ထိုင်းနိုင်ငံတွင် ယင်ကောင်မဲ သားလောင်းကို ပရိုတိန်းကြွယ်ဝသော တိရစ္ဆာန်အစာအဖြစ် စာရင်းထည့်သွင်း

ထိုင်းနိုင်ငံတွင် ယင်ကောင်မဲ သားလောင်းကို ပရိုတိန်းကြွယ်ဝသော တိရစ္ဆာန်အစာအဖြစ် စာရင်းထည့်သွင်း
By Mr John

ထိုင်းနိုင်ငံတွင် ယင်ကောင်မျိုးနွယ်အုပ်စုဝင် အင်းဆက်တစ်မျိုးဖြစ်သည့် black soldier fly (BSF) ခေါ် ယင်ကောင်မဲ၏ သားလောင်းကို ပရိုတိန်း (အသားဓာတ်) ကြွယ်ဝသော တိရစ္ဆာန်အစာအဖြစ် စာရင်းထည့်သွင်းလိုက်သည်။

 ၂၀၂၄ ခုနှစ် ဧပြီလ (၄) ရက်နေ့က ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန၏ စိုက်ပျိုးရေးထုတ်ကုန် စံချိန်စံညွှန်း ကော်မတီနှင့် ပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် ကော်မတီအနေဖြင့် အသစ် သို့မဟုတ် ပြုပြင်မွမ်းမံထားသော အမျိုးအစား (၆) မျိုးကို စိုက်ပျိုးရေး စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း အတည်ပြုခဲ့သည်ဟု စိုက်ပျိုးရေး ဒုဝန်ကြီး Anucha Nakasai က ပြောသည်။

ထိုအမျိုးအစားများတွင် တိရစ္ဆာန်အစာအတွက် အတည်ပြုလိုက်သည့် BSF ယင်ကောင်မဲ သားလောင်းများ ပါဝင်သည်။ 

ထို့အပြင် ပြုပြင်မွမ်းမံထားသည့် ဒူးရင်းသီးစိုက်ပျိုးနည်းများ၊ ကြက်ဥ သိုလှောင်ခန်းများအတွက် ကောင်းမွန်သော တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်များ good hygiene practices (GHP)၊ သစ်ခွပန်း စိုက်ပျိုးမှုအတွက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များ good agricultural practices (GAP)၊ နှမ်းစိုက်ပျိုးမှုအတွက် GAP နှင့် အစားအသောက် အခြေခံ ပိုးသတ်ဆေးဝါးများ၏ အန္တရာယ်ကို လေ့လာဆန်းစစ်ရန် လမ်းညွှန်ချက်များကိုလည်း အတည်ပြုခဲ့သည်။

ကော်မတီအစည်းအဝေးတွင် အဓိက ဆွေးနွေးသည့် အကြောင်းအရာတစ်ခုမှာ BSF ယင်ကောင်မဲ သားလောင်းများကို တိရစ္ဆာန်အစာအဖြစ် သတ်မှတ်ရန်ဖြစ်ကြောင်း ဒုဝန်ကြီး Anucha ပြောသည်။ 

BSF ယင်ကောင်မဲ သားလောင်းများက မွေးမြူရန် လွယ်ကူပြီး မွေးမြူရေးကုန်ကျစရိတ် သက်သာကြောင်း ကော်မတီက လက်ခံခဲ့သည်ဟု ဆိုသည်။

 

ယင်ကောင်မဲက ဥချပြီးနောက် သားလောင်များမှာ လျင်မြန်စွာ ကြီးထွားလာပြီး အော်ဂဲနစ်ပစ္စည်း အမျိုးမျိုးကို စားသုံးကြကာ ဆွေးမြေ့နိုင်သော အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကိုသာ ထုတ်လုပ်ကြရာ ၎င်းတို့ကို မွေးမြူမှုလုပ်ငန်းစဥ်မှာ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်ကို တွေ့ရသည်။ 

PSF ယင်ကောင်မဲ သားလောင်းများမှာ ပရိုတိန်းကြွယ်ဝပြီး အာဟာရတန်ဖိုးလည်း မြင့်မားကြရာ ငါး၊ ကြက်နှင့် ဝက် မွေးမြူရေးအတွက် ကျွေးရသည့်အစာတွင် အဓိက ပါဝင်ပစ္စည်းတစ်ခုအဖြစ် သင့်တော်ကြောင်း သိရသည်။

Source: The Nation

Photo: MGROnline,