ရွမ္းျပည္နယ္တြင္း ရုပ္ျမင္သံၾကားထပ္ဆင့္လႊင့္ရံုႏွင့္ဝန္ထမ္းအိမ္ယာ တင္ဒါစိစစ္ေရြးခ်ယ္

ရွမ္းျပည္နယ္တြင္း ရုပ္ျမင္သံၾကားထပ္ဆင့္လႊင့္ရံုႏွင့္ဝန္ထမ္းအိမ္ယာ တင္ဒါစိစစ္ေရြးခ်ယ္
နိုဝင်ဘာ 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ရုပ္ျမင္သံၾကားထပ္ဆင့္လႊင့္စက္ရံု တည္ေဆာက္ေရးလုပ္ငန္း (၇)ခုႏွင့္ ရုပ္ျမင္သံၾကား၀န္ထမ္းအိမ္ရာ  (၆)လံုးအတြက္ တင္ဒါစိစစ္ေရြးခ်ယ္ျခင္းကို ႏို၀င္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္ ျမန္မာ့ရုပ္ရွင္လုပ္ငန္းႏွင့္ ဗီဒီယိုစိစစ္ႀကီးၾကပ္ေရးရံုးတြင္ စိစစ္ေရြးခ်ယ္သည္။

အဆိုပါလုပ္ငန္းမ်ားကို ပင္ေလာင္း၊ မိုင္းကိုင္၊ ေက်းသီး(၀မ္ဟိုင္းရြာ)၊ မိုးနဲ၊ လင္းေခး၊ မိုင္းတံု ႏွင့္ မိုင္းပါလွ်ဳိးၿမိဳ႕နယ္မ်ားတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး ၿမိဳ႕နယ္အလိုက္ တင္ဒါေလွ်ာက္ထားသည့္ ကုမၸဏီေပါင္း (၈)ခုရွိေၾကာင္း သိရသည္။

တင္ဒါရရွိသည့္ ကုမၸဏီအေနျဖင့္ ႏိုင္ငံေတာ္သို႔ ေပးသြင္းရမည့္ Withholding Tex (၂) ရာခိုင္ႏႈန္း ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္ (၅) ရာခိုင္ႏႈန္းကို အရစ္က်ေငြေပးေခ်မႈထဲမွခုႏွိမ္၍ ျပည္တြင္းအခြန္မ်ားဦးစီးဌာနသို႔ ေပးသြင္းေဆာင္ရြက္ရမည္ျဖစ္ၿပီး ကုမၸဏီမွ လုပ္ငန္းၿပီးစီးမႈရာခိုင္ႏႈန္းအလိုက္ (၄)ႀကိမ္ ေငြေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း (၇)ခုနှင့် ရုပ်မြင်သံကြားဝန်ထမ်းအိမ်ရာ (၆)လုံးအတွက် တင်ဒါစိစစ်ရွေးချယ်ခြင်းကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် ဗီဒီယိုစိစစ်ကြီးကြပ်ရေးရုံးတွင် စိစစ်ရွေးချယ်သည်။

အဆိုပါလုပ်ငန်းများကို ပင်လောင်း၊ မိုင်းကိုင်၊ ကျေးသီး(ဝမ်ဟိုင်းရွာ)၊ မိုးနဲ၊ လင်းခေး၊ မိုင်းတုံ နှင့် မိုင်းပါလျှိုးမြို့နယ်များတွင် တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီပေါင်း (၈)ခုရှိကြောင်း သိရသည်။

တင်ဒါရရှိသည့် ကုမ္ပဏီအနဖြေင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် Withholding Tex (၂) ရာခိုင်နှုန်း နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းကို အရစ်ကျငွေပေးချေမှုထဲမှခုနှိမ်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းဆောင်ရွက်ရမည်ဖြစ်ပြီး ကုမ္ပဏီမှ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းအလိုက် (၄)ကြိမ် ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~