လံ ေဆြးေႏြးေနျခင္းျဖစ္ၿပီး၊ ထိုသို႔ လိုက္လံ ေဆြးေႏြးျခင္း အတြက္ ေငြေရးေၾကးေရး အခက္အခဲႏွင့္ အခ်ိန္အခက္အခဲမ်ား ရွိျခင္းေၾကာင့္ ရွမ္းျပည္နယ္(အေရွ ့ပိုင္း)ရိွ ၿမိဳ႕နယ္ အားလုံးတြင္ လိုက္လံကြင္းဆင္း ေဆြးေႏြးႏိုင္ျခင္း မရိွေသာ္လည္း က်ိဳင္းတုံခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္တို႔ရွိ အခ်ဳိ႕ၿမိဳ႕တို႔တြင္ ယခုကဲ့သို ့ လိုက္လံကြင္းဆင္း ေဆာင္ရြက္ ခဲ့ၿပီးျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"ဒီေန ့ျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာေတာ့ က်ိဳင္းတုံခရိုင္ကိုယ္စားျပဳၿပီး ဖိုရမ္ကို တက္ေရာက္မဲ့ ကိုယ္စားလွယ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ေရြးခ်ယ္တဲ့အပိုင္းကို အဓိက ေဆြးေႏြးခဲ့ ၾကပါတယ္။ သူတို႔ အေနနဲ ့ ဒီလုိ လူေရြးခ်ယ္မႈအပိုင္းမွာ သူတို႔ေတြက ကၽြန္မတို ့အေနနဲ႔မူလက သတ္မွတ္ထားတဲ့ တိုင္းရင္းသားေတြသာမကဘဲ တျခားလူမ်ိဳးေတြကိုလည္း ေဆြးေႏြးပြဲမွာ ေဆြးေႏြးႏိုင္စြမ္းရွိရင္ ပါသြားေစခ်င္တယ္လို႔ ေျပာၾကပါတယ္။"ဟု မေမဇာျခည္လင္းမွ ဆိုသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ က်ိဳင္းတုံျမိဳ ့မွ လူငယ္(၅၀)၀န္းက်င္ တက္ေရာက္ခဲ့ၾကၿပီး တက္ေရာက္လာသူမ်ားက  လူေရြးခ်ယ္မႈမ်ားႏွင့္ ပတ္သက္၍ အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူငယ္ေတြ႕ဆုံပြဲကို စက္တင္ဘာလ(၂၄)ရက္ေန႔မွ (၂၅)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် စက်တင်ဘာလ၏ စတုတ္ထပတ်အတွင်း၌ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူငယ်တွေ့ဆုံပွဲအတွက် အခမ်းအနား ကျင်းပရေး အဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းမှ ခရိုင်(၂)ခုသို့ သွားရောက်ကာ အကြိုမိတ်ဆက် ဆွေးနွေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ အကြိုမိတ်ဆက်ဆွေးနွေးမှုအား စက်တင်ဘာလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက မယ်တော်၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော် ဘုရားကျောင်းဝန်း အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီပွဲလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တာချီလိတ်မှာပြုလုပ်မယ့်လူငယ်ဖိုရမ်မှာ ကျိုင်းတုံခရိုင်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ အတွက်ကို လူငယ်မူဝါဒအကြောင်းလေးတွေ လာပြီးတော့ မျှေဝပေးတဲ့ သဘောဖြစ်ပါတယ်။"ဟု တာချီလိတ်လူငယ်ကွန်ရက် ဥက္ကဌ မမေဇာခြည်လင်းက ပြောသည်။

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် လူငယ်ဖိုရမ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်/မြို့နယ် အသိီးသီးမှ လူငယ်များ တက်ရောက်နိုင်ရန် အတွက် ယခုကဲ့သို့ လိုက်လံ ဆွေးနွေးနခြေင်းဖြစ်ပြီး၊ ထိုသို့ လိုက်လံ ဆွေးနွေးခြင်း အတွက် ငွေရေးကြေးရေး အခက်အခဲနှင့် အချိန်အခက်အခဲများ ရှိခြင်းကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ် အားလုံးတွင် လိုက်လံကွင်းဆင်း ဆွေးနွေးနိုင်ခြင်း မရှိသော်လည်း ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့ရှိ အချို့မြို့တို့တွင် ယခုကဲ့သို့ လိုက်လံကွင်းဆင်း ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ ကျိုင်းတုံခရိုင်ကိုယ်စားပြုပြီး ဖိုရမ်ကို တက်ရောက်မဲ့ ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီးတော့ ရွေးချယ်တဲ့အပိုင်းကို အဓိက ဆွေးနွေးခဲ့ ကြပါတယ်။ သူတို့ အနေနဲ့ ဒီလို လူရွေးချယ်မှုအပိုင်းမှာ သူတို့တွေက ကျွန်မတို့အနေနဲ့မူလက သတ်မှတ်ထားတဲ့ တိုင်းရင်းသားတွေသာမကဘဲ တခြားလူမျိုးတွေကိုလည်း ဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်စွမ်းရှိရင် ပါသွားစေချင်တယ်လို့ ပြောကြပါတယ်။"ဟု မမေဇာခြည်လင်းမှ ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျိုင်းတုံမြို့မှ လူငယ်(၅၀)ဝန်းကျင် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက လူရွေးချယ်မှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူငယ်တွေ့ဆုံပွဲကို စက်တင်ဘာလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~