ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရးႏွင့္ ေတြ႔ဆံုျခင္း

ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရးႏွင့္ ေတြ႔ဆံုျခင္း
နိုဝင်ဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမွ တရုတ္ႏုိင္ငံႏွင့္ တစ္ခုတည္းေသာ ကုန္းတြင္းပိုင္း ကုန္သြယ္မႈ လမ္းေၾကာင္း ျဖစ္သည့္ မိုင္းလားအထူးေဒသ(၄)ရိွ ဂိတ္ႏွစ္ခုအား မိုင္းလားအထူးေဒသ (၄)တြင္ ဝင္ေရာက္ တပ္စြဲထားသည့္ “ဝ” တပ္ဖြဲ႕မ်ားက ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစ၍ ျဖတ္သန္းခြင့္ ပိတ္ထားရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေဒသတြင္း ကုန္သြယ္မႈ အေျခအေနေပၚ သက္ေရာက္လာသည့္ အေျခအေနအား ကုန္သြယ္မႈ တိုးတက္ေရး အတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ၊ ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ျဖစ္သူ ဦးမင္းေအာင္အား Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )မွေမးျမန္းထားပါသည္။

TNA: မိုင္းလားေဒသဘက္က ကုန္သြယ္ေရးလမ္းေၾကာင္းပိတ္လိုက္တဲ့အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေဒသတြင္း ကုန္စည္တင္ပို႔မႈပမာဏေလ်ာ့က်တဲ့အေျခအေန ရိွပါသလား။ ေဒသတြင္း ကုန္သြယ္မႈအေပၚဘယ္လို သက္ေရာက္ပါသလဲ။

UMA: မွန္ပါတယ္။ အထိုက္အေလ်ာက္ေတာ့ ေလ်ာ့နည္းႏုိင္ပါတယ္။ ကၽြန္ေတာ္တို႔ အရင္က မုိင္းလားကေန ယိုးဒယားကို တင္ပို႔ေနတာေတြရိွတယ္။ ယိုးဒယားဘက္ကသစ္သီးေတြကို မိုင္းလားဘက္ကို ပို႔စရာေတြရိွတယ္။ သို႔ေသာ္ အခုေနာက္ပိုင္း အတည္ျပဳဆဲ သတင္းေတြ ၾကားတာကေတာ့ ယိုးဒယား ဘက္ကေန မိုင္းလားဘက္ကို ပို႔ေဆာင္ရမယ့္ဟာေတြ ဥပမာ သစ္သီးလိုဟာမ်ိုဳးေတြဆို မဲေခါင္ျမစ္ေၾကာင္း အတိုင္း တိုက္ရိုက္သြားေနတယ္လို႔ သိရတယ္။ ဒါေၾကာင့္ ဘာပဲေျပာေျပာ အထိုက္အေလ်ာက္ေတာ့ က်ဆင္းသြားတယ္လို႔ေတာ့ သံုးသပ္ထားပါတယ္။ ဒါေပမဲ့ ကုန္သြယ္မႈကေတာ့ ဒီလမ္းက ခြင့္မျပဳရင္ တျခားလမ္းေၾကာင္းက ေျပာင္းသြားတာေတာ့ ထံုးစံပါပဲေလ။ ကုန္သည္ကေတာ့ ကုန္သြယ္မွ ထမင္းစားရမယ္ေလ။ ဒီလမ္းေၾကာင္းပိတ္ရင္ ဘယ္လမ္းေၾကာင္းကေန သြားမလဲဆိုတာေတာ့ ေရြးခ်ယ္ ၿပီးသြားေနတာပဲ။ အဲဒီလိုအေနအထားမ်ိဳးမွာ ကၽြန္ေတာ္တို႔ ႏုိင္ငံေတာ္ပိုင္းက တရားဝင္ ကုန္သြယ္မႈကေတာ့ ထိခိုက္နစ္နာတာေတြ အထိုက္အေလ်ာက္ေတာ့ ရိွႏုိင္တာေပါ့။ ေနာက္တစ္ခုက ပိုဆိုးတာက မိုင္းခတ္၊ မိုင္းယန္းဘက္ကေနၿပီးေတာ့ ဟိုဘက္စီဗူးေဒသကေန သြားေနတယ္လို႔ေတာ့ ကၽြန္ေတာ္တို႔ ေျမျပင္သတင္းေလးေတြ ရထားတာေတာ့ ရိွတယ္။ ဒါကေတာ့ အတည္ျပဳဆဲေပါ့။ သြားခ်င္လည္း သြားႏုိင္တာေပါ့ေလ။ ဆိုလိုခ်င္တာကေတာ့ ဒီလိုရုတ္ရုတ္ျဖစ္တဲ့အခ်ိန္မွာ တကယ့္ တရားဝင္ေဆာင္ရြက္လိုတဲ့သူေတြ နစ္နာတယ္ဆိုေပမဲ့ ဒီလိုအခါမ်ိဳးမွာ ပြဲလွန္႔တုန္းဖ်ာခင္းတတ္တဲ့ ျဖစ္ရိုးျဖစ္စဥ္မ်ိဳး ကလည္း ျဖစ္ေနက်ဆိုေတာ့ ျဖစ္ႏုိင္ပါတယ္။ ေျမျပင္သတင္းေတြက အေျခအေနအရ မွန္ေကာင္း မွန္ႏိုင္ပါတယ္။

TNA: လက္ရိွျပည္နယ္အစိုးရအေနနဲ႔ နယ္စပ္ကုန္သြယ္ေရးနဲ႔ပတ္သက္လို႔ အေတာ္ေလး အေလးေပး လုပ္ေဆာင္ေနတာကို ေတြ႔ရပါတယ္။ ဒီလိုလုပ္ေနခ်ိန္မွာ အခုလို မုိင္းလားကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္လိုက္တဲ့အေျခအေန ျဖစ္လာေတာ့ ျပည္နယ္အစိုးရအေနနဲ႔ သူ႔ရဲ႕ နယ္စပ္ကုန္သြယ္ေရးနဲ႔ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ေတြ မထိခိုက္ဖို႔ အေရးတႀကီးလုပ္ေဆာင္ရမယ့္အပိုင္းေတြက ဘာေတြျဖစ္မယ္လို႔ သံုးသပ္မိပါသလဲ။

UMA: အစိုးရအဖြဲ႕အေနနဲ႔ေတာ့ မေျပာလိုပါဘူး။ ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္ရယ္၊ ကုန္သြယ္မႈ သေဘာ သဘာဝအရ ေျပာခ်င္တာကေတာ့ ဒါေတြကေတာ့ မျဖစ္သင့္ဘူးေပါ့။ လက္နက္ကိုင္ ပဋိပကၡေတြ ၾကားထဲမွာ တကယ္ခံစားရတာက စၿပီးတင္းမာတဲ့ကာလမွာ ျပည္သူေတြ ေျပးရလႊားရ အိမ္ေျခေတြ ပစ္ထားခဲ့ရတယ္။ ဟိုဘက္နယ္ေျမဘက္ကေပါ့။ အဓိက မိုင္းယန္း၊ မုိင္းေယာင္းဘက္က က်ိဳင္းတံုတို႔၊ တာခ်ီလိတ္တို႔ တခ်ိဳ႕ဆို ထိုင္းဘက္ေတာင္ ထြက္သြားၾကရတဲ့ အေနအထားမ်ိဳးေတြ ရိွတယ္လို႔ သတင္းေတြ ၾကားရပါတယ္။ အဲဒီက်ေတာ့ ဒါသည္ ျဖစ္ကို မျဖစ္သင့္ဘူး။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ႏုိင္ငံ ကုန္သြယ္မႈ တိုးျမႇင့္ဖို႔ ရွမ္းျပည္နယ္ကလည္းလုပ္တယ္။ ႏိုင္ငံေတာ္အဆင့္အေနနဲ႔လည္း လုပ္တယ္။ အဲလို အေနအထားမ်ိဳးမွာ ဒီဘက္က ကုန္သြယ္မႈလမ္းေၾကာင္း ပိတ္လိုက္တဲ့ အေနအထားေၾကာင့္ ႏုိင္ငံေတာ္ အတြက္ကေတာ့ တစ္လဆို တစ္လ၊ (၁၅) ရက္ဆို (၁၅) ရက္ အခြန္အခေတြ ဆံုးရံႈးနစ္နာတာပဲ အဖတ္တင္တာဆိုေတာ့ ေဒသတြင္း လုပ္ငန္းရွင္ေတြလည္း နစ္နာတယ္။ အစိုးရလည္း ထိခိုက္နစ္နာပါတယ္။ ဒါေပမဲ့ ဒီေဒသမွာရိွတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကေတာ့ ဘာမွ နစ္နာမသြားဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ ေနာက္ကြယ္က တရုတ္တို႔၊ လာအိုတို႔၊ ထုိင္းတို႔နဲ႔ ဒီမဲေခါင္ျမစ္ေၾကာင္းႀကီး အတုိင္း ကုန္သြယ္ေနတယ္။ ဒီမဲေခါင္ျမစ္ေၾကာင္းၾကီးအတိုင္း ကုန္သြယ္မႈကို ကၽြန္ေတာ္တုိ႔ ႏုိင္ငံကလည္း အျပည့္အဝ မေဆာင္ရြက္ႏုိင္ဘူး။ ဒါကို မိုင္းလားေဒသက အဖြဲ႕ေတြကေတာ့ ဒိုးယိုေပါက္ႀကီးလို ကုန္သြယ္ေနတယ္။ ဒီကိစၥေပၚေပါက္လာတာ ႏုိင္ငံေတာ္နဲ႔ ေဒသခံေတြမွာပဲ ဆံုးရံႈးနစ္နာတယ္ဆိုတာ နံပါတ္(၁)အခ်က္။ ဒီလိုပဲ မၾကာခဏျဖစ္ေနရင္ေတာ့ တုိင္းျပည္နဲ႕ ျပည္သူေတြအတြက္ မျဖစ္သင့္တဲ့ အခ်က္ပဲ။ ေနာက္နံပါတ္(၂)အခ်က္က -  ဒီလက္နက္ကိုင္အဖြဲ႕အစည္းေတြ ဘာျဖစ္လို႔ ဒီလက္နက္ေတြ ဝယ္ႏုိင္ေနတာလဲဆိုတာ အစိုးရက မွန္မွန္ကန္ကန္သံုးသပ္ဖို႔လိုတယ္။ သူတို႔ ပိုက္ဆံ ဘယ္ကရေနလဲ။ ႏုိင္ငံေတာ္က ဒီအဖြဲ႕အစည္းေတြကို ကုမၸဏီေတြ၊ သတၱဳတြင္း လုပ္ပိုင္ခြင့္ေတြစတဲ့ လုပ္ပိုင္ခြင့္ေတြ ေပးထားတယ္။ တစ္ခုက မဲေခါင္ျမစ္ေၾကာင္းကို ကၽြန္ေတာ္တုိ႔ ႏုိင္ငံေတာ္အေနနဲ႔ ဖိဖိစီးစီး မလုပ္ႏုိင္ဘူး။ ဒီေတာ့ မဲေခါင္ျမစ္ေၾကာင္းကို ဒီအဖြဲ႕အစည္းေတြက ေကာင္းေကာင္း အသံုးျပဳေနတယ္။

ကၽြန္ေတာ္တို႔ဘက္က ဒီစီးပြားေရးနဲ႔ လက္နက္ကိုင္ေတြကိစၥကို လက္ေတြ႕က်က် ေဝဖန္သံုးသပ္ၿပီး ေဆာင္ရြက္မွသာလွ်င္ ျဖစ္ပါလိမ့္မယ္။

မိုင္းလားေဒသ အေျခအေနဟာ ကၽြန္ေတာ္တို႔ အခုမွ ႀကံဳရတာ မဟုတ္ပါဘူး။ အရင္ကိုးကန္႔နဲ႔ ျဖစ္တဲ့ကိစၥမွာ ေျခာက္လေလာက္၊ ခုႏွစ္လေလာက္ အပိတ္ခံရတဲ့ အခါမွာ ကၽြန္ေတာ္တုိ႔ ဆန္ေစ်းကြက္ကို ထိခိုက္ခဲ့ပါတယ္။ ဒါကလည္း စီးပြားေရး မတိုးတက္ျခင္းဟာ စစ္ေရးနဲ႔ ဆက္ႏႊယ္ေနတယ္။ ဒါေၾကာင့္ ဒီလိုရိွေနတာေတြကေတာ့ တုိင္းျပည္အတြက္ကေတာ့ သိပ္ေတာ့ မေကာင္းဘူးေပါ့။ ကြ်န္ေတာ္ကေတာ့ အစိုးရအဖြဲ႕ကို ကုန္သြယ္မႈရႈေထာင့္၊ ျပည္သူေတြရဲ႕ ရႈေထာင့္ကေန ဒီလိုသံုးသပ္ အႀကံျပဳခ်င္ပါတယ္။

TNA: လက္ရိွမိုင္းလားေဒသကေန တရုတ္ဘက္ကို ကုန္သြယ္ဖို႔ လမ္းေၾကာင္းက ပိတ္ထားေတာ့ ေဒသတြင္းက ကုန္သည္ေတြႀကံဳေနရတဲ့ အခက္အခဲကို သက္ဆိုင္ရာ အေနနဲ႔ ဘယ္လို ေျဖရွင္းေပးႏုိင္မယ္လို႔  ျမင္ပါသလဲ။

UMA: ဒါကေတာ့ ေျပာရခက္တယ္။ ခုနေျပာတာကေတာ့ တုိင္းျပည္လံုၿခံဳေရးနဲ႔ လက္နက္ကိုင္အဖြဲ႕အစည္း (အားလံုးေပါ့ အစိုးရေရာ /တုိင္းရင္းသားအဖြဲ႕ေတြေရာ) ေတြေရာ ေျပာင္းလဲလာဖို႔ဆိုတာေတာ့ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ ကုန္သြယ္ေရးအတြက္ကေတာ့ ဌာနဆိုင္ရာေတြအေပၚမွာ မူတည္ပါတယ္။ ကုန္သြယ္မႈလမ္းေၾကာင္းက ဌာနဆိုင္ရာေတြအေနနဲ႔ အဂတိကင္းရွင္းစြာနဲ႔ ႏုိင္ငံအက်ဳိးေမွ်ာ္ကိုးလုပ္ၾကတာ ရိွသလို တခ်ဳိ႕က်ေတာ့လည္း တရားဝင္ကုန္သြယ္မႈအေပၚမွာ ေငြေၾကးရလိုမႈနဲ႔ လုပ္ေနၾကတာေတြလည္း ရိွပါတယ္။ ဥပမာ ကုန္သြယ္ေရးလမ္းေၾကာင္းမွာ လံုၿခံဳေရး အေၾကာင္းျပဳၿပီး ေငြေၾကးေတာင္းခံေနတာက ဂိတ္ေပါင္းစံုမွာ။ တရားဝင္ကုန္သြယ္မႈနဲ႔ သြားတာေတာင္မွ တခ်ိဳ႕ေနရာေတြမွာ ေငြေၾကးေတာင္းခံတာ အဓမၼ လုပ္ေဆာင္တာေတြေၾကာင့္ ကုန္သည္ေတြနဲ႔ မၾကာ မၾကာ ကေတာက္ကဆ သေဘာ တရားမ်ိဳးေလး ေတြေတာင္ ရိွပါတယ္။ ဒါက ကုန္သြယ္မႈနဲ႔ သက္ဆုိင္တဲ့ ဌာနေတြ၊ လံုၿခံဳမႈနဲ႔ သက္ဆုိင္တဲ့ ဌာနေတြ၊ အဖြဲ႕အစည္းေတြဟာ ေတာ္ေတာ့္ကို အေပၚမွာ ထိပ္တိုက္ေဆြးေႏြးသင့္တဲ့ ကိစၥေတြ ျဖစ္ေနပါတယ္လို႔ ရႈျမင္ပါတယ္။

