နမ့္စန္ၿမိဳ႕တြင္ လမ္းျဖတ္ကူးသည့္ ေျခာက္ႏွစ္အရြယ္ကေလးအား ဆိုင္ကယ္တုိက္မိ၍ ျပင္းထန္ဒဏ္ရာရရိွ

နမ့္စန္ၿမိဳ႕တြင္ လမ္းျဖတ္ကူးသည့္ ေျခာက္ႏွစ္အရြယ္ကေလးအား ဆိုင္ကယ္တုိက္မိ၍ ျပင္းထန္ဒဏ္ရာရရိွ
နိုဝင်ဘာ 19, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕၏ ၿမိဳ႕၀င္ဆုိင္းဘုတ္အနီး၌  ႏိုဝင္ဘာလ (၁၉) ရက္ နံနက္(၈)နာရီအခ်ိန္က တစ္ဦးတည္း လမ္းျဖတ္ကူးသည့္ အသက္(၆)ႏွစ္အရြယ္ကေလးအား ဆိုင္ကယ္ျဖင့္တိုက္မိ၍ ကေလးငယ္မွာ ဒဏ္ရာျပင္းထန္စြာ ရရိွသြားၿပီး အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းလာသူ အသက္ (၁၇)နွစ္အရြယ္ လိႈင္မ်ိဳးထြန္းမွာ ပြန္းပဲ့ ဒဏ္ရာရသြားၿပီး ႏွစ္ဦးလံုး နမ့္စန္ၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

“အခုဆုိရင္ လူငယ္ေတြက ဆုိင္ကယ္ေတြ တအားေမာင္းတာ။ ဒီေန႔ေတာင္ ေက်ာင္းပိတ္ရက္ျဖစ္ေနလုိ႔ ေတာ္ေသးတယ္။ ၿပီးေတာ့ အခုတုိက္ခံရတဲ့ကေလးကလည္း ငယ္ေသးတယ္။ မိဘေတြလည္း ကေလးငယ္ေတြကုိ ဂ႐ုစုိက္ေစခ်င္တယ္။ မင္းလမ္း (လမ္းမႀကီး)နဲ႔နီးရင္ ပုိေတာင္ဂ႐ုစုိက္သင့္တယ္”ဟု ယာဥ္တုိက္မႈ အခင္းျဖစ္ရာ အနီးအနားမွ ေဒသခံျဖစ္သူ ဦးေက်ာ္ေရႊက ေျပာသည္။

ဆုိင္ကယ္ေမာင္းႏွင္သူ ေမာင္လႈိင္မ်ိဳးထြန္းအား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၃/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ-၂၇၉/၃၃၈/၃၃၇ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၏ မြို့ဝင်ဆိုင်းဘုတ်အနီး၌ နိုဝင်ဘာလ (၁၉) ရက် နံနက်(၈)နာရီအချိန်က တစ်ဦးတည်း လမ်းဖြတ်ကူးသည့် အသက်(၆)နှစ်အရွယ်ကလေးအား ဆိုင်ကယ်ဖြင့်တိုက်မိ၍ ကလေးငယ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာသူ အသက် (၁၇)နှစ်အရွယ် လှိုင်မျိုးထွန်းမှာ ပွန်းပဲ့ ဒဏ်ရာရသွားပြီး နှစ်ဦးလုံး နမ့်စန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“အခုဆိုရင် လူငယ်တွေက ဆိုင်ကယ်တွေ တအားမောင်းတာ။ ဒီနေ့တောင် ကျောင်းပိတ်ရက်ဖြစ်နေလို့ တော်သေးတယ်။ ပြီးတော့ အခုတိုက်ခံရတဲ့ကလေးကလည်း ငယ်သေးတယ်။ မိဘတွေလည်း ကလေးငယ်တွေကို ဂရုစိုက်စေချင်တယ်။ မင်းလမ်း (လမ်းမကြီး)နဲ့နီးရင် ပိုတောင်ဂရုစိုက်သင့်တယ်”ဟု ယာဉ်တိုက်မှု အခင်းဖြစ်ရာ အနီးအနားမှ ဒေသခံဖြစ်သူ ဦးကျော်ရွှေက ပြောသည်။

ဆိုင်ကယ်မောင်းနှင်သူ မောင်လှိုင်မျိုးထွန်းအား နမ့်စန်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၈/၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~