စစ်အုပ်စုပိုင် Inle Garden Hotelမှ တည်းခိုနေသူ ၁၀၀ကျော် အခြားဟိုတယ်များသို့ ပြောင်းသွား

စစ်အုပ်စုပိုင် Inle Garden Hotelမှ တည်းခိုနေသူ ၁၀၀ကျော် အခြားဟိုတယ်များသို့ ပြောင်းသွား
အောက်တိုဘာ 11, 2023 | 2021 Military Coup| ရှမ်းတောင်

အင်းလေးလူထုလှုပ်ရှားမှုကမ်ပိန်းကြောင့် သပိတ်မှောက်ရန်နှိုးဆော်ထားသော ဟိုတယ်စာရင်းတွင်ပါ၀င်နေသည့် Inle Garden Hotel ၌ တည်းခိုနေသူ (၁၀၀)ကျော် ပြောင်းရွှေ့သွားကြောင်း ယင်းဟိုတယ်နှင့် နီးစပ်သူများထံမှ သိရသည်။ 

စစ်ကောင်စီကပြုလုပ်နေသည့် အင်လေးဖောင်တော်ဦးဘုရားပွဲသို့ လာရောက်သည့် ခရီးသွားဧည့်သည်များသည် Boycottစာရင်းတွင် Inle Garden Hotelပါဝင်ကြောင်း သိရှိပြီးနောက် အခြားဟိုတယ်များသို့ ပြောင်းရွှေ့သွားသည်ဟု သိရသည်။ 



 

သပိတ်အင်အားစုများမှ အင်းလေးဒေသတွင် စစ်တပ်အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံသူများ ပိုင်ဆိုင်သော ဟိုတယ်(၁၉)ခု၏ အမည်စာရင်းကို ထုတ်ပြန်ထားပြီး ၎င်းဟိုတယ်များတွင် မတည်းခိုကြခြင်းဖြင့် အင်းလေးလူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ပေးကြရန်လည်း တောင်းဆိုထားသည်။ 

သပိတ်အင်အားစုများ သပိတ်မှောက်ရန် နှိုးဆော်ထားသည့် ဟိုတယ်(၁၉)ခုမှာ Ann Heritage Lodgue၊ Pristine Lotus Resort Inle၊ Royal Luxury Hotel Nyaung Shwe၊ Myanmar Treasure Resort(Inle Lake)၊ Inle Garden Hotel - Inle Lake၊ Golden Island Cottages - Nampan Hotel၊ Golden Island Cottages - Thale U Hotel၊ 81 Hotel Inle၊ Myat Mingalar Hotel – Inle၊ Ananta Inle၊ Paramount Inle Resort၊ Hotel Amazing Nyaung Shwe၊ KMA Inle Hotel၊ Mount Inle Hotel & Resorts၊ Royal Nyaung Shwe Hotel၊ Aureum Palace Hotel and Resort ၊  Amazing Inlay Resort၊  Shwe Inn Tha Floating Resort၊ The Serenity Inle Resortတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် (၃)နှစ်ကြာ ရပ်နားထားရသည့် အင်းလေးဒေသ ဖောင်တော်ဦးဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ရန် အတင်းအကြပ်ဖိအားပေး စီစဉ်နေပြီး စစ်ကောင်စီကျင်းပမည့် နေရာဒေသများသို့ လာရောက်ခြင်း၊ တည်းခိုခြင်း၊ ပါဝင်ခြင်း(လုံးဝ)မပြုလုပ်ကြရန်လည်း တော်လှန်ရေးအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

#TachileikNewsAgency