(၆)ႀကိမ္ေျမာက္ ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲ၏ ဆုေပးပြဲ က်င္းပ

(၆)ႀကိမ္ေျမာက္ ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲ၏ ဆုေပးပြဲ က်င္းပ
နိုဝင်ဘာ 10, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ အမ်ိဳးသမီးေရးရာအဖြဲ႕မွ ႀကီးမွဴးက်င္းပသည့္ (၆)ႀကိမ္ေျမာက္ ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲအား ၿပိဳင္ပြဲ၀င္အသင္း(၁၃)သင္းျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ဓမၼာရုံ၌ က်င္းပျပဳလုပ္ရာ ၿပိဳင္၀င္အသင္း (၁၃)သင္းအနက္ ေဂၚရခါးမဂၢင္၀တ္အသင္းမွ ပထမဆု ရရွိသြားေၾကာင္း သိရသည္။

 (၆)ႀကိမ္ေျမာက္ ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲအား ႏို၀င္ဘာလ (၆)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ၿပီး ဆုေပးပြဲကို ႏို၀င္ဘာလ (၁၀)ရက္ေန႔ နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာတြင္ ဆုရရွိသည့္ ၀တ္ရြတ္အသင္းမ်ားအား တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ ႏွင့္ တာ၀န္ရွိသူမ်ားမွ ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ၿပိဳင္ပြဲ၀င္ ၀တ္ရြတ္အသင္း (၁၃)သင္းတြင္ ပထမဆုအျဖစ္ ေဂၚရခါးမဂၢင္၀တ္အသင္းမွလည္းေကာင္း၊ ဒုတိယဆုအျဖစ္  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၀တ္အသင္း မွ လည္းေကာင္း၊ တတိယဆုအား အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ လည္းေကာင္း၊ ႏွစ္သိမ့္ဆု(၁)အား ၀မ္ေကာင္း+မယ္ေခါင္ ၀တ္အသင္းမွ လည္းေကာင္း၊ ႏွစ္သိမ့္ဆု(၂)အား မဇၥ်ိမလူမႈကူညီေရးအသင္းမွ လည္းေကာင္း အသီးသီးရရွိၿပီး က်န္ရွိသည့္ အသင္းမ်ားကို ယွဥ္ၿပိဳင္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

တစ္ဦးခ်င္းအေကာင္းဆံုးဆုမ်ားကို ဘုရားပင့္အေကာင္းဆံုးဆုအျဖစ္ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)၀တ္အသင္းမွ လည္းေကာင္း၊ နတ္ပင့္ အေကာင္းဆံုးဆုအျဖစ္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔၀တ္အသင္း၊  ေဂၚရခါးမဂၢင္၀တ္အသင္း ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တို႔မွ ရရွိသြားေၾကာင္း သိရသည္။

ပရိတ္တရားေတာ္ ရြတ္ဖတ္ပူေဇာ္ၿပိဳင္ပြဲတြင္ ပါ၀င္သည့္ အသင္းမ်ားမွာ အလင္းေရာင္ပရဟိတ ၀တ္အသင္း၊ ရန္ေအာင္ေျမ၀တ္ အသင္း၊ ပုန္းထြန္+တာေလာ့ ၀တ္အသင္း၊ မဇၨိၽမလူမွဳကူညီေရး ၀တ္အသင္း ၊ ၀မ္ေကာင္း+မယ္ေခါင္၀တ္အသင္း၊ ဆန္ဆိုင္း(က)၀တ္အသင္း  ၊အထကခြဲ-ပုန္းထြန္ေက်ာင္း၀တ္အသင္း၊ အထက-ဆန္ဆိုင္၀တ္အသင္း ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၀တ္အသင္း ၊ အထက-ေဟာင္လိတ္ ၀တ္အသင္း ၊ေဂၚရခါးမဂၢင္ ၀တ္အသင္း ၊အထက-တာခ်ီလိတ္၀တ္အသင္း ႏွင့္ ေဆခမ္း-ပါဆတ္၀တ္အသင္း စသည့္ ၿပိဳင္ပြဲ၀င္အသင္း(၁၃)သင္းျဖစ္ေၾကာင္းသိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆)ကြိမ်မြောက် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ဝင်အသင်း (၁၃)သင်းအနက် ဂေါ်ရခါးမဂ္ဂင်ဝတ်အသင်းမှ ပထမဆု ရရှိသွားကြောင်း သိရသည်။

 (၆)ကြိမ်မြောက် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲအား နိုဝင်ဘာလ (၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆုပေးပွဲကို နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာတွင် ဆုရရှိသည့် ဝတ်ရွတ်အသင်းများအား တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်း (၁၃)သင်းတွင် ပထမဆုအဖြစ် ဂေါ်ရခါးမဂ္ဂင်ဝတ်အသင်းမှလည်းကောင်း၊ ဒုတိယဆုအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်အသင်း မှ လည်းကောင်း၊ တတိယဆုအား အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)မှ လည်းကောင်း၊ နှစ်သိမ့်ဆု(၁)အား ဝမ်ကောင်း+မယ်ခေါင် ဝတ်အသင်းမှ လည်းကောင်း၊ နှစ်သိမ့်ဆု(၂)အား မဇ္ဈိမလူမှုကူညီရေးအသင်းမှ လည်းကောင်း အသီးသီးရရှိပြီး ကျန်ရှိသည့် အသင်းများကို ယှဉ်ပြိုင်ဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တစ်ဦးချင်းအကောင်းဆုံးဆုများကို ဘုရားပင့်အကောင်းဆုံးဆုအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)ဝတ်အသင်းမှ လည်းကောင်း၊ နတ်ပင့် အကောင်းဆုံးဆုအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝတ်အသင်း၊ ဂေါ်ရခါးမဂ္ဂင်ဝတ်အသင်း နှင့် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တို့မှ ရရှိသွားကြောင်း သိရသည်။

ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများမှာ အလင်းရောင်ပရဟိတ ဝတ်အသင်း၊ ရန်အောင်မြေဝတ် အသင်း၊ ပုန်းထွန်+တာလော့ ဝတ်အသင်း၊ မဇ္ဇျိမလူမှုကူညီရေး ဝတ်အသင်း၊ ဝမ်ကောင်း+မယ်ခေါင်ဝတ်အသင်း၊ ဆန်ဆိုင်း(က)ဝတ်အသင်း၊အထကခွဲ-ပုန်းထွန်ကျောင်းဝတ်အသင်း၊ အထက-ဆန်ဆိုင်ဝတ်အသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်အသင်း၊ အထက-ဟောင်လိတ် ဝတ်အသင်း၊ဂေါ်ရခါးမဂ္ဂင် ဝတ်အသင်း၊အထက-တာချီလိတ်ဝတ်အသင်း နှင့် ဆေခမ်း-ပါဆတ်ဝတ်အသင်း စသည့် ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~