ၿမိတ္ - တနသၤာရီ ကားလမ္းမႀကီးရွိ ေဘလီသံေဘာင္တံတား သစ္သားမ်ား က်ိဳးက်၍ ယာဥ္သြားလာမွဳ ေခတၱရပ္ဆိုင္းထား

ၿမိတ္ - တနသၤာရီ ကားလမ္းမႀကီးရွိ ေဘလီသံေဘာင္တံတား သစ္သားမ်ား က်ိဳးက်၍ ယာဥ္သြားလာမွဳ ေခတၱရပ္ဆိုင္းထား
အောက်တိုဘာ 5, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ပေသာင္းေက်းရြာအနီးရွိ ၿမိတ္ - တနသၤာရီ ကားလမ္းမႀကီးရွိ ေဘလီသံေဘာင္တံတားသည္၊ ေအက္တိုဘာလ (၅) ရက္ေန႔ နံနက္(၇) နာရီခြဲ၀န္းက်င္က ယက္မတန္း သစ္သားမ်ား ေဟာင္းႏြမ္း ေဆြးျမည့္ က်ိဳးက်သြားျခင္းေၾကာင္႔ အေရးေပၚျပင္ဆင္ႏိုင္ရန္ ယာဥ္သြားလာမွဳမ်ားအား ေခတၱရပ္ဆိုင္းထားေၾကာင္း ျပည္သူ႔ေဆာက္လုပ္ေရးဌာနမွ သိရသည္။

ၿမိတ္ၿမိဳ႕နယ္ ပေသာင္းေက်းရြာ ၿမိတ္ - တနသၤာရီ ကားလမ္းမႀကီး မိုင္တိုင္အမွတ္  ၂၁/ ၆ ႏွင့္ ၂၁/ ၇ အၾကားရွိ အရွည္ေပ (၄၀)၊ အက်ယ္ (၁၃) ေပ၊ အျမင္႔ (၁၅) ေပရွိ ေဘလီသံေဘာင္တံတားသည္၊ ေဟာင္းႏြမ္းေဆြးျမည့္ကာ ယက္မတန္း သစ္သားမ်ားသည္ ေအာက္တိုဘာလ (၅) ရက္ေန႔က က်ိဳးက်သြားတာျဖစ္ေၾကာင္း သိရသည္။

ေဘလီသံေဘာင္တံတား က်ိဳးက်မွဳေၾကာင့္ ခရီးသြားျပည္သူမ်ား သြားလာမွဳ လြယ္ကူ အဆင္ေျပေစရန္ႏွင္႔ ကားငယ္မ်ား ေမာ္ေတာ္ဆိုင္ကယ္မ်ားသာ ျဖတ္သန္းသြားႏိုင္ရန္ ၿမိတ္ၿမိဳ႕နယ္ ျပည္သူ႕ေဆာက္လုပ္ေရးဦးစီးဌာနမွ လာေရာက္ ျပင္ဆင္ေပးေနေၾကာင္း ေဆာက္လုပ္ေရးဌာနမွ အငယ္တန္း အင္ဂ်င္နီယာ (၂) ဦးမ်ိဳးဦးထံမွ သိရသည္။

ေဘလီ သံေဘာင္ တံတား အမ်ိဳးအစား (ဝဲလည္) တံတား၏ ဝဲဘက္လက္တန္း သံေဘာင္ ေအာက္ပိုင္း က်ိဳး၍ ယက္မတန္း ျပဳတ္က်မွဳ ျဖစ္ပြားခဲ႔ျခင္းေၾကာင့္ ကားအႀကီးမ်ားႏွင့္ လုပ္ငန္းသံုးကားမ်ားကို ျဖတ္သန္းခြင္႔ ယာယီပိတ္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအနီးရှိ မြိတ် - တနင်္သာရီ ကားလမ်းမကြီးရှိ ဘေလီသံဘောင်တံတားသည်၊ အေက်တိုဘာလ (၅) ရက်နေ့ နံနက်(၇) နာရီခွဲဝန်းကျင်က ယက်မတန်း သစ်သားများ ဟောင်းနွမ်း ဆွေးမြည့် ကျိုးကျသွားခြင်းကြောင့် အရေးပေါ်ပြင်ဆင်နိုင်ရန် ယာဉ်သွားလာမှုများအား ခေတ္တရပ်ဆိုင်းထားကြောင်း ပြည်သူ့ဆောက်လုပ်ရေးဌာနမှ သိရသည်။

မြိတ်မြို့နယ် ပသောင်းကျေးရွာ မြိတ် - တနင်္သာရီ ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၁/ ၆ နှင့် ၂၁/ ၇ အကြားရှိ အရှည်ပေ (၄၀)၊ အကျယ် (၁၃) ပေ၊ အမြင့် (၁၅) ပေရှိ ဘေလီသံဘောင်တံတားသည်၊ ဟောင်းနွမ်းဆွေးမြည့်ကာ ယက်မတန်း သစ်သားများသည် အောက်တိုဘာလ (၅) ရက်နေ့က ကျိုးကျသွားတာဖြစ်ကြောင်း သိရသည်။

ဘေလီသံဘောင်တံတား ကျိုးကျမှုကြောင့် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေစေရန်နှင့် ကားငယ်များ မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားနိုင်ရန် မြိတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှ လာရောက် ပြင်ဆင်ပေးနေကြောင်း ဆောက်လုပ်ရေးဌာနမှ အငယ်တန်း အင်ဂျင်နီယာ (၂) ဦးမျိုးဦးထံမှ သိရသည်။

ဘေလီ သံဘောင် တံတား အမျိုးအစား (ဝဲလည်) တံတား၏ ဝဲဘက်လက်တန်း သံဘောင် အောက်ပိုင်း ကျိုး၍ ယက်မတန်း ပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကားအကြီးများနှင့် လုပ်ငန်းသုံးကားများကို ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~