ကုန္သြယ္မႈ တရားဝင္လမ္းေၾကာင္းက ဖြံ႕ၿဖိဳးလာဖို႔အတြက္က ကၽြန္ေတာ္တို႔ နိုင္ငံမွာ ေထာက္ခံခ်က္ ဆိုတာေတြက လိုလည္း လုိအပ္တယ္။ လိုအပ္တာထက္ ပိုေနတာလည္း ရိွတယ္။ ဥပမာ - အစား အေသာက္ တင္သြင္းရာမွာ ေထာက္ခံခ်က္လိုတယ္။ ဒီလိုေတာင္းရာမွာ ဘယ္လုိ စားေသာက္ကုန္ေတြ ဆိုရင္ေတာ့ ေထာက္ခံခ်က္လိုတယ္ဆိုတာ တိတိက်က် ျပဌာန္းေပးဖို႔လိုတယ္။ အဲလိုမဟုတ္ေတာ့ တစ္ဖက္က ဒါက ေထာက္ခံခ်က္ မလိုဘူးဆိုေပမဲ့ ကုန္သြယ္ေရးတို႔ အေကာက္ခြန္တို႔ဘက္ေရာက္ေတာ့ FDA ေတာင္းျပန္ေရာ။ ဥပမာ - FDA ကိုပဲ ေျပာခ်င္တာ မဟုတ္ပါဘူး။ သေဘာေျပာတာပါ။ ဒီလို ေထာက္ခံခ်က္ေတြက လုပ္ရကိုင္ရတာလည္း ခက္ခဲတယ္။ ေနျပည္ေတာ္ကေန ေပးတဲ့ေထာက္ခံခ်က္ကို ကုမၸဏီႀကီးေတြ မဟုတ္တဲ့ တစ္ပိုင္တစ္ႏုိင္ တင္သြင္းေနသူေတြ၊ ကုမၸဏီအငယ္ေလးေတြက မလုပ္ႏုိင္ဘူး။ အဲဒီလို မလုပ္ႏိုင္ေတာ့ ေျမျပင္မွာ တရားမဝင္သြားျခင္း၊ ေငြေပးသြားျခင္းဆိုတဲ့ ျပႆနာေတြ မ်ားစြာ ေပၚေပါက္လာတယ္။ ဒီဟာေတြကို ကၽြန္ေတာ္တို႔ေတြ ထိထိေရာက္ေရာက္ ထိပ္တိုက္ေျဖရွင္းသင့္ပါၿပီ။
ေနာက္တစ္ခု ကုန္ပစၥည္းေတြနဲ႔ ပတ္သက္လို႔ ေထာက္ခံခ်က္ေပးရာမွာ ဒီကုန္ပစၥည္းကေတာ့ ေထာက္ခံခ်က္ ေအာင္ျမင္တယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ရင္ ေနာက္လူေတြက ထပ္ေလွ်ာက္ရန္ မလိုအပ္ေတာ့ဘူးလို႔ ကၽြန္ေတာ္တု႔ိက ဒီလိုျမင္တယ္။ ဥပမာ ကၽြဲရိုင္းအခ်ိဳရည္ဟာ ေထာက္ခံခ်က္ ရၿပီးသားဆိုရင္ ေနာက္လူေတြ ဒါကို သြားေလွ်ာက္လည္း ေထာက္ခံခ်က္က ရေနရမယ္။ ဒါက ႏိုင္ငံတကာကလည္း ဒီလိုလုပ္တယ္။ ကၽြန္ေတာ္တို႔ ဆီမွာက ဒီကုန္ပစၥည္းကို လူအေယာက္တစ္ရာက သြားေလွ်ာက္မွ ေထာက္ခံခ်က္ အေစာင္တစ္ရာ ျပန္ထုတ္ေပးတယ္ဆိုတာကေတာ့ တခုခုေတာ့ လုပ္ေဆာင္ရမယ္ထင္တယ္။ ေနာက္တစ္ခုက ကုန္သြယ္မႈမွာ ေျဖေလွ်ာ့ေနတာေတြ ရိွတယ္။

ေျဖေလွ်ာ့ရင္း ေျဖေလွ်ာ့ရင္းနဲ႔ လုပ္ရကိုင္ရ ခက္လာတာေတြရိွတယ္။ ဆိုလိုခ်င္တာကေတာ့ ကုန္သြယ္မႈက တစ္ပိုင္တစ္ႏုိင္ လုပ္ေနသူေတြကို တစ္ဦးတည္းပိုင္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္လက္မွတ္ (ITC)ကတ္လို႔ ေခၚပါတယ္။ အဲလိုေျဖေလွ်ာ့ရာမွာ အခ်ိဳရည္ တင္သြင္းခြင့္ျပဳတယ္လို႔ ပါတယ္။ ဒါေပမဲ့ ကုန္သည္က တင္သြင္းမယ္ဆိုေတာ့ ေထာက္ခံခ်က္ေတာင္းတယ္။ ေထာက္ခံခ်က္ လုပ္မယ္ဆိုေတာ့ ဌာနက ပို႔ကုန္သြင္းကုန္ လုပ္ငန္းရွင္ လက္မွတ္တို႔ ကုမၸဏီလက္မွတ္တို႔ ေတာင္းတယ္။ တကယ္ေတာ့ ITC ကတ္နဲ႔ တင္သြင္းသူမွာ ဒီလက္မွတ္ေတြ မရိွဘူး။ ဆိုလိုခ်င္တာကေတာ့ ဌာနေတြ ဟန္ခ်က္မညီတာကလည္း ကုန္သည္ေတြ တရားဝင္ကုန္သြယ္ဖို႔ ခက္ခဲလာရာကေန တရားမဝင္ ကုန္သြယ္မႈကို တြန္းပို႔ရာေရာက္တယ္။ ဒါေလးေတြကို ထိထိေရာက္ေရာက္ ေျဖရွင္းဖို႔ လိုတယ္။

ေနာက္တစ္ခုက ဌာနေတြကလည္း တုိင္းျပည္အေနနဲ႔ ရႈျမင္ၾကဖို႔လိုတယ္။ သူ႔ဌာန၊ ကိုယ့္ဌာနဆိုတဲ့ ရႈျမင္မႈေတြ မ်ားေနတာထက္ ႏိုင္ငံတစ္ခုလံုးအတြက္ ေတြးဖို႔လိုတယ္လို႔ ကၽြန္ေတာ္ကေတာ့ ေျပာခ်င္ပါတယ္။

TNA: ေနာက္ဆံုး ေမးခြန္းတစ္ခုက မုိင္းလားေဒသကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္ထားတာ ၾကာလာမယ္ဆိုရင္ ေဒသတြင္းကုန္သြယ္မႈအေျခအေန ဘယ္လို ေျပာင္းလာႏုိင္မယ္လို႔ ေမွ်ာ္လင့္မိပါလဲ။

UMA: ဘယ္လိုအေျပာင္းအလဲ ျဖစ္လာမလဲဆိုေတာ့ ကုန္သည္ေတြကေတာ့ လမ္းေၾကာင္းရွာ သြားမွာပဲ။ အခုလည္း သြားေနၾကတာပဲ။ အဲဒီေတာ့ တရားမဝင္ကုန္သြယ္မႈကို တြန္းအားေပးသလို သြားျဖစ္မွာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကုန္သည္  သည္ ငါးရက္ကုန္မသြယ္ရရင္ သူ႔စားဝတ္ေနေရး၊ သူ႔ကုန္က်စရိတ္၊ အလုပ္သမားေတြ၊ ကားငွားရမ္းခေတြ၊ ေငြေၾကးလည္ပတ္မႈအတြက္ ေခ်းငွားထားတာေတြ ရိွမယ္။ ရင္းႏွီးျမွဳပ္ႏွံထားရတာေတြက ေငြေၾကးလည္ပတ္ႏုိင္မွ အဆင္ေျပမွာ။ ေငြေၾကး မလည္ပတ္ႏုိင္ရင္ အဆင္မေျပဘူး။ အဲဒီေတာ့ ႀကိဳက္သေလာက္ပိတ္။ ကုန္သည္ကေတာ့ လမ္းေၾကာင္းရွာမွာပဲ။ ဒါေၾကာင့္ တရားမဝင္ကုန္သြယ္မႈကို ဦးတည္သြားပါလိမ့္မယ္။

TNA: ထပ္ျဖည့္ေျပာခ်င္တာေတြမ်ား ရိွပါေသးလား။

UMA: ကုန္သြယ္ေရးနဲ႔ပတ္သက္လို႔ စီးပြား/ကူးသန္းဌာနတစ္ခုထဲတင္မဟုတ္ဘဲနဲ႔ ကုန္သြယ္မႈနဲ႔ သက္ဆိုင္တဲ့ ဌာနေတြ၊ အမိန္႔ညႊန္ၾကားခ်က္ေတြကို ထိထိေရာက္ေရာက္ ေပါင္းစပ္ညိွႏိႈင္းၿပီးေတာ့ ေအာက္ေျခအထိ ေပါင္းစပ္ညိွႏိႈင္းၿပီး လမ္းညႊန္မႈေတြနဲ႔ ေဆာင္ရြက္မွသာ ကုန္သြယ္မႈတိုးတက္မယ္။ တရားမဝင္ကုန္သြယ္မႈေတြ ပေပ်ာက္မယ္လို႔ ကၽြန္ေတာ္က အႀကံျပဳလိုပါတယ္။

TNA: ေက်းဇူးတင္ပါတယ္။

Ps,
UMA = U Min Aung
TNA = Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ တရုတ်နိုင်ငံနှင့် တစ်ခုတည်းသော ကုန်းတွင်းပိုင်း ကုန်သွယ်မှု လမ်းကြောင်း ဖြစ်သည့် မိုင်းလားအထူးဒေသ(၄)ရှိ ဂိတ်နှစ်ခုအား မိုင်းလားအထူးဒေသ (၄)တွင် ဝင်ရောက် တပ်စွဲထားသည့် “ဝ” တပ်ဖွဲ့များက အောက်တိုဘာလ (၂၃)ရက်နေ့မှစ၍ ဖြတ်သန်းခွင့် ပိတ်ထားရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသတွင်း ကုန်သွယ်မှု အခြေအနေပေါ် သက်ရောက်လာသည့် အခြေအနေအား ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်အား Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )မှမေးမြန်းထားပါသည်။

TNA: မိုင်းလားဒေသဘက်က ကုန်သွယ်ရေးလမ်းကြောင်းပိတ်လိုက်တဲ့အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသတွင်း ကုန်စည်တင်ပို့မှုပမာဏလျော့ကျတဲ့အခြေအနေ ရှိပါသလား။ ဒေသတွင်း ကုန်သွယ်မှုအပေါ်ဘယ်လို သက်ရောက်ပါသလဲ။

UMA: မှန်ပါတယ်။ အထိုက်အလျောက်တော့ လျော့နည်းနိုင်ပါတယ်။ ကျွန်တော်တို့ အရင်က မိုင်းလားကနေ ယိုးဒယားကို တင်ပို့နေတာတွေရှိတယ်။ ယိုးဒယားဘက်ကသစ်သီးတွေကို မိုင်းလားဘက်ကို ပို့စရာတွေရှိတယ်။ သို့သော် အခုနောက်ပိုင်း အတည်ပြုဆဲ သတင်းတွေ ကြားတာကတော့ ယိုးဒယား ဘက်ကနေ မိုင်းလားဘက်ကို ပို့ဆောင်ရမယ့်ဟာတွေ ဥပမာ သစ်သီးလိုဟာမျိုးတွေဆို မဲခေါင်မြစ်ကြောင်း အတိုင်း တိုက်ရိုက်သွားနေတယ်လို့ သိရတယ်။ ဒါကြောင့် ဘာပဲပြောပြော အထိုက်အလျောက်တော့ ကျဆင်းသွားတယ်လို့တော့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုကတော့ ဒီလမ်းက ခွင့်မပြုရင် တခြားလမ်းကြောင်းက ပြောင်းသွားတာတော့ ထုံးစံပါပဲလေ။ ကုန်သည်ကတော့ ကုန်သွယ်မှ ထမင်းစားရမယ်လေ။ ဒီလမ်းကြောင်းပိတ်ရင် ဘယ်လမ်းကြောင်းကနေ သွားမလဲဆိုတာတော့ ရွေးချယ် ပြီးသွားနေတာပဲ။ အဲဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ နိုင်ငံတော်ပိုင်းက တရားဝင် ကုန်သွယ်မှုကတော့ ထိခိုက်နစ်နာတာတွေ အထိုက်အလျောက်တော့ ရှိနိုင်တာပေါ့။ နောက်တစ်ခုက ပိုဆိုးတာက မိုင်းခတ်၊ မိုင်းယန်းဘက်ကနပြေီးတော့ ဟိုဘက်စီဗူးဒေသကနေ သွားနေတယ်လို့တော့ ကျွန်တော်တို့ မြပြေင်သတင်းလေးတွေ ရထားတာတော့ ရှိတယ်။ ဒါကတော့ အတည်ပြုဆဲပေါ့။ သွားချင်လည်း သွားနိုင်တာပေါ့လေ။ ဆိုလိုချင်တာကတော့ ဒီလိုရုတ်ရုတ်ဖြစ်တဲ့အချိန်မှာ တကယ့် တရားဝင်ဆောင်ရွက်လိုတဲ့သူတွေ နစ်နာတယ်ဆိုပေမဲ့ ဒီလိုအခါမျိုးမှာ ပွဲလှန့်တုန်းဖျာခင်းတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်မျိုး ကလည်း ဖြစ်နေကျဆိုတော့ ဖြစ်နိုင်ပါတယ်။ မြပြေင်သတင်းတွေက အခြေအနေအရ မှန်ကောင်း မှန်နိုင်ပါတယ်။

TNA: လက်ရှိပြည်နယ်အစိုးရအနေနဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အတော်လေး အလေးပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလိုလုပ်နေချိန်မှာ အခုလို မိုင်းလားကုန်သွယ်ရေးလမ်းကြောင်း ပိတ်လိုက်တဲ့အခြေအနေ ဖြစ်လာတော့ ပြည်နယ်အစိုးရအနေနဲ့ သူ့ရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ မထိခိုက်ဖို့ အရေးတကြီးလုပ်ဆောင်ရမယ့်အပိုင်းတွေက ဘာတွဖြေစ်မယ်လို့ သုံးသပ်မိပါသလဲ။

UMA: အစိုးရအဖွဲ့အနေနဲ့တော့ မပြောလိုပါဘူး။ ကိုယ်ပိုင်ထင်မြင်ယူဆချက်ရယ်၊ ကုန်သွယ်မှု သဘော သဘာဝအရ ပြောချင်တာကတော့ ဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ လက်နက်ကိုင် ပဋိပက္ခတွေ ကြားထဲမှာ တကယ်ခံစားရတာက စပြီးတင်းမာတဲ့ကာလမှာ ပြည်သူတွေ ပြေးရလွှားရ အိမ်ခြေတွေ ပစ်ထားခဲ့ရတယ်။ ဟိုဘက်နယ်မြေဘက်ကပေါ့။ အဓိက မိုင်းယန်း၊ မိုင်းယောင်းဘက်က ကျိုင်းတုံတို့၊ တာချီလိတ်တို့ တချို့ဆို ထိုင်းဘက်တောင် ထွက်သွားကြရတဲ့ အနေအထားမျိုးတွေ ရှိတယ်လို့ သတင်းတွေ ကြားရပါတယ်။ အဲဒီကျတော့ ဒါသည် ဖြစ်ကို မဖြစ်သင့်ဘူး။ တကယ်တော့ ကျွန်တော်တို့နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့ ရှမ်းပြည်နယ်ကလည်းလုပ်တယ်။ နိုင်ငံတော်အဆင့်အနေနဲ့လည်း လုပ်တယ်။ အဲလို အနေအထားမျိုးမှာ ဒီဘက်က ကုန်သွယ်မှုလမ်းကြောင်း ပိတ်လိုက်တဲ့ အနေအထားကြောင့် နိုင်ငံတော် အတွက်ကတော့ တစ်လဆို တစ်လ၊ (၁၅) ရက်ဆို (၁၅) ရက် အခွန်အခတွေ ဆုံးရှုံးနစ်နာတာပဲ အဖတ်တင်တာဆိုတော့ ဒေသတွင်း လုပ်ငန်းရှင်တွေလည်း နစ်နာတယ်။ အစိုးရလည်း ထိခိုက်နစ်နာပါတယ်။ ဒါပေမဲ့ ဒီဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ ဘာမှ နစ်နာမသွားဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ နောက်ကွယ်က တရုတ်တို့၊ လာအိုတို့၊ ထိုင်းတို့နဲ့ ဒီမဲခေါင်မြစ်ကြောင်းကြီး အတိုင်း ကုန်သွယ်နေတယ်။ ဒီမဲခေါင်မြစ်ကြောင်းကြီးအတိုင်း ကုန်သွယ်မှုကို ကျွန်တော်တို့ နိုင်ငံကလည်း အပြည့်အဝ မဆောင်ရွက်နိုင်ဘူး။ ဒါကို မိုင်းလားဒေသက အဖွဲ့တွေကတော့ ဒိုးယိုပေါက်ကြီးလို ကုန်သွယ်နေတယ်။ ဒီကိစ္စပေါ်ပေါက်လာတာ နိုင်ငံတော်နဲ့ ဒေသခံတွေမှာပဲ ဆုံးရှုံးနစ်နာတယ်ဆိုတာ နံပါတ်(၁)အချက်။ ဒီလိုပဲ မကြာခဏဖြစ်နေရင်တော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် မဖြစ်သင့်တဲ့ အချက်ပဲ။ နောက်နံပါတ်(၂)အချက်က - ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘာဖြစ်လို့ ဒီလက်နက်တွေ ဝယ်နိုင်နေတာလဲဆိုတာ အစိုးရက မှန်မှန်ကန်ကန်သုံးသပ်ဖို့လိုတယ်။ သူတို့ ပိုက်ဆံ ဘယ်ကရနေလဲ။ နိုင်ငံတော်က ဒီအဖွဲ့အစည်းတွေကို ကုမ္ပဏီတွေ၊ သတ္တုတွင်း လုပ်ပိုင်ခွင့်တွေစတဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ တစ်ခုက မဲခေါင်မြစ်ကြောင်းကို ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ဒီတော့ မဲခေါင်မြစ်ကြောင်းကို ဒီအဖွဲ့အစည်းတွေက ကောင်းကောင်း အသုံးပြုနေတယ်။

ကျွန်တော်တို့ဘက်က ဒီစီးပွားရေးနဲ့ လက်နက်ကိုင်တွေကိစ္စကို လက်တွေ့ကျကျ ဝေဖန်သုံးသပ်ပြီး ဆောင်ရွက်မှသာလျှင် ဖြစ်ပါလိမ့်မယ်။

မိုင်းလားဒေသ အခြေအနေဟာ ကျွန်တော်တို့ အခုမှ ကြုံရတာ မဟုတ်ပါဘူး။ အရင်ကိုးကန့်နဲ့ ဖြစ်တဲ့ကိစ္စမှာ ခြောက်လလောက်၊ ခုနှစ်လလောက် အပိတ်ခံရတဲ့ အခါမှာ ကျွန်တော်တို့ ဆန်ဈေးကွက်ကို ထိခိုက်ခဲ့ပါတယ်။ ဒါကလည်း စီးပွားရေး မတိုးတက်ခြင်းဟာ စစ်ရေးနဲ့ ဆက်နွှယ်နေတယ်။ ဒါကြောင့် ဒီလိုရှိနေတာတွေကတော့ တိုင်းပြည်အတွက်ကတော့ သိပ်တော့ မကောင်းဘူးပေါ့။ ကျွန်တော်ကတော့ အစိုးရအဖွဲ့ကို ကုန်သွယ်မှုရှုထောင့်၊ ပြည်သူတွေရဲ့ ရှုထောင့်ကနေ ဒီလိုသုံးသပ် အကြံပြုချင်ပါတယ်။

TNA: လက်ရှိမိုင်းလားဒေသကနေ တရုတ်ဘက်ကို ကုန်သွယ်ဖို့ လမ်းကြောင်းက ပိတ်ထားတော့ ဒေသတွင်းက ကုန်သည်တွကြေုံနေရတဲ့ အခက်အခဲကို သက်ဆိုင်ရာ အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်မယ်လို့ မြင်ပါသလဲ။

UMA: ဒါကတော့ ပြောရခက်တယ်။ ခုနပြောတာကတော့ တိုင်းပြည်လုံခြုံရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်း (အားလုံးပေါ့ အစိုးရရော /တိုင်းရင်းသားအဖွဲ့တွေရော) တွေရော ပြောင်းလဲလာဖို့ဆိုတာတော့ တော်တော်လေး ခက်ခဲပါတယ်။ ကုန်သွယ်ရေးအတွက်ကတော့ ဌာနဆိုင်ရာတွေအပေါ်မှာ မူတည်ပါတယ်။ ကုန်သွယ်မှုလမ်းကြောင်းက ဌာနဆိုင်ရာတွေအနေနဲ့ အဂတိကင်းရှင်းစွာနဲ့ နိုင်ငံအကျိုးမျှော်ကိုးလုပ်ကြတာ ရှိသလို တချို့ကျတော့လည်း တရားဝင်ကုန်သွယ်မှုအပေါ်မှာ ငွေကြေးရလိုမှုနဲ့ လုပ်နကြေတာတွေလည်း ရှိပါတယ်။ ဥပမာ ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံခြုံရေး အကြောင်းပြုပြီး ငွေကြေးတောင်းခံနေတာက ဂိတ်ပေါင်းစုံမှာ။ တရားဝင်ကုန်သွယ်မှုနဲ့ သွားတာတောင်မှ တချို့နေရာတွေမှာ ငွေကြေးတောင်းခံတာ အဓမ္မ လုပ်ဆောင်တာတွေကြောင့် ကုန်သည်တွေနဲ့ မကြာ မကြာ ကတောက်ကဆ သဘော တရားမျိုးလေး တွေတောင် ရှိပါတယ်။ ဒါက ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ လုံခြုံမှုနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေဟာ တော်တော့်ကို အပေါ်မှာ ထိပ်တိုက်ဆွေးနွေးသင့်တဲ့ ကိစ္စတွေ ဖြစ်နေပါတယ်လို့ ရှုမြင်ပါတယ်။

ကုန်သွယ်မှု တရားဝင်လမ်းကြောင်းက ဖွံ့ဖြိုးလာဖို့အတွက်က ကျွန်တော်တို့ နိုင်ငံမှာ ထောက်ခံချက် ဆိုတာတွေက လိုလည်း လိုအပ်တယ်။ လိုအပ်တာထက် ပိုနေတာလည်း ရှိတယ်။ ဥပမာ - အစား အသောက် တင်သွင်းရာမှာ ထောက်ခံချက်လိုတယ်။ ဒီလိုတောင်းရာမှာ ဘယ်လို စားသောက်ကုန်တွေ ဆိုရင်တော့ ထောက်ခံချက်လိုတယ်ဆိုတာ တိတိကျကျ ပြဌာန်းပေးဖို့လိုတယ်။ အဲလိုမဟုတ်တော့ တစ်ဖက်က ဒါက ထောက်ခံချက် မလိုဘူးဆိုပေမဲ့ ကုန်သွယ်ရေးတို့ အကောက်ခွန်တို့ဘက်ရောက်တော့ FDA တောင်းပြန်ရော။ ဥပမာ - FDA ကိုပဲ ပြောချင်တာ မဟုတ်ပါဘူး။ သဘောပြောတာပါ။ ဒီလို ထောက်ခံချက်တွေက လုပ်ရကိုင်ရတာလည်း ခက်ခဲတယ်။ နပြေည်တော်ကနေ ပေးတဲ့ထောက်ခံချက်ကို ကုမ္ပဏီကြီးတွေ မဟုတ်တဲ့ တစ်ပိုင်တစ်နိုင် တင်သွင်းနေသူတွေ၊ ကုမ္ပဏီအငယ်လေးတွေက မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တော့ မြပြေင်မှာ တရားမဝင်သွားခြင်း၊ ငွေပေးသွားခြင်းဆိုတဲ့ ပြဿနာတွေ များစွာ ပေါ်ပေါက်လာတယ်။ ဒီဟာတွေကို ကျွန်တော်တို့တွေ ထိထိရောက်ရောက် ထိပ်တိုက်ဖြေရှင်းသင့်ပါပြီ။
နောက်တစ်ခု ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ထောက်ခံချက်ပေးရာမှာ ဒီကုန်ပစ္စည်းကတော့ ထောက်ခံချက် အောင်မြင်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ရင် နောက်လူတွေက ထပ်လျှောက်ရန် မလိုအပ်တော့ဘူးလို့ ကျွန်တော်တို့က ဒီလိုမြင်တယ်။ ဥပမာ ကျွဲရိုင်းအချိုရည်ဟာ ထောက်ခံချက် ရပြီးသားဆိုရင် နောက်လူတွေ ဒါကို သွားလျှောက်လည်း ထောက်ခံချက်က ရနေရမယ်။ ဒါက နိုင်ငံတကာကလည်း ဒီလိုလုပ်တယ်။ ကျွန်တော်တို့ ဆီမှာက ဒီကုန်ပစ္စည်းကို လူအယောက်တစ်ရာက သွားလျှောက်မှ ထောက်ခံချက် အစောင်တစ်ရာ ပြန်ထုတ်ပေးတယ်ဆိုတာကတော့ တခုခုတော့ လုပ်ဆောင်ရမယ်ထင်တယ်။ နောက်တစ်ခုက ကုန်သွယ်မှုမှာ ဖြေလျှော့နေတာတွေ ရှိတယ်။

ဖြေလျှော့ရင်း ဖြေလျှော့ရင်းနဲ့ လုပ်ရကိုင်ရ ခက်လာတာတွေရှိတယ်။ ဆိုလိုချင်တာကတော့ ကုန်သွယ်မှုက တစ်ပိုင်တစ်နိုင် လုပ်နေသူတွေကို တစ်ဦးတည်းပိုင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ် (ITC)ကတ်လို့ ခေါ်ပါတယ်။ အဲလိုဖြေလျှော့ရာမှာ အချိုရည် တင်သွင်းခွင့်ပြုတယ်လို့ ပါတယ်။ ဒါပေမဲ့ ကုန်သည်က တင်သွင်းမယ်ဆိုတော့ ထောက်ခံချက်တောင်းတယ်။ ထောက်ခံချက် လုပ်မယ်ဆိုတော့ ဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် လက်မှတ်တို့ ကုမ္ပဏီလက်မှတ်တို့ တောင်းတယ်။ တကယ်တော့ ITC ကတ်နဲ့ တင်သွင်းသူမှာ ဒီလက်မှတ်တွေ မရှိဘူး။ ဆိုလိုချင်တာကတော့ ဌာနတွေ ဟန်ချက်မညီတာကလည်း ကုန်သည်တွေ တရားဝင်ကုန်သွယ်ဖို့ ခက်ခဲလာရာကနေ တရားမဝင် ကုန်သွယ်မှုကို တွန်းပို့ရာရောက်တယ်။ ဒါလေးတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုတယ်။

နောက်တစ်ခုက ဌာနတွေကလည်း တိုင်းပြည်အနေနဲ့ ရှုမြင်ကြဖို့လိုတယ်။ သူ့ဌာန၊ ကိုယ့်ဌာနဆိုတဲ့ ရှုမြင်မှုတွေ များနေတာထက် နိုင်ငံတစ်ခုလုံးအတွက် တွေးဖို့လိုတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

TNA: နောက်ဆုံး မေးခွန်းတစ်ခုက မိုင်းလားဒေသကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားတာ ကြာလာမယ်ဆိုရင် ဒေသတွင်းကုန်သွယ်မှုအခြေအနေ ဘယ်လို ပြောင်းလာနိုင်မယ်လို့ မျှော်လင့်မိပါလဲ။

UMA: ဘယ်လိုအပြောင်းအလဲ ဖြစ်လာမလဲဆိုတော့ ကုန်သည်တွေကတော့ လမ်းကြောင်းရှာ သွားမှာပဲ။ အခုလည်း သွားနကြေတာပဲ။ အဲဒီတော့ တရားမဝင်ကုန်သွယ်မှုကို တွန်းအားပေးသလို သွားဖြစ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ ကုန်သည် သည် ငါးရက်ကုန်မသွယ်ရရင် သူ့စားဝတ်နေရေး၊ သူ့ကုန်ကျစရိတ်၊ အလုပ်သမားတွေ၊ ကားငှါးရမ်းခတွေ၊ ငွေကြေးလည်ပတ်မှုအတွက် ချေးငှါးထားတာတွေ ရှိမယ်။ ရင်းနှီးမြှုပ်နှံထားရတာတွေက ငွေကြေးလည်ပတ်နိုင်မှ အဆင်ပြေမှာ။ ငွေကြေး မလည်ပတ်နိုင်ရင် အဆင်မပြေဘူး။ အဲဒီတော့ ကြိုက်သလောက်ပိတ်။ ကုန်သည်ကတော့ လမ်းကြောင်းရှာမှာပဲ။ ဒါကြောင့် တရားမဝင်ကုန်သွယ်မှုကို ဦးတည်သွားပါလိမ့်မယ်။

TNA: ထပ်ဖြည့်ပြောချင်တာတွေများ ရှိပါသေးလား။

UMA: ကုန်သွယ်ရေးနဲ့ပတ်သက်လို့ စီးပွား/ကူးသန်းဌာနတစ်ခုထဲတင်မဟုတ်ဘဲနဲ့ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ အမိန့်ညွှန်ကြားချက်တွေကို ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းပြီးတော့ အောက်ခြေအထိ ပေါင်းစပ်ညှိနှိုင်းပြီး လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်မှသာ ကုန်သွယ်မှုတိုးတက်မယ်။ တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်မယ်လို့ ကျွန်တော်က အကြံပြုလိုပါတယ်။

TNA: ကျေးဇူးတင်ပါတယ်။

Ps,
UMA = U Min Aung
TNA = Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~