လွိုင်ကော်မြို့ ကုန်းသာကျေးရွာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ကလေးငယ်နှစ်ဦးအပါအဝင် ၆ ဦးသေဆုံး၊ ၁ဝ ဦးဒဏ်ရာရ

လွိုင်ကော်မြို့ ကုန်းသာကျေးရွာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ကလေးငယ်နှစ်ဦးအပါအဝင် ၆ ဦးသေဆုံး၊ ၁ဝ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့ နံနက်(၁၁)နာရီ မိနစ် ၅၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် (၆)ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချခြင်းကြောင့် ၅ နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု Kayan New Generation Youth-KNGY ထံမှ သိရသည်။

"အဲ့ဒီ ဗုံးကြဲခံရလို့ သေဆုံးသွားတဲ့ပြည်သူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ကလေးငယ်၂ ဦးအပါအဝင် အမျိုးသမီး ၄ ဦးဖြစ်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လေယဥ်နှင့် ဗုံးကြဲခဲ့ခြင်းကြောင့် ကုန်းသာကျေးရွာမှ နေအိမ် အလုံး ၂၀ ဝန်းကျင်လည်း ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency