လက်ပံတန်းမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

လက်ပံတန်းမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ပဲခူးတိုင်း လက်ပံတန်းမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် မတ်လ (၁၇)ရက်နေ့က လက်ပံတန်းမြို့နယ်အရှေ့၊ ငှက်ပျောတုန်းရွာနှင့် ကျွန်းတောရွာကြား၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သာယာဝတီဂဠုန်တပ်ဖွဲ့ပူးပေါင်း လက်ပံတန်းရွှေတန်းမြေအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းအချိန်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

မတ်လ(၁၆)ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာမှ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင် 

စီတပ်စစ်ကြောင်းနှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးတပ်ဘက်က ရှေ့ထွက်မိုင်း (၂)လုံး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့သည် ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အကောင်အထည်ဖော်နေပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